ဘာ language နဲ့ပဲပြောပြော ဘာသာလိုက်ပြန်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် .. ခရီးတူတူသွားတော့ မှ သူ့အကြောင်းသိတာ .. တစ်ယောက်ယောက်က English လိုပြောရင် ကိုယ့်ကို မြန်မာလို ပြန်ရှင်းပြတယ် .. ထိုင်းလိုပြောရင်လည်း သူ့ကိုယ့်ကို ဘာသာပြန်ပေးတယ် တရုတ်လို လာပြောရင်လည်း သူထင်တာ သူဘာသာပြန်လိုက်တာပဲ .. နောက်ဆုံး ကုန်ကုန်ပြောရရင် .. ဘာသာစကား မပေါက်လို့ ခြေဟန်လက်ဟန်နဲ့ သူများက လုပ်ပြရင်တောင် .. အဲဒီသူ ဘာပြောနေလဲဆိုတာ သူ့ကကိုယ့်ကို ပြန်ပြောပြသေးတာ .. အဲဒီဘာသာစကားတွေ…
“မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့အိမ်ကမလွှတ်လို့” ဆိုတဲ့ညီမလေးတွေ အတွက် .. အမ တုန်းကလည်း အိမ်ကလွှတ်လို့သွားတဲ့ ခရီးဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး .. ငယ်ငယ်လေးတုန်းက အိမ်ရှေ့မှာပဲဆော့ ဆိုရင် ၂ လမ်းကျော်ကိုရောက်သွားပြီ .. နည်းနည်းကြီးလာတော့ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲပတ်တာ အိမ်က အဝေးကြီးမသွားနဲ့ဆိုတာကို .. တခြား မြို့နယ်တွေပါရောက်တယ် အထက်တန်းအရွယ်လောက်လည်း ရောက်ကော .. bus ကားလေး စီးတတ်ပြီဆိုတော့ ရန်ကုန် တစ်မြို့လုံးနှံ့ကော .. ကိုယ်တင်မကဘူး တခြား ကလေးတွေကိုပါ သူတို့အိမ်တွေက မသိအောင် ခေါ်သွားသေးတာ…
“တစ်ဘဝလုံးစာ တစ်ယောက်တည်းချစ်တယ်” ဆိုတဲ့ဟာကိုတော့ အယုံကြည်မရှိဘူး .. လူတိုင်းရဲ့ ဘဝမှာ တစ်ယောက်ထပ်မကတော့ ချစ်ဖူးခဲ့တာချည်းပဲ .. ဒါပေမဲ့ ချစ်တဲ့ lvl အနေအထားခြင်းတော့ မတူနိုင်ဘူးပေါ့လေ .. တစ်ချို့ကျတော့လည်း ချစ်သူရည်စားအဆင့်ထိ ရောက်တာရှိသလို .. တချို့တွေကျတော့ ကျိတ်ချစ် crush နေတဲ့ အနေအထားမှာတင် ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွေလည်း ရှိတာပေါ့ .. အိမ်ထောင်ဖက် လက်တွဲဖော်ကျတော့ .. “အချစ်”ဆိုတာထက် .. နှစ်ဦးနှစ်ဖက် အတူနေဖို့ အဆင်ပြေလို့ ရွေးချယ်ကြတာများတယ် .. ဒါပေမဲ့…
Google map က ဆေးထိုးတာ ခဏခဏကြုံဖူးပေမဲ့ … Egypt မှာတုန်းကတော့ အဆိုးဆုံးပဲ … ပိရမစ်တွေအများကြီးရှိပေမဲ့ .. Giza pyramid garden ထဲက ပိရမစ်တွေလောက်ပဲ အပြင်လူပေးဝင်တာ .. ကျန်တာတွေက ဝင်ခွင့်မရှိဘူး .. ကန့်သတ်ထားတယ် .. (ဇာတ်လမ်းတွေထဲကလို ရတနာသိုက်ရှိလို့လားတော့မသိ ) အဲဒါကို ကိုယ်ကလည်း စပ်စပ်စုစု မြေပုံမှာရှာပြီး လူမသွားတဲ့နေရာတွေလျှောက်သွားတာ .. ဖုန်းကြည့်ပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ ကန့်သတ်နယ်မြေထဲဝင်သွားတာ .. စစ်တပ် အစောင့်ချထားတာ…
* သူများအကြောင်းတွေ စိတ်မဝင်စားဘူး * ကိုယ်လုပ်စရာရှိတာလုပ်တယ် အများကြီး မျှော်လင့်ချက်မထားဘူး * ဖြစ်လာသမျှ အရာတိုင်းကို အကောင်းဖက်ကဘဲတွေးပြီး ကျေနပ်လက်ခံတတ်တယ် * ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တယ် overthinking မဖြစ်ဘူး * တခြားလူတွေအထင်ကြီးအောင် လို့လည်း လိုက်မနေပြဘူး * ဘေးလူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုကိုလည်း ဝမ်းနည်းခံစားမနေဘူး ၊ မတုံ့ပြန်ဘူး * ကိုယ့်ဘဝရဲ့ ဖြစ်တည်မှု အရှိကိုအရှိအတိုင်းပဲလက်ခံထားတယ် .. insecurity တွေမရှိဘူး .. * သူတို့ဖက်က တစ်ခုခုပေးလိုက်ရလို့ .. အကျိုးအမြတ်ပြန်ရပါစေတော့…
အခွင့်အရေးရှိတုန်း လုပ်ချင်တာတွေလုပ် .. ဖြစ်ချင်တာတွေလုပ်ဖို့ အခုနောက်ပိုင်း တွေ့သမျှလူကို တိုက်တွန်းဖြစ်တယ် .. တချို့အရာတွေက ပိုက်ဆံရှိတိုင်း လုပ်လို့ရတာ မဟုတ်ဘူး .. ငယ်ရွယ်မှု တို့ .. ကျန်းမာရေးတို့ .. အခွင့်အရေးတို့က လိုသေးတယ် .. ကိုဗစ်ကာလမှာ ပိုက်ဆံရှိတိုင်း .. ဆေးကုလို့မရတာ .. ခရီးတွေသွားလို့မရတာ .. ချစ်တဲ့သူနဲ့တွေ့ဖို့ အခွင့်အရေး မရတာတွေ ကြုံခဲ့ပြီးပြီ .. အဲဒါ အထင်အရှားဆုံး ဥပမာ တစ်ခု .. အဲလိုမှမဟုတ်လည်း လူတိုင်းရဲ့…
ဒီရက်ပိုင်း တချို့ UAE နဲ့ တခြား Middle East ဖက်ကလူတွေ .. လာမေးကြတာရှိတယ် .. တခြားနိုင်ငံတစ်ခုမှာ ခဏနေရင်း အလုပ်ပြန်ရှာမယ် .. ဘယ်မှာ နေတာအဆင်ပြေမလဲပေါ့ .. တချို့ကလည်း India မှာခဏသွားကြတယ် .. တချို့ကလည်း Vietnam ပေါ့ .. အဲဒီနိုင်ငံ ၂ ခုကပဲ visa အလွယ်ဆုံးနဲ့ နေထိုင်ခွင့် အကြာဆုံးပေးထားတာ .. Visit အတွက်ကိုနော် .. ကိုယ်က ရှေ့ဘာဆက်လုပ်ရမလဲ plan…
ဒီနေ့ခေတ်မှာ ပျော်စရာတွေရှားလာတယ် .. အထူးသဖြင့် မြန်မာလူငယ်တွေအတွက်ပေါ့ .. ပျော်နေတယ်လို့ ထင်ရတဲ့သူတွေကိုလည်း သေချာကြည့်ရင် .. သူတို့လည်း ရှာကြံပျော်နေရတာ .. ထိုင်စိတ်ညစ်နေလို့လည်း ဘာမှမထူးဘူးလေ .. အဲဒါကြောင့် ပျော်စရာဆိုတာ ဘယ်လိုပုံစံနဲ့ပဲလာလာ .. ဘယ်လောက်အတိုင်းအတာလေးပဲဖြစ်ဖြစ် .. အဲဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အပြည့်အဝပျော်လိုက်ပါ .. ခဏလေးပဲ ပျော်ရမှာမို့ ငါကတော့ မပျော်တော့ဘူးဆိုရင် ဘယ်တော့မှ ပျော်ရွှင်ရမှာမဟုတ်ဘူး .. ပျော်စရာဆိုတာ ပန်းတွေနဲ့တူတယ် .. တချိန်ကြွေမယ်ဆိုတာ သိသိကြီးနဲ့ အစွမ်းကုန် လှလှကြီးပွင့်လန်းလိုက်တာ…
* ပထမဆုံး အချက်ကတော့ ရာသီဥတုကို ကြိုတင်လေ့လာသွားသင့်ပါတယ် .. အရမ်းဆိုးရွားတဲ့ အခြေအနေမျိုးဆိုရင်တော့ လမ်းတွေပိတ်တာမျိုး အပြင်ဖက် ထွက်လို့မရတာမျိုးဖြစ်တတ်ပါတယ် * အဝတ်အစား ပြင်ဆင်သွားမယ်ဆိုရင်တော့ အတွင်းမှာ အနွေးဓါတ်ရစေနိုင်မဲ့ သိုးမွှေး၊ဆွယ်တာ လိုမျိုး ဝတ်နိုင်ပြီး အပြင်ဖက် အနွေးထည်ကိုတော့ .. ရေစိုခံနိုင်ပြီး လေမတိုးမဲ့ အသားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် * ဖိနပ်ရွေးချယ်တဲ့ နေရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ .. သာမန် အားကစားဖိနပ်တွေဟာ လေဝင်လေထွက် ကောင်းအောင် ထုတ်လုပ်ထားတာ ဖြစ်လို့ .. အေးပြီး စိုစွတ်တဲ့…
မေပယ်ရွက် အကြွေလေးကို စစမြင်ခါစက အရမ်းပျော်သွားတာ.. ဒါလေးတွေ ကိုရီးယားကားထဲမှာ တွေ့ဖူးတာလေ .. အပြင်မှာလည်း အရမ်းလှတာပဲ .. လမ်းလျှောက်ရင်း ခြေထောက်နား လွင့်လာတဲ့ သစ်ရွက်လေးကို ကောက်ယူမိတော့ .. ဘာလုပ်ဖို့သစ်ရွက် ခြောက်တွေ လျှောက်ကောက်နေတာလဲ အမှိုက်ပွတယ်တဲ့ .. ခုဏတုန်းက ပျော်နေတာလေးတောင် ဘယ်ရောက်သွားလဲမသိဘူး .. ထပ်ပြီး လမ်းမှာတွေ့တဲ့ ချစ်စရာ ခွေးလေးတွေ ကြောင်လေးတွေဆိုရင်လည်း .. ညစ်ပတ်တယ် အန္တရာယ် များတယ်ဆိုပြီး သူက အလကားနေရင်း မုန်းနေသေးတာ .. ခပ်လှမ်းလှမ်းက…
