အခုနောက်ပိုင်း .. trend ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံ

သတိထားမိတာ အခုနောက်ပိုင်း .. trend ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံ .. ရိုးရိုးလေးနဲ့ အေးချမ်းမှုမျိုးကို လူတွေက အရမ်းစိတ်ဝင်စားကြတယ် .. အားကျကြတယ် .. အဲဒီလိုလေး နေချင် ဖြစ်ချင်ကြတယ်ပေါ့ ..

ဒါပေမဲ့ တကယ်တမ်းကျတော့ နေ့စဉ် ပြေးလွှားရုန်းကန်ကြရင်းနဲ့ .. စိတ်ဖိစီးမှုတွေများတဲ့ ဘဝမှာပဲ ကုန်ဆုံးနေကြတာများတယ် ..

တချို့ကတွေးမှာပေါ့ .. တစ်နေ့နေ့ရောက်ခဲ့ရင်တော့ အနားယူမယ် .. အေးအေးဆေးဆေး နေမယ်ဆိုပြီး ..

တကယ်တမ်းကျတော့လေ .. ၁၀၀ ရာခိုင်နှုန်း အပြည့် အေးချမ်းတဲ့ ဘဝဆိုတာ မရှိပါဘူး .. ဒီလိုပဲ အခက်အခဲတွေရှိလည်း ပျော်အောင်နေကြတာ .. အဓိကက စိတ်ထားတတ်ဖို့ပဲလိုတာပါ ..

ဘယ်အရပ် ဘယ်ဒေသပဲ ရောက်နေ ရောက်နေ .. စိတ်မထားတတ်တဲ့သူက ပူလောင်ရတယ် ..

လောဘတွေ .. ဖြစ်ချင်စိတ်တွေ လိုချင်စိတ်တွေအရမ်းများလွန်းရင် ဘယ်အသက်အရွယ်ပဲရောက်ရောက် မအေးချမ်းနိုင်ဘူး ..

“ဘာမှမလိုချင်တဲ့ သူက အားလုံးကိုရတယ်”တဲ့ .. အရမ်း အဓိပ္ပါယ်ရှိတဲ့စကားလေး ..

တကယ်အေးချမ်းမှုကိုလိုချင်ရင် တစ်နေ့နေ့တွေ ၊လာမဲ့အနာဂတ်တွေကို တွေးမနေနဲ့တော့ .. လက်ရှိအချိန် .. လက်ရှိနေရာလေးမှာပဲ စပြီး စိတ်ထားတတ်အောင် ကြိုးစားနေကြည့် ..

လိုချင်တပ်မက်မှုတွေ ၅၀% လောက်သာ လျှော့ချနိုင်မယ်ဆိုရင်ကို တော်တော်လေး စိတ်အေးချမ်းသွားတာကို ခံစားရလိမ့်မယ် .. (မယုံစမ်းကြည့်)

တချို့ကလိုချင်တာ ကိုယ့်အတွက်မဟုတ်ဘဲ .. ကိုယ့်မိသားစုအတွက် .. ချစ်ရတဲ့သူတွေအတွက်လည်းဖြစ်နိုင်တယ် .. ဥပမာ သားသမီးကိုအရမ်းတော်စေချင်တဲ့ မိဘတွေလိုပေါ့ ..

အဲလိုပြောလို့ .. တော်စေချင်တာ ဘာမှားလို့လဲဆိုတော့ မမှားပါဘူး .. တော်စေချင်ရင် တော်အောင် ထောက်ပံ့ပေးလို့ရတာ ထောက်ပံ့ပေး .. ကူညီ သင်ပြလို့ရတာ သင်ပြပေး .. ကိုယ်လုပ်စရာရှိတဲ့ တာဝန်ကို ကိုယ်လုပ်ပြီးတော့ .. စိတ်ထဲမှာ အရမ်းကြီး ခံစားချက်တွေ မထည့်ထားဖို့ .. စိတ်မနှစ်ထားဖို့ပြောတာ ..

လောကရဲ့နိယာမ အရတော့ .. ကိုယ်လုပ်သလောက်တာ့ ပြန်ရမှာပဲလေ .. အကျိုးနဲ့ အကြောင်းက သူ့ဖာသာသူ ဟန်ချက်ညီညီရှိနေမှာပဲ .. ဘာမှ တွေးပူနေဖို့မလိုဘူး ..

အခုနောက်ပိုင်း .. trend ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံ

ဝင်ငွေရဖို့ အလုပ်တစ်ခုခုလုပ်နေတယ်ဆိုလည်း .. လုပ်နေသရွေ့တော့ သူ့ဟာသူ ငွေဝင်နေမှာပဲ .. ရသင့်တာထက် ပိုလိုချင်ရင်တော့ စိတ်ပင်ပမ်းရလိမ့်မယ် ..

အချစ်ရေးလား .. ချစ်ပေး၊ဂရုစိုက်ပေး၊ကြင်နာပေးလိုက် .. မပျော်လို့ ထွက်သွားရင်လည်း လက်ခံလိုက် .. အရှိအတိုင်း လက်မခံနိုင်တဲ့ ဘဝကလည်း ဆိုးတယ် ..

နောက်ဆုံးအနှစ်ချုပ်ရရင် .. “လိုချင်တပ်မက်မှုမရှိတဲ့ ဘဝက အေးချမ်းတဲ့ဘဝပဲ ..”

သာမန်လူသားတွေအဖို့တော့ လိုချင်မှုကို ရာနှုန်းပြည့်တော့ မချုပ်တည်းနိုင်ဘူး .. ဒါပေမဲ့ နည်းလေ ကောင်းလေပဲပေါ့ .. ၁၀ လျှော့နိုင်ရင် ၁၀ ဖိုးပိုအေးချမ်းမယ် .. ၂၀ လျှော့နိုင်ရင် ၂၀ ဖိုး ပိုအေးချမ်းမယ် ..

အေးချမ်းနေတဲ့ သူများတွေဘဝကိုကြည့်ပြီး အဲလိုလေးတွေ အေးချမ်းချင်လိုက်တာ လို့တွေးရင် .. ကိုယ့်ရဲ့ လိုချင်စိတ်တွေ ကိုယ်လျှော့ချနိုင်လား အရင်မေးကြည့် ..

မှတ်ချက် ။ ။ social media မှာ အေးချမ်းနေတယ်လို့ ထင်ရတဲ့သူတိုင်းကလည်း အပြင်မှာ တကယ်အေးချမ်းနေတာ မဟုတ်ပါဘူးနော် ..

content ပေါက်အောင်လို့သာ လုပ်ပြကြတာ ..

(လူတိုင်းတော့မဆိုလိုပါဘူး)

တကယ့် အေးချမ်းမှုကိုလိုချင်ရင် သူများဆီကမရှာနဲ့ ကိုယ့်ကိုယ်တိုင်မှာပဲရှာပါ .. 😊

(ပုံထဲမှာ ဘာလို့ ဖိနပ်မပါတာလဲတော့ မသိတော့ဘူး .. 😅)

Leave a Reply

Back to top