ညီမလေးတစ်ယောက် မန့်မှာလာပြောတော့မှ ကိုယ့်ကိုကိုယ်လည်း ပြန်သတိထားမိတယ် ..
ခရီးတွေစသွားကတည်းက 7kg အိတ်ထဲမှာဆံ့တဲ့ အဝတ် ၁၀ စုံလောက်ကလွဲရင် .. ကျန်တာတွေ ဘာမှမရှိဘူး ..
အိမ်မှာနေတုန်းကဆို ဖိနပ် ၄၊၅ ရန် .. အိတ် ၄၊၅ လုံးနဲ့ အဝတ်တွေဆိုလည်း ဗီဒိုအပြည့် ဝတ်တာတွေကော မဝတ်တာတွေကော ..
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သိမ်းထားပြီး တစ်ခါမှ ထုတ်မဝတ်ဖြစ်တာတွေကော အများကြီးပဲ ..
ပစ်လည်းမပစ်ရက် ဝတ်လားဆိုတော့လည်းမဝတ် သက်သက်ကို အလုပ်ရှုပ်ခံပြီးသိမ်းထားတာ .. တစ်ခါတစ်ခါ အဝတ်ရွေးရတာလည်းမလွယ် ၊ ဗီဒိုပြန်ရှင်းဖို့လည်းမလွယ်နဲ့ တော်တော် ဒုက္ခရောက်ခဲ့တာ ..
(ဒါတောင် လက်ကောက် ဆွဲကြိုး နားကပ် ဖန်စီပစ္စည်းတွေမပြောရသေးဘူး)

အခုဆို အဲဒီလို ဒုက္ခတွေနဲ့ဝေးသွားတာ ၆ နှစ်လောက်ရှိသွားပြီ .. ခရီးသွားရင် တကယ်လိုအပ်တာပဲသယ်သွားတယ် .. မလိုတာတွေ မယူ .. အိမ်မှာထားခဲ့ရင်လည်း ဘယ်တော့ ပြန်လာမယ်ဆိုတာ မသိတော့ အကုန် သူများပေးလိုက်တယ် ..
သွားရင်းလာရင်းနဲ့မှ တကယ်လိုတာရှိပြီဆိုဝယ်လိုက်တယ် .. မဝတ်ချင်တော့တာဆိုပစ်ခဲ့လိုက်ရော .. ဘာသံယောဇဉ်မှလည်းမရှိ အေးချမ်းနေရော ..
သူများတွေပြောကြတဲ့ minimalist ဆိုတာ တမင်လုပ်မယူရဘဲနဲ့ auto ကိုဖြစ်သွားတာ ..
အဓိက အရေးကြီးတဲ့ .. passport, phone, laptop နဲ့ ပိုက်ဆံ တွေလောက်ပဲ သေချာမမေ့ရ မပျောက်ရအောင် သေချာဂရုစိုက်ဖြစ်တယ် ..
နောက်ဆုံး luggage တွေဘာတွေ လွဲခဲ့ ပျောက်ခဲ့ရင်ဆောင် ကိုယ့်အတွက် မက်မောစရာ ဘာမှမပါလို့ .. ဘာမှမဖြစ်ဘူး (အဲဒီတော့မှ အသစ်တွေရမှာဆိုတော့)
အဲဒါပါပဲ နေတတ်ရင် ကျေနပ်စရာ.. ဘဝမှာလည်း မလိုအပ်တာတွေ ထားခဲ့လိုက်ပြီး .. ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းရင် ပိုပြီးလွယ်ကူတယ် ..