Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား ..

ခရီးသွားတာ ကြာပြီဆိုတော့ .. ဘယ်ရောက်ရောက် ကိုယ့်အိမ် ကိုယ့်ရာလိုပဲ .. နေရာအသစ်တစ်ခုမှာ အသားကျဖို့ အရမ်းလွယ်တယ် ..

တချို့တွေကထင်တာ Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား .. တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ပဲတဲ့ ..

ကိုယ့်အတွက်ကတော့ နေရာတွေသာ ပြောင်းသွားတယ် .. အထွေအထူးမရှိဘူး .. အိမ်မှာနေသလိုပဲ .. အိပ်တယ် .. ဗိုက်ဆာရင် မုန့်ထွက်စားတယ် .. အသိတွေ့ရင် စကားပြောတယ် (မသိလည်းပြောတယ်) .. လိုင်းပေါ်မှာ စာတွေရေးတင်တယ် ..

Emma ခရီးသွားနေတာ မပင်ပမ်းဘူးလား ..

အလုပ်လုပ်စရာရှိတာလုပ်တယ် .. tour တွေနဲ့ ပတ်သတ်တာ .. visa လျှောက်ပေးတာမျိုးတွေ ..

အားနေရင် ရုပ်ရှင်ကြည့်တယ် ..

စျေးသွား လိုတာဝယ်တယ် .. ရေမိုးချိုးပြီးလို့ ညနေစောင်းလို့ လမ်းလျှောက်ထွက်တယ် .. ဟိုကြည့် ဒီကြည့်လုပ် .. ဓါတ်ပုံလေးတွေရိုက် .. ကော်ဖီသောက် လက်ဖက်ရည်သောက် ..

အဲဒီလိုပဲ တစ်ရက် တစ်ရက် အချိန်ကုန်သွားတာ ..

စိတ်ကူးပေါက်လို့ နောက် တစ်နေရာ ပြောင်းချင်ရင်လည်း ပြောင်းတယ် .. ဘာ plan မှမရှိဘူး .. 😅 .. ပင်ပမ်းတယ်လို့လည်းမထင်ဘူး .. ပင်ပမ်းမဲ့အလုပ်လည်း ဘာတစ်ခုမှမလုပ်ဘူး ..

တစ်ခါတစ်လေ မြန်မာအစားအစာလေးတွေ လွမ်းတာ တစ်ခုလောက်ပဲ ..

ခရီးစစသွားချင်းတုန်းကတော့ အဲလိုမဟုတ်ဘူး .. အိပ်ယာပြောင်းရင် မအိပ်တတ်ရတာနဲ့ .. သရဲကြောက်ရတာနဲ့ .. လူကြောက်ရတာနဲ့ .. အခုတော့ အေးဆေးပဲ .. ခရီးသွားနေတယ်လို့ကို မထင်တော့တာ .. ခရီးနဲ့ ကိုယ်နဲ့က တစ်သားတည်းဖြစ်နေပြီ .. အလေ့အကျင့်ပါပဲ ..

ကိုယ့်အကြောင်းကိုယ်ပြောပြတာနော် .. ခရီးမသွားချင်တဲ့သူတွေကို အတင်းမသွားခိုင်းဘူး .. 😂 ဘာတင်တင် အပြောအဆိုမလွတ်လို့ ..

ကိုယ်တွေကတော့ သွားချင်လို့ကိုသွားတာ .. သွားရတာ ပျော်တယ် .. လေနှင်ရာလွင့်နေရတာ သဘောကျတယ် ..

နေစရာမရှိလို့ လျှောက်သွားနေတာလည်းမဟုတ်ဘူး .. အရင်က Dubai မှာ ၂ နှစ်ဗီဇာ ဝယ်နေဖူးတယ် .. တစ်နေရာတည်းမှာ နေရတာ ပျင်းလာလို့ .. ဒီလိုပဲ ခရီးပတ်သွားနေတာ .. ၆ လတစ်ခေါက်လောက် သွားလိုက် ပြန်လိုက်ပဲ .. Visa ကြေးတွေ အများကြီးပေးပြီး .. နေတာလည်း မဟုတ်တော့ ထပ်မဝယ်တော့ဘူး .. Dubai မှာ နေရတာလည်း မကြိုက်ဘူး 😁 .. ခြေသလုံးအိမ်တိုင်ပဲ သဘောကျတာ ..

Visa နဲ့ပတ်သတ်ပြီး limitations တွေသာမရှိရင် .. ဒီထက်ပိုပြီး နေရာတွေများများ သွားဖြစ်ဦးမှာ .. အခုတော့ .. visa မလိုတဲ့နိုင်ငံ နဲ့ online ကလျှောက်လို့ရတဲ့ နေရာတွေနဲ့ ကျေနပ်နေရတာပဲ 😊..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top