ကိုယ့်ကိုကိုယ် သိတယ် ..
အရမ်းကြီး စိတ်ကောင်းရှိတဲ့သူတော့မဟုတ်ဘူး ..
ဒါပေမဲ့ တခြား စိတ်ကောင်းရှိတဲ့ သူတွေနဲ့ တွေ့တဲ့အခါ .. ကိုယ် အားနာလောက် ရတဲ့အထိ
ကိုယ့်အပေါ်ကောင်းပေးကြတာ မြင်တော့ ..
တဖြည်းဖြည်းနဲ့ အတုယူတတ်လာတယ် ..
ဒီနေ့အထိ ကိုယ်တွေ့ဖူးတဲ့ လူတွေထဲမှာ အတုယူမိတဲ့သူတွေရှိတယ် .. သူတို့ လုပ်သမျှ အရာရာတိုင်းကို အတုယူတာတော့ မဟုတ်ဘူး ..
ကိုယ်သဘောကျတဲ့ အရာလေးတွေ .. သူတို့ကိုယ့်ကို ပြောလိုက်လို့ .. လုပ်ပေးလိုက်လို့ ကိုယ့်စိတ်ထဲ ပျော်ရွှင်သွားတယ် .. ဒါမှမဟုတ်လည်း နွေးထွေးသွားတယ်လို့ ခံစားရရင် .. အဲဒီလို အပြုအမူလေးတွေကို အတုယူမိတယ် ..
ကိုယ်တောင် ဒီလို သဘောကျတာ .. သူများတွေဆိုရင်လည်း ဘယ်လောက်တောင် သဘောကျမလဲပေါ့ .. အဲလိုလေးတွေးမိလို့ ..
တစ်ခါတစ်လေ ခရီးသွားရင်းနဲ့ လမ်းမှာ ကိုယ်နဲ့ လုံးဝမသိတဲ့ တစိမ်းသက်သက် လူတစ်ယောက်ကတောင် .. အကူအညီပေးတာ .. ဖော်ရွေတာ .. ဂရုစိုက်ပေးတာ ခံရဖူးတော့ .. ကိုယ်ကလည်း သူများတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်ဆိုတာ သိလာတယ် ..

လူတစ်ယောက်ရဲ့ အပြုအမူ အပြောအဆို စိတ်သဘောထားက သူဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်ဆိုတာ အမှန်ပါ ..
ချစ်တတ်တဲ့ ၊ တစ်ဦးပေါ် တစ်ဦး ဦးစားပေးတတ်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့တဲ့ကလေးက ချစ်တတ်တယ် ၊ သူများတွေကို ဦးစားပေးတတ်တယ် ..
ကလေးအရွယ်မှာမှ မဟုတ်ဘူး .. လူဆိုတာ မသေမချင်း learning လုပ်နေတာ .. ကိုယ်တွေ့ခဲ့ မြင်ခဲ့ရတာ ကိုအတုယူတယ် .. ဒါပေမဲ့ အရွယ်ရောက်ပြီးသား လူကြီးတွေ အတွက်ကတော့ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတဲ့အတွက် .. ဘာကို အတုယူသင့်တယ် .. မယူသင့်ဘူးလဲ သိကြပါတယ် ..
ဘွဲ့ရပြီးခါစ အလုပ်အတွေ့အကြုံ လုံးဝမရှိသေးခင်မှာ .. programmer တစ်ယောက်ဖြစ်ဖို့ လုံးဝ ယုံကြည်ချက် မရှိခဲ့ဘူး .. အဲဒီအချိန်မှာ သူငယ်ချင်း ဆီဖုန်းဆက် မေးကြည့်တယ် .. သူက MIT မှာ OJT ဆင်းနေပြီ .. သူပြောတဲ့ စကား တစ်ခွန်းကြောင့်ပဲ programming လိုင်းပေါ် ရောက်ခဲ့တာလို့ပြောလို့ရတယ် ..
“နင်လုပ်မယ်ဆို လုပ်နိုင်တာပေါ့ .. ငါလည်းအစကဘာမှသိတာမဟုတ်ဘူး.. ဒီလိုပဲလုပ်ရင်းရသွားတာ .. နင်ဘာလို့ လုပ်လို့မရရမှာလဲ” တဲ့ ..
အဲဒီ စကားတစ်ခွန်းကြားပြီး အားတွေရှိသွားတာ .. ဘာတစ်ခုမှမသိတာတောင် .. ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုက အပြည့်ရှိသွားတာ ..
အဲဒီနောက်ပိုင်း တခြားလူတွေဆို အားပေးတတ်လာတယ် .. လုပ်ကြည့် ကောင်းတယ် ကြိုးစား .. ကိုယ် ကူညီလို့ရတာဆို ကူညီပေးလိုက်တယ် .. မရတာဆို စိတ်ဓါတ်ခွန်အားပေးလိုက်တယ် ..
နောက်တစ်ခါ သိတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ .. တွေ့တိုင်း နေကောင်းလား၊ အဆင်ပြေလားမေးတတ်တယ် .. နှုတ်ဆက်ယုံ သက်သက် စကားအဖြစ်မေးတာ မဟုတ်ဘဲ .. တကယ် စိတ်ထဲက ဂရုတစိုက်နဲ့ မေးတာကို ခံစားမိတာ ..
ကိုယ်တင်မက ဘူး ကိုယ့်မိသားစု .. အမေ့ကျန်းမာရေး ဘယ်လိုရှိလဲ တွေ့တိုင်းမေးတော့ စိတ်ထဲနွေးထွေးမှုကိုခံစားရတယ် .. နောက်တော့ ကိုယ်လည်း တခြား သူငယ်ချင်းတွေကို အဲဒီလို ဂရုတစိုက် မေးတတ်လာတယ် .. ![]()
ဒါဥပမာ အနေနဲ့ပဲ ပြောပြတာ .. တခြား ကိုယ်အတုယူ ခဲ့ရတဲ့ သူတွေ အများကြီး ..
ဆိုင်တစ်ဆိုင် ဝင်သွားလို့ မင်္ဂလာပါလို့ နှုတ်ဆက်တဲ့ ဝန်ထမ်းလေးကို အရေးတယူနဲ့ မင်္ဂလာပါလို့ ပြန်နှုတ်ဆက်တဲ့သူတွေ
တစ်ယောက်ယောက်က ကိစ္စသေးသေးလေးပဲဖြစ်ဖြစ် ကူညီပေးလိုက်တာနဲ့ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်စကားပြောတတ်တဲ့သူတွေ
မသိတဲ့ သူနဲ့ ရိုးရိုးသားသား ရုတ်တရက် မျက်လုံးချင်းဆုံမိရင် ချက်ချင်းကြီး မျက်နှာမလွှဲပစ်ဘဲ .. ပြုံးပြ နှုတ်ဆက်ပြီးမှ မျက်နှာလွှဲတတ်တဲ့အကျင့်မျိုးလေးတွေ ..
ဆိုင်တွေမှာ စျေးဝယ်လို့ မလိုအပ်ရင် ပလပ်စတစ်အိတ် မယူတော့တာ ..
အဝတ်အစား အသုံးအဆောင်တွေ အများကြီးမဝယ်တော့ဘဲ .. အဓိက သာမည ခွဲခြားတတ်သွားတာ ..
ဘယ်လောက် ခက်ခဲ ခက်ခဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းတတ်တဲ့ သူငယ်ချင်းတွေ
ပြသနာတွေကို ခေါင်းထဲမမှတ်ထားတတ်ဘဲ မေ့လွယ် ပျောက်လွယ် ဖြစ်တဲ့သူတွေ
တကယ်ကို အစုံပဲ .. သူတို့တွေ အားလုံးက perfect ဖြစ်နေတာတော့ မဟုတ်ဘူး .. တခြား မကောင်းတဲ့ အကျင့်တွေလည်း ရှိကောင်းရှိနိုင်ပေမဲ့ .. ကိုယ်ကတော့ ကောင်းတာလေးတွေပဲ အတုယူလိုက်တယ် ..
လူတွေအများကြီးနဲ့ တွေ့ကြည့် သိကြည့် .. ခင်မင်ကြည့်တာ မမှားပါဘူး ..
ကောင်းတာတွေ ကြုံရင်လည်း အတုယူရ ..
မကောင်းတာတွေ ကြုံတော့လည်း ပညာရတာပေါ့ .. ![]()
