တချို့တွေ travel history လိုချင်လို့ visa stamps တွေရအောင် ခရီးသွားကြတာတော့ မှန်ပါတယ် ..
ဒါပေမဲ့ သွားမဲ့သွားတော့ အကျိုးရှိအောင် ရက်လေးနည်းနည်း ကြာကြာနေပြီး လည်ပတ်ကြည့်ပေါ့ ..
ပိုက်ဆံအများကြီး မသုံးချင်ဘူးဆိုရင်တောင် ဝင်ကြေးမပေးရတဲ့ public area တွေ .. local market လိုမျိုး .. downtown square .. monument တွေ သွားလို့ရတာပဲလေ ..
ကိုယ်နေတဲ့ hotel နားတစ်ဝိုက် လျှောက်သွားကြည့်ရင် နေရာသစ် တစ်ခုဆိုတာ အသစ်အဆန်းတွေအများကြီး ..
စိတ်ဝင်စားစရာ .. ဘာသာစကား .. အစားအသောက် .. ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှုတွေ လေ့လာစရာမှ အများကြီး ..
“ငါကတော့ ဒီနေရာတွေ သွားခဲ့ဖူးတယ်” လို့ပြောပြီးရင် အဲဒီနေရာက ဘာတွေထူးခြားလဲ .. ဒေသခံလူတွေရဲ့ စရိုက်ကတော့ ဘယ်လိုနော် ..
သွားခဲ့တုန်းက အတွေ့အကြုံလေးတွေ .. အနည်းဆုံးတော့ ပြောပြစရာ “stories” လေးတွေရှိတော့မှ တန်တယ်လေနော် ..
တစ်နေရာ ၁ ရက်ခွဲလောက်နေပြီး ဓါတ်ပုံလေးရိုက် ပြန်လာရရင်တော့ .. အချိန်ကုန် .. ပိုက်ဆံကုန် .. လူပင်ပမ်းတာပဲ ရှိမှာ ..
နောက်ပြီး တခြားနိုင်ငံကြီးအတွက် visa process ကျရင်လည်း .. officer တွေက သိတယ်လေနော် .. တကယ်လည်တာမျိုးမဟုတ်ဘဲ .. stamp ပဲယူခဲ့တယ်ဆိုတာ .. အဝင် အထွက် တုံးကြည့်လိုက်ရင်ရပါတယ် ..
ခုနောက်ပိုင်းဆို တုံးတောင် ကြည့်စရာမလိုတော့ဘူးနော် .. scan ဖတ်ကြည့်လိုက်တာနဲ့ ဘယ်မှာ ဘယ်နှရက် နေခဲ့လဲဆိုတာ info တွေအကုန်သူတို့ဆီမှာ ကြည့်လို့ရတယ် .. (ဒါကတော့ မသိသေးတဲ့သူတွေ သိအောင် ပြောပြတာပါ .. တချို့တွေ လာမေးဖူးလို့ ) ..
နိုင်ငံကြီးတွေ အလည် ဗီဇာလျှောက်ချင်လို့ travel history ယူချင်တယ်ဆို .. တကယ် အလည်သွားထားတာဆိုတဲ့ ပုံစံမျိုးဖြစ်အောင် .. ၄၊၅ ရက် လောက်တော့ အနည်းဆုံး နေတာ
ပိုအဆင်ပြေပါတယ် ..