လူတစ်ယောက်ကိုပြောင်းလဲစေဖို့က အချိန်တွေအကြာကြီးမလိုအပ်ပါဘူး ..

သူ့ရဲ့အတွေးအခေါ်ကို ပြောင်းလဲစေနိုင်မဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ် .. အပြုအမူလေးတစ်ခုဖြစ်ဖြစ် .. မြင်ခဲ့ တွေ့ခဲ့ ကြားခဲ့မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း လူအသစ်တစ်ယောက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တယ်

ကျမ စိတ်ကို ပြောင်းလဲစေခဲ့သော စကားလုံးများ ..

Hostel

* people only regret for things they didn’t do ..

* လူတွေက ဘဝမှာ သူတို့လုပ်ခဲ့ဖူးတဲ့အရာတွေထက် မလုပ်ခဲ့မိတဲ့အရာတွေအတွက်ပို နောင်တရကြတယ်။ ငါသာလုပ်ခဲ့မိရင် ဘယ်လို results ရနိုင်မလဲ .. ကောင်းမလား၊ ဆိုးမလား မသိနိုင်ဘူး .. အနည်းဆုံး တော့ လုပ်ကြည့်ခဲ့မိပြီး results က မကောင်းခဲ့ရင်လည်း လက်ခံပေးလိုက်လို့ရသေးတယ် .. ဘယ်တတ်နိုင်မလဲ .. ဘဝဆိုတာ တွေ့ကြုံ ရင်ဆိုင်ဖို့ လေ .. ပုန်းရှောင် ထွက်ပြေးဖို့မှမဟုတ်တာ

* listen to your heart while it’s beating

* အသက်ရှင်နေတုန်းမှာပဲ နှလုံးသားရဲ့ ခုန်တဲ့အသံကိုနားဆင်လို့ရမယ် .. နှလုံးခုန်သံရပ်သွားတဲ့အချိန်ကျရင် .. မင်းဘာတွေဖြစ်ချင်တယ် .. ဘာတွေလုပ်ချင်တယ် .. မင်းရဲ့ အိမ်မက်တွေ .. ဝါသနာတွေကဘာတွေလဲဆိုတာ အရေးမကြီးတော့ဘူး .. (ကံမကောင်းတဲ့ သူတချို့ကတော့ ကိုယ့်နှလုံးခုန်သံထက် သူများတွေရဲ့ နှလုံးခုန်သံကို နားထောင်ပေးနေရတယ် ) အဲဒါကြောင့် အခွင့်အရေးများ ရခဲ့မယ်ဆိုရင် .. နှလုံးသားရဲ့ စေညွှန်းချက်အတိုင်း အသက်ရှင်ကြည့်ပါ .. ဒါမှ ဘဝမှာ လူဖြစ်ရကျိုးနပ်မှာ

* The biggest mistake is that people think they have time

* မနက်ဖြန်ကျရင်ဘာလုပ်မယ်ဆိုတာက အစချီပြီး နောက်နှစ်ကျရင်တော့ ဘယ်သွားမယ် .. အိမ်ဝယ်မယ် ကားဝယ်မယ် .. နိုင်ငံခြားမှာ ကျောင်းသွားတက်ကြမယ်လို့ အစီအစဉ်တွေ ကိုယ်စီရှိကြတယ် ..

တကယ်တမ်း အဲဒီအရာတွေ လုပ်နိုင်မဲ့တစ်နေ့က ရောက်မလာမှာလဲ ဖြစ်နိုင်တယ်.. အထူးသဖြင့် ကိုဗစ်ကာလ မှာ လူတွေတော်တော် တရားရကြတယ် .. နေ့မြင် ညပျောက်တွေ .. မိသားစု ခရီးသွားမယ်ဆိုပြီး ဖြစ်မလာနိုင်တော့တာတွေ .. အဲဒီအချိန်တုန်းက လူတွေက မနက်ဖြန်အသက်ရှင်ဖို့ အတွက်နဲ့ မသေခင်မှာ အကောင်းဆုံးနေထိုင်သွားဖို့ပဲ တွေးကြတယ် .. အခုကျတော့ကော အဲဒီလူတွေ ဘာလုပ်နေကြလဲ .. ဒုံရင်း ဒုံရင်းပဲ .. အလုပ်တွေလုပ် ပိုက်ဆံပဲကုန်းရုန်းရှာ ..work life balance မရှိတော့ဘူး .. .. ဖြစ်ချင်တာတွေ နောက်မှလုပ်မယ်ဆိုတဲ့ ဘဝပဲပြန်ရောက်သွားကြတာ .. သူတို့မှာ အချိန်မရှိဘူးဆိုတာ သတိမရတော့ဘူး ..

အဲဒါကြောင့်မို့လေ .. ကိုယ်ချစ်တဲ့သူတွေကို အသက်ရှင်နေတုန်း အခွင့်အရေး ရတုန်းမှာ .. ချစ်တယ်လို့ ပြောပါ .. ဂရုစိုက်ပေးပါ .. အတူရှိနေနိုင်ဖို့ကြိုးစားပါ ..

ကိုယ့်ကိုကိုယ်လည်း ချစ်ပါ .. ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ညစ်ခံ စိတ်ဆင်းရဲခံမနေပါနဲ့ ..

သူများတွေရဲ့ အမြင်နဲ့ အပြောအဆိုကို ဂရုမစိုက်ပါနဲ့ .. ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် ကိုယ် လုပ်ချင်တာ ကိုယ်လုပ်ပါ .. ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပါ .. ကိုယ့်အတွက် ကိုယ် အကောင်းဆုံးရှင်သန်ပါ .. ဘဝကြီးက တိုတိုလေးနဲ့ နေ့ရက်တိုင်းက ရိုးရှင်းပါတယ် ..

* This too, shall pass ..

* အတိတ်ကိုပြန်တွေးကြည့် .. အရင်က အကြီးကြီးထင်ခဲ့တဲ့ပြသနာတွေကော .. မပြေလည်နိုင်လောက်ဘူးထင်ခဲ့တဲ့ ကိစ္စတွေကော .. သေးသေး ကြီးကြီး အရာရာတိုင်းက အချိန်ရင်ပြီးဆုံးသွားကြတာပါပဲ .. ဒီစာကိုဖတ်နေတဲ့အချိန်မှာ မင်းအသက်ဟာ ၂၀၊၃၀၊၅၀ ဘယ်လောက်ပဲဖြစ်နေ ဖြစ်နေ .. ဒီအသက်အရွယ်ထိ အသက်ရှင်နေနိုင်တာ ကောင်းကောင်းကြီးပြင်းခဲ့တာအတွက်ကို ဂုဏ်ပြုပါတယ် .. မင်းတို့ အရင်က ကြုံခဲ့ဖူးတဲ့ အရာရာတိုင်းကလည်း ဒီနေ့မှာ ပြီးဆုံးသွားသလို .. အခုလက်ရှိကြုံနေရတဲ့ အခက်အခဲတွေကလည်း တစ်နေ့မှာ ပြီးဆုံးသွားမှာပါ .. အဓိကက ကောင်းမွန်စွာအသက်ရှင် ကျန်ရစ်ခဲ့ဖို့ပဲ ..

PS : ဒီစကားတွေက Emma စိတ်ကူးထဲအရာတွေ မဟုတ်ပါဘူး .. သူများတွေ ပြောကြတာ မြင်ပြီး Emma ကိုယ်တိုင်လည်း သဘောကျလို့ လက်ခံကျင့်သုံးဖြစ်တဲ့ စကားတွေပါ .. ပြီးတော့လေ Motivational quotes တွေ မဟုတ်သလို အောင်မြင်ရေးလမ်းညွှန်တွေလည်း မဟုတ်ပါဘူး .. ဘဝမှာ စိတ်ဓါတ်ကျ မပျော်ရွှင်ဘူးဖြစ်နေတယ်ဆိုရင် ဘယ်လိုတွေးရမလဲ .. စိတ်ထားတတ်အောင် ပြောပြပေးတဲ့ စကားတွေဖြစ်ပါတယ် .. ဒါလေးတွေဖတ်ပြီးတော့ စိတ်ပင်ပမ်းနေတာတွေ သောကရောက်နေတာတွေ အနည်းအကျဉ်းလောက် ပြေပျောက်သွားရင်ကို Emma sharing လုပ်ပေးရကျိုးနပ်ပါတယ် 😊 .. အားလုံးကို ပျော်စေချင်တယ် .. 🤗

Leave a Reply

Back to top