ဘယ်အရာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမရှိဘူး

ဒီအသက်အရွယ်မှာ ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ တစ်ခုနားလည်လိုက်တာ .. ဘယ်အရာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမရှိဘူးဆိုတာပဲ ..

တချို့အရာတွေက ငွေကြေးကုန်ကျသွားပေမဲ့ တစ်ခုခုတော့ ပြန်ရလိုက်တယ် .. (နောင်တတို့ ဒုက္ခတို့ပေါ့ 😝) စတာပါ ..

အနည်းဆုံးတော့ ပညာရတယ်.. လုပ်ကြည့်လိုက်ရတဲ့ အတွေ့အကြုံရမယ် .. မိတ်ဆွေကောင်း အဆက်အသွယ်တွေရမယ် ..

ဘယ်အရာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမရှိဘူး

စီးပွါးရေး တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး ..

Relationship ပဲဖြစ်ဖြစ် .. ပညာတစ်ခုခု လေ့လာတာ .. ခရီးသွားတာ .. ဘယ်အရာမှ အရှုံးမရှိဘူး .. ပြောတာယုံ ..

ဥပမာ စာမေးပွဲ တစ်ခု ဝင်ဖြေလို့ မအောင်ခဲ့ရင်တောင် အရင်းပဲ .. နဂိုကလည်း အောင်ထားတာမှမဟုတ်တာ .. စာမေးပွဲကြေး ဆုံးရှုံးတယ် လို့ပြောဦးမှာမလား .. ဒါပေမဲ့ လေ့လာလိုက်တဲ့ ပညာတွေ ကိုယ့်အတွက်ကျန်တယ် .. give and take သဘော တရားပဲ .. ပေးလိုက်ရတဲ့ ပိုက်ဆံက အလကားမဖြစ်ဘူး ..

ခရီးတွေသွားတာ ပိုက်ဆံကုန်တယ် မှန်တယ် .. အရမ်းကို အဓိပ္ပါယ်ရှိတဲ့ ဘဝ အတွေ့အကြုံတွေရတယ် .. မိတ်ဆွေ အပေါင်းအသင်း အဆက်အသွယ်တွေ ရတယ် ..

စီးပွါးရေးတစ်ခုလုပ်လို့ .. မမြတ်ဘူးဆိုရင်တောင် .. ပညာတွေ ရသွားတယ် သဘောတရား နားလည်သွားတယ် .. တစ်နေရာမဟုတ် တစ်နေရာ အသုံးဝင်တယ် ..

အဲဒီလို အရှုံးမရှိဘူးဆိုတော့ ကောင်းတယ် တစ်ခုခုသာ လုပ်နေ .. မအောင်မြင်ခဲ့လည်း အရင်းပဲ ..

ဘယ်အချိန်ကျမှ ရှုံးသလဲဆိုရင် .. ဘာမှ မလုပ်တော့ တဲ့ အချိန်ကျမှ ရှုံးတာ .. အချိန်တွေကုန်ပြီး တစ်ခုခု မရလိုက်ဘူး ..

အဲဒီလိုနဲ့ အချိန်တန် သေသွားမယ် .. လူဖြစ်ရကျိုးနပ်မသွားဘူး .. အနည်းဆုံးတော့ ရည်းစားထားကြည့်ရင်တောင် လူတွေ အကြောင်းပိုသိလာမယ်မဟုတ်လား ..

အဲဒါမို့လေ တစ်ခုခုလုပ်လိုက်လို့ ဆုံးရှုံးမှာမကြောက်ပါနဲ့ .. ဘာမှမလုပ်လိုက်ရဘဲ သေဆုံးသွားမှာကိုသာ ကြောက်ပါ ..

Leave a Reply

Back to top