တစ်ခုခု လိုချင် ဝယ်ချင် လုပ်ချင်ရင်လည်း တွက်ချက်ပြီး နှမြောလို့ မဝယ်ဖြစ် မလုပ်ဖြစ်ဘူး ..
အခုနောက်ပိုင်းတော့ .. ပိုက်ဆံထက် အရာရာကို ပိုတန်ဖိုးထားတတ်လာတယ် ..
*** ပြန်မရနိုင်တော့မဲ့ ငယ်ရွယ်မှုတွေ
*** ပျော်ရွှင်စရာမိသားစုခရီးလေးတွေ
*** မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂရုစိုက်ကြင်နာမှု
*** တစ်သက်စာ အမှတ်ရစရာဖြစ်နေမဲ့ memories လေးတွေနဲ့
*** ဘဝရဲ့အဓိပ္ပါယ်စစ်စစ် အတွေအကြုံသစ်တွေ
*** လူသားချင်းစာနာမှု ၊ တိရစ္ဆာန်လေးတွေရဲ့နွေးထွေးမှု
စသည်ဖြင့် .. စသည်ဖြင့်ပေါ့ ..
ပိုက်ဆံကို မလိုအပ်တဲ့နေရာတွေမှာ ဖြုန်းတာမျိုးမဟုတ်ဘဲ .. စိတ်ပိုင်းဆိုင်ရာ ခံစားမှု .. အလေးအနက်ထားသင့်တဲ့နေရာမှာထားပြီး .. family, friends, any kind of relationships , ကိုယ့်ပတ်ဝန်းကျင်က သုံးသင့်တဲ့နေရာမှာသုံး .. ကျွေးသင့်တာ ကျွေး .. ပေးသင့်တာ ပေးပြီးနေတယ် ..
နောက်ပြီး လက်ခံထားတာ တစ်ခုက လူတစ်ယောက်မှာ ငွေကြေးကံ၊စီးပွါးကံဆိုတာ ရှိတယ် ..
ဘာမှမသုံးစွဲဘဲ စုပဲစုနေလို့လည်း ချမ်းသာချင်မှ ချမ်းသာတာ ..
တချို့တွေ အမြဲသုံးနေ မခြွေတာဘဲနေလည်း ပိုက်ဆံမရှားပါးဘူး ..
အဓိကက သုံးတဲ့နေရာ မှန်ကန်ဖို့တော့လိုတာပေါ့လေ ..
အပေါ်မှာ ပြောခဲ့သလိုမျိုး .. မိသားစုအတွက် .. ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းရာ ကောင်းကျိုးသုံးနေရင်တော့ သေချာတယ် .. အဲဒီသုံးလိုက်တဲ့ ပိုက်ဆံက အလကားကုန်မသွားဘူး ..

တခြား တစ်ဖက်ကနေ ပြန်လှည့်ပြီးဝင်လာတယ် .. အဲဒါကို “ကံ”လို့ခေါ်တယ် .. “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ပေါ့”
အဲလိုပဲ .. သူများပိုက်ဆံတွေ မတရားယူ .. လိမ်ပြီး အပူစာတွေ စားတဲ့သူတွေဆိုရင်လည်း .. ဝင်လာတဲ့ငွေ ကြာကြာမခံဘူး .. တစ်ဖက်ကနေ ပြန်လှည့်ထွက်တာပဲ .. ပိုဆိုးရင် လူကိုပါထိခိုက်တတ်သေးတယ် ..
အဲဒါမို့ ဘာစီးပွါးရေးပဲလုပ်လုပ် .. တစ်ဖက်က ကြည်ကြည်ဖြူဖြူနဲ့ ပေးတဲ့ ပိုက်ဆံဖြစ်ဖို့ အရေးကြီးတယ် ..
“မုန့်”လေးရောင်းရင်တောင် .. စားကောင်းရင် ဝမ်းသာပြီး “ပေးရတာတန်တယ်” ဆိုပြီးပေးတဲ့ ပိုက်ဆံကမှ ကောင်းတယ်..
ပိုက်ဆံယူပြီး block သွားမှ “လိမ်”တာမဟုတ်ဘူးနော် .. တချို့ ပစ္စည်းတွေ .. “မဟုတ်တာပြောရောင်း” နေတာကလည်း “လိမ်”တာပါပဲ ..
“မကောင်းတာကို ကောင်းတယ်”ပြောရောင်းကြတာ .. customer က ဝယ်သုံးကြည့်ပြီး အဆင်မပြေလို့ .. မကြည်ဖြူဘဲ ပေးလိုက်ရတဲ့ ပိုက်ဆံ ဆိုရင်လည်း “အပူစာ”ပါပဲ .. အဲဒါမျိုးတွေက အများကြီး .. ပြောရင် အရမ်းရှည်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲရပ်တော့မယ် ..
(Edit – ဒီနေရာမှာ တစ်ခုထပ်ဖြည့်စွက်ပြောချင်တာက တချို့ တန်ရာတန်ကြေးမပေးဘဲ သူများပစ္စည်း/လုပ်အားအလကားလိုချင်တဲ့ customer တွေတော့မပါဘူးပေါ့နော်)
အနှစ်ချုပ်ပြီး ပြောရရင်တော့ .. “ပိုက်ဆံကို သုံးသင့်တဲ့နေရာမှာ သုံးဖို့မနှမြောပါနဲ့” အဲဒီသုံးလိုက်တဲ့ ပိုက်ဆံက အလကားဖြစ်မသွားဘူး ..
ပညာရေး၊ကျန်းမာရေး၊လူမှုရေး ကောင်းတဲ့နေရာတွေမှာ invest လုပ်သင့်တယ် ..
*** ပြန်မရနိုင်တော့မဲ့ ငယ်ရွယ်မှုတွေ
*** ပျော်ရွှင်စရာမိသားစုခရီးလေးတွေ
*** မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂရုစိုက်ကြင်နာမှု
*** တစ်သက်စာ အမှတ်ရစရာဖြစ်နေမဲ့ memories လေးတွေနဲ့
*** ဘဝရဲ့အဓိပ္ပါယ်စစ်စစ် အတွေအကြုံသစ်တွေ
*** လူသားချင်းစာနာမှု ၊ တိရစ္ဆာန်လေးတွေရဲ့နွေးထွေးမှု
စသည်ဖြင့် .. စသည်ဖြင့်ပေါ့ ..
