သူ့ရဲ့အတွေးအခေါ်ကို ပြောင်းလဲစေနိုင်မဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ် .. အပြုအမူလေးတစ်ခုဖြစ်ဖြစ် .. မြင်ခဲ့ တွေ့ခဲ့ ကြားခဲ့မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း လူအသစ်တစ်ယောက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တယ် ကျမ စိတ်ကို ပြောင်းလဲစေခဲ့သော စကားလုံးများ .. * people only regret for things they didn’t do .. * လူတွေက ဘဝမှာ သူတို့လုပ်ခဲ့ဖူးတဲ့အရာတွေထက် မလုပ်ခဲ့မိတဲ့အရာတွေအတွက်ပို နောင်တရကြတယ်။ ငါသာလုပ်ခဲ့မိရင် ဘယ်လို results ရနိုင်မလဲ .. ကောင်းမလား၊ ဆိုးမလား…
ကိုယ့်ကိုကိုယ် သိတယ် .. အရမ်းကြီး စိတ်ကောင်းရှိတဲ့သူတော့မဟုတ်ဘူး .. ဒါပေမဲ့ တခြား စိတ်ကောင်းရှိတဲ့ သူတွေနဲ့ တွေ့တဲ့အခါ .. ကိုယ် အားနာလောက် ရတဲ့အထိ ကိုယ့်အပေါ်ကောင်းပေးကြတာ မြင်တော့ .. တဖြည်းဖြည်းနဲ့ အတုယူတတ်လာတယ် .. ဒီနေ့အထိ ကိုယ်တွေ့ဖူးတဲ့ လူတွေထဲမှာ အတုယူမိတဲ့သူတွေရှိတယ် .. သူတို့ လုပ်သမျှ အရာရာတိုင်းကို အတုယူတာတော့ မဟုတ်ဘူး .. ကိုယ်သဘောကျတဲ့ အရာလေးတွေ .. သူတို့ကိုယ့်ကို ပြောလိုက်လို့ .. လုပ်ပေးလိုက်လို့ ကိုယ့်စိတ်ထဲ…
သတိထားမိတာ အခုနောက်ပိုင်း .. trend ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံ .. ရိုးရိုးလေးနဲ့ အေးချမ်းမှုမျိုးကို လူတွေက အရမ်းစိတ်ဝင်စားကြတယ် .. အားကျကြတယ် .. အဲဒီလိုလေး နေချင် ဖြစ်ချင်ကြတယ်ပေါ့ .. ဒါပေမဲ့ တကယ်တမ်းကျတော့ နေ့စဉ် ပြေးလွှားရုန်းကန်ကြရင်းနဲ့ .. စိတ်ဖိစီးမှုတွေများတဲ့ ဘဝမှာပဲ ကုန်ဆုံးနေကြတာများတယ် .. တချို့ကတွေးမှာပေါ့ .. တစ်နေ့နေ့ရောက်ခဲ့ရင်တော့ အနားယူမယ် .. အေးအေးဆေးဆေး နေမယ်ဆိုပြီး .. တကယ်တမ်းကျတော့လေ .. ၁၀၀ ရာခိုင်နှုန်း အပြည့်…
ဒီအသက်အရွယ်မှာ ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ တစ်ခုနားလည်လိုက်တာ .. ဘယ်အရာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမရှိဘူးဆိုတာပဲ .. တချို့အရာတွေက ငွေကြေးကုန်ကျသွားပေမဲ့ တစ်ခုခုတော့ ပြန်ရလိုက်တယ် .. (နောင်တတို့ ဒုက္ခတို့ပေါ့ ) စတာပါ .. အနည်းဆုံးတော့ ပညာရတယ်.. လုပ်ကြည့်လိုက်ရတဲ့ အတွေ့အကြုံရမယ် .. မိတ်ဆွေကောင်း အဆက်အသွယ်တွေရမယ် .. စီးပွါးရေး တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး .. Relationship ပဲဖြစ်ဖြစ် .. ပညာတစ်ခုခု လေ့လာတာ .. ခရီးသွားတာ .. ဘယ်အရာမှ…
တစ်ခုခု လိုချင် ဝယ်ချင် လုပ်ချင်ရင်လည်း တွက်ချက်ပြီး နှမြောလို့ မဝယ်ဖြစ် မလုပ်ဖြစ်ဘူး .. အခုနောက်ပိုင်းတော့ .. ပိုက်ဆံထက် အရာရာကို ပိုတန်ဖိုးထားတတ်လာတယ် .. *** ပြန်မရနိုင်တော့မဲ့ ငယ်ရွယ်မှုတွေ *** ပျော်ရွှင်စရာမိသားစုခရီးလေးတွေ *** မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂရုစိုက်ကြင်နာမှု *** တစ်သက်စာ အမှတ်ရစရာဖြစ်နေမဲ့ memories လေးတွေနဲ့ *** ဘဝရဲ့အဓိပ္ပါယ်စစ်စစ် အတွေအကြုံသစ်တွေ *** လူသားချင်းစာနာမှု ၊ တိရစ္ဆာန်လေးတွေရဲ့နွေးထွေးမှု စသည်ဖြင့် .. စသည်ဖြင့်ပေါ့ …..
ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ကိုယ့်ဘဝကိုဘယ်လိုဖြတ်သန်းမယ်ဆိုတာ တိတိကျကျသိလိုက်ရတဲ့အချိန်ပဲ .. တစ်ယောက်နဲ့တစ်ယောက် မတူဘူး တချို့ကလည်း စောစောစီးစီး နားလည်သဘောပေါက်သွားတာရှိတယ် .. တချို့ကျတော့ အသက်ကြီးတဲ့ထိ ယောင်ဝါးဝါးပဲ .. အဲဒီ turning point ရောက်သွားတဲ့အခါ အရင်ကနဲ့ လုံးဝမတူအောင် ပြောင်းလဲသွားတတ်တယ် .. ခံယူချက် တစ်ခု ခိုင်ခိုင်မာမာ ရှိနေတဲ့အခါ .. ဆုံးဖြတ်ချက် ချရတဲ့ အချိန်တွေမှာလည်း ပိုပြီး လွယ်ကူတယ် .. အဲဒီနောက်ပိုင်းတော့ ဘဝကြီးက ပိုပြီးအဓိပ္ပါယ် ရှိလာတယ်လို့ ခံစားရမှာပါ …..
ခရီးတွေသွားရင် လေယဉ်လက်မှတ်ဝယ်ဖို့အတွက်က * Agoda * Trip * Booking .com တွေသုံးတာများတယ် တခြား agent website တွေအများကြီးရှိပေမဲ့ သုံးဖူးပေမဲ့ ဒီကောင်တွေက အဆင်အပြေဆုံးမို့ Hotel booking အတွက်လည်းအတူတူပဲ * Agoda * Booking .com * Air bnb သုံးလို့ရတယ် * Trip လည်းရပေမဲ့ သိပ်မသုံးဖြစ်ဘူး ဒါပေမဲ့ အမ်မာကတော့ Agoda က UI ရှင်းပြီးကြည့်ရတာအဆင်ပြေတယ် …..
ခရီးသွားတာ ကြာပြီဆိုတော့ .. ဘယ်ရောက်ရောက် ကိုယ့်အိမ် ကိုယ့်ရာလိုပဲ .. နေရာအသစ်တစ်ခုမှာ အသားကျဖို့ အရမ်းလွယ်တယ် .. တချို့တွေကထင်တာ Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား .. တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ပဲတဲ့ .. ကိုယ့်အတွက်ကတော့ နေရာတွေသာ ပြောင်းသွားတယ် .. အထွေအထူးမရှိဘူး .. အိမ်မှာနေသလိုပဲ .. အိပ်တယ် .. ဗိုက်ဆာရင် မုန့်ထွက်စားတယ် .. အသိတွေ့ရင် စကားပြောတယ် (မသိလည်းပြောတယ်) .. လိုင်းပေါ်မှာ စာတွေရေးတင်တယ် …..
တချို့တွေ travel history လိုချင်လို့ visa stamps တွေရအောင် ခရီးသွားကြတာတော့ မှန်ပါတယ် .. ဒါပေမဲ့ သွားမဲ့သွားတော့ အကျိုးရှိအောင် ရက်လေးနည်းနည်း ကြာကြာနေပြီး လည်ပတ်ကြည့်ပေါ့ .. ပိုက်ဆံအများကြီး မသုံးချင်ဘူးဆိုရင်တောင် ဝင်ကြေးမပေးရတဲ့ public area တွေ .. local market လိုမျိုး .. downtown square .. monument တွေ သွားလို့ရတာပဲလေ .. ကိုယ်နေတဲ့ hotel နားတစ်ဝိုက် လျှောက်သွားကြည့်ရင် နေရာသစ်…
ညီမလေးတစ်ယောက် မန့်မှာလာပြောတော့မှ ကိုယ့်ကိုကိုယ်လည်း ပြန်သတိထားမိတယ် .. ခရီးတွေစသွားကတည်းက 7kg အိတ်ထဲမှာဆံ့တဲ့ အဝတ် ၁၀ စုံလောက်ကလွဲရင် .. ကျန်တာတွေ ဘာမှမရှိဘူး .. အိမ်မှာနေတုန်းကဆို ဖိနပ် ၄၊၅ ရန် .. အိတ် ၄၊၅ လုံးနဲ့ အဝတ်တွေဆိုလည်း ဗီဒိုအပြည့် ဝတ်တာတွေကော မဝတ်တာတွေကော .. လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သိမ်းထားပြီး တစ်ခါမှ ထုတ်မဝတ်ဖြစ်တာတွေကော အများကြီးပဲ .. ပစ်လည်းမပစ်ရက် ဝတ်လားဆိုတော့လည်းမဝတ် သက်သက်ကို အလုပ်ရှုပ်ခံပြီးသိမ်းထားတာ…
