ဘာသာပြန် သူငယ်ချင်း

ဘာ language နဲ့ပဲပြောပြော ဘာသာလိုက်ပြန်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ..

ခရီးတူတူသွားတော့ မှ သူ့အကြောင်းသိတာ ..

တစ်ယောက်ယောက်က English လိုပြောရင် ကိုယ့်ကို မြန်မာလို ပြန်ရှင်းပြတယ် ..

ထိုင်းလိုပြောရင်လည်း သူ့ကိုယ့်ကို ဘာသာပြန်ပေးတယ်

တရုတ်လို လာပြောရင်လည်း သူထင်တာ သူဘာသာပြန်လိုက်တာပဲ ..

နောက်ဆုံး ကုန်ကုန်ပြောရရင် .. ဘာသာစကား မပေါက်လို့ ခြေဟန်လက်ဟန်နဲ့ သူများက လုပ်ပြရင်တောင် .. အဲဒီသူ ဘာပြောနေလဲဆိုတာ သူ့ကကိုယ့်ကို ပြန်ပြောပြသေးတာ ..

အဲဒီဘာသာစကားတွေ သူအကုန် ပြောတတ်လို့လားဆိုတော့ မဟုတ်ဘူးနော် .. သူထင်တဲ့ဟာကို သူလျှောက်ပြောတာ .. ဘယ်လို ဘာသာစကားနဲ့ပဲ သူ့ကိုပြောပြော .. သေချာနားထောင်ပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ အင်း ၊ အင်း ဆိုပြီး လုပ်သေးတာ ..

တစ်ခါလည်း လာအိုမှာ “တရုတ်” တစ်ယောက်နဲ့ စကားတွေပြောနေတာ ဟိုက English လိုလုံးဝမရဘူး .. သူကလည်း တရုတ်လိုမတတ်ဘူး .. ဒါပေမဲ့ ၂ ယောက်သား အတိုင်အဖောက် ညီညီနဲ့ ထိုင်ပြောနေကြတာ .. Google Translate တောင်မလိုဘူးရယ် ..

ကိုယ့်မှာ သူ့ကိုကြည့်ပြီးအံ့တွေဩလို့ .. 😂

Leave a Reply

Back to top