ခရီးတွေသွားရင် လေယဉ်လက်မှတ်ဝယ်ဖို့အတွက်က
* Agoda
* Trip
* Booking .com တွေသုံးတာများတယ်
တခြား agent website တွေအများကြီးရှိပေမဲ့ သုံးဖူးပေမဲ့ ဒီကောင်တွေက အဆင်အပြေဆုံးမို့

Hotel booking အတွက်လည်းအတူတူပဲ
* Agoda
* Booking .com
* Air bnb သုံးလို့ရတယ်
* Trip လည်းရပေမဲ့ သိပ်မသုံးဖြစ်ဘူး
ဒါပေမဲ့ အမ်မာကတော့ Agoda က UI ရှင်းပြီးကြည့်ရတာအဆင်ပြေတယ် .. customer support လည်းကောင်းလို့ သုံးလာတာ 2017 ကတည်းက ခုထိပဲ .. တစ်ခုခု အမှားအယွင်းဖြစ်ခဲ့ရင် သူတို့ရှင်းပေးမယ် .. refund လည်းပြန်ရတယ်
Taxi app တွေကတော့ နိုင်ငံပေါ်မူတည်ပြီး local app တွေရှိသလို international ကတော့ အားလုံးသိတဲ့
* grab နဲ့
* Uber
Southeast Asia မှာကတော့ grab ကနေရာတိုင်းပဲ .. အိန္ဒိယ Middle East နဲ့ west ဖက်တွေမှာတော့ Uber အသုံးများကြတယ် ..
လိုအပ်နဲ့ information တစ်ခုခုလိုချင်ရင် ပထမ ChatGPT ကိုမေး ဒါပေမဲ့ သူပြောသမျှမယုံနဲ့ .. သူ့ဆီကနေ official website ကိုတောင်းပြီး .. official website ထဲမှာကြည့် အဲဒါပိုသေချာတယ် .. အထူးသဖြင့် visa ကိစ္စဆိုရင် .gov domain နဲ့ country domain .sg .th .vn အဲဒါမျိုးတွေကမှ official တွေ
Google map ကို ပြောင်နောက်ပြီး ပြောကြပေမဲ့ တကယ် အသုံးဝင်တဲ့ App ပါ .. အဲဒါသာမရှိရင် အခုလိုတွေ ခရီးသွားဖို့ လွယ်မယ်မထင်ဘူး .. လမ်းတွေ ၊ အိမ်တွေ ၊ ဆိုင်တွေ အပြင် .. public transportation က ကားနံပါတ်တွေ ကားခတွေ ၊ ရထားဆိုလည်း၊ ရထား အတိအကျပါတယ် .. နောက်ပြီး customer reviews တွေ ကြည့်လို့ရတာလည်း တကယ်ကောင်းတယ် .. ဒါပေမဲ့ fake reviews တွေလည်းရှိတတ်လို့ ခွဲခြားသိဖို့တော့ လိုတာပေါ့ ..
အဲဒါပါပဲ ထွေထွေထူးထူးတော့ သိပ်မရှိဘူး .. အပေါ်မှာ ပြောထားတတဲ့ travel app တွေကနေပဲ .. car rental တွေ .. bus ticket တွေနဲ့ attraction ticket တွေပါ ဝယ်လို့ရသေးတယ် .. စိတ်ချရပါတယ် .. ၁၀ စုနှစ် တစ်ခု နီးပါး သုံးခဲ့ဖူးလို့ ပြောရဲတာ ..
တချို့ကျတော့ customer fault ကြောင့် .. အဆင်မပြေဘူးဆိုပြီး complaint တက်ကျတာတွေမြင်လို့ .. အဲဒါကြောင့် ကိုယ်တိုင်သေချာမလုပ်တတ်ရင် agent တွေဆီက ဝယ်ဖို့ အကြံပေးတာ .. ကိုယ်တိုင်လုပ်ကြည့်တာတော့ အကောင်းဆုံးပဲ .. တစ်ခါလောက် လုပ်ဖူးသွားရင် နောက်ဆို အဆင်ပြေသွားပါ ..
* Cash သယ်သွားချင်ရင် ဖြစ်နိုင်ရင်တော့ USD ပဲသယ်ပါ .. တချို့ currency တွေက နိုင်ငံတကာမှာ လက်မခံဘူး .. လက်ခံရင်လည်း rate ကောင်းကောင်းမပေးဘူး .. အဲဒါတော့ သေချာတယ် ..
* Credit card တွေကျတော့ online payment ရယ် POS ရယ်အတွက်လောက်ပဲသုံးတယ် ATM ကထုတ်ရင် transactions fees ကအရမ်းများတယ် .. ကိုယ်ရောက်တဲ့ နိုင်ငံပေါ်မူတည်သလို .. card ထုတ်ပေးထားတဲ့ bank ပေါ်၊ card အမျိုးအစားပေါ်လည်းမူတည်သေးတယ် .. travel card တွေဆိုရင်တော့ transactions fees မပေးရဘူးပြောကြတယ် .. Emma တော့ မလုပ်ဖူးဘူး ..
အဲဒါပါပဲ .. message box မှာ တစ်ယောက်လာမေးတာနဲ့ အကုန်လုံး သိရအောင် ပို့စ်တင်ပေးလိုက်တာ ..