ဗုဒ္ဓဂယာ (၇ညအိပ် ၈ရက် ခရီးစဉ်)

Day 1 (Nov 13) ***ပွင့်

ဂါယာလေဆိပ်တွင် လာရောက်ကြိုဆိုပြီး ခရီးစဉ်လေးကို စတင်ပါမယ် .. 

ဟော်တယ်မှာ ချက်ကင်ဝင် ခဏနားပြီး ညနေပိုင်းမှာ မဟာဗောဓိ စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော် ပူဇော်ကြပါမယ် .. 

ပြီးနောက်မှာတော့ ဟော်တယ်မှာ ညစာစားပြီး အနားယူပါမယ်

Day 2 (Nov 14) ***ဟော

မနက်ပိုင်းမှာတော့ သုစာတာစေတီနဲ့ ကမာကူရ ဂျပန်ဘုရားကြီးကို သွားရောက်ဖူးမျှော်ပြီး .. မြတ်စွာဘုရား ဓမ္မစကြာတရားဟောကြားရာ .. ဗာရာဏသီရှိ မိဂဒါဝန် သို့သွားရောက် ဖူးမျှော်မှာဖြစ်ပြီးတော့ .. ဗာရာဏသီရှိ ဟော်တယ်မှာပဲ ညဖက် အိပ်စက်အနားယူပါမယ် 

Day 3 (Nov 15)

မနက်ပိုင်းကို င်္ဂဂါမြစ်ဆိပ်ကမ်းနားကို သွားရောက်လည်ပတ်ပြီးတော့ စေတဝန်ကျောင်းတော်ရှိရာ Sravasati (သာဝတ္ထိ) သို့ ဆက်လက်သွားရောက်ပါမယ် .. ညဖက်ကိုတော့ Sravasati ကဟော်တယ်မှာပဲ တည်းခိုပါမယ်

Day 4 (Nov 16) ***ဖွား

Sravasti မှ နီပေါနိုင်ငံ လုမ္မဏီ သို့ ခရီးဆက်ပြီး မြတ်စွာဘုရား ဖွားမြင်တော်မူရာ နေရာရှိစေတီ ဘုရားများကို ဖူးမျှော်ကြပါမယ် .. ညဖက်ကိုလည်း Lumbini မှာပဲ အနားယူကြပါမယ်

Day 5 (Nov 17) ***စံ

Lumbini မှနေ ကုသိနာရုံ(စံ) ကိုသွားရောက် ဖူးမျှော်ကြည်ညိုကြမှာဖြစ်ပြီးတော့ .. ဟော်တယ်မှာအိပ်စက်အနားယူပါမယ် ..

Day 6 (Nov 18)

ဂါယာကို အပြန်လမ်းမှာရှိတဲ့ ဝေသာလီပြည် (Patna) မှာရှိတဲ့ စေတီဘုရားများကို ဝင်ရောက်ဖူးမျှော်ကြပြီးတော့ Patana မှာ တစ်ည အနားယူတည်းခိုပါမယ်

Day 7 (Nov 19)

ဝေသာလီမှ ဗုဒ္ဓတက္ကသိုလ်ရှိရာ Nalanda နှင့် ရာဇဂြိုလ် ပြည်မှ ဗုဒ္ဓဝင် အထင်ကရ နေရာများကို သွားရောက်လေ့လာ ဖူးမျှော်ကြပါမယ် .. ညနေစောင်းမှာတော့ ဂါယာကိုပြန်ရောက်ပြီး ဂါယာမှာ ညအိပ်ရပ်နားပါမယ်

Day 8 (Nov 20)

မနက်ပိုင်းမှာ ဘုရားရှင် ဒုက္ကာစရိယ ကျင့်ရာ Dhungeshriya ဂူသို့ သွားရောက်ပြီး လေဆိပ်သို့ ပြန်လည် ပို့ဆောင်ကာ ခရီးစဉ်လေးကို အဆုံးသတ်မှာဖြစ်ပါတယ် 

ဗုဒ္ဓဂယာ (၇ညအိပ် ၈ရက် ခရီးစဉ်)

ကုန်ကျစာရိတ်ကတော့ (ဧည့်သည် ၅ ယောက်စာအဖွဲ့အတွက်) တစ်ဦးလျှင်

3 stars Hotel package – USD 680

ဘုန်းကြီးကျောင်း package – USD 570

(လူဦးရေ အတိုးအလျော့ပေါ်မူတည်ပြီး စျေးနှုန်းအနည်းငယ် ပြောင်းပါမည်)

===========

ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့ 

  • India visa
  • Nepal visa
  • လေဆိပ်ကြိုပို့
  • Hotel 3 stars (7 Nights)
  • Breakfast, Lunch, Dinner 
  • ခရီးစဉ်တစ်လျှောက် Private Car With AC
  • ဝင်ကြေးများ
  • Guide
  • အဆာပြေ မုန့်နှင့် ရေဗူး

*** လေယဉ်လက်မှတ်ခမပါဝင်ပါ ***

မှတ်ချက်။ ရောက်ရှိသည့်ရက်နှင့် .. ပြန်မည့်ရက်များတွင် လေယဉ်အချိန်ဇယားပေါ်မူတည်ပြီး plan အပြောင်းအလဲရှိနိုင်ပါတယ်ရှင့် .. private tour ဖြစ်တဲ့အတွက်ကြောင့်မို့ .. သွားရောက်မည့် အချိန်နှင့် နေရာများကို ဧည့်သည်တွေ အဆင်ပြေသလို ပြန်လည်ညှိနှိုင်းစီစဉ်ပေးလို့ရပါတယ်ရှင့် ..  

Leave a Reply

Your email address will not be published. Required fields are marked *

Back to top