ရေခဲတောင် ရှိတဲ့နေရာ (သို့) နှင်းတွေကျတဲ့ နေရာမျိုးကို သွားရင် ဘာတွေ သတိထားရမလဲ ?

* ပထမဆုံး အချက်ကတော့ ရာသီဥတုကို ကြိုတင်လေ့လာသွားသင့်ပါတယ် .. အရမ်းဆိုးရွားတဲ့ အခြေအနေမျိုးဆိုရင်တော့ လမ်းတွေပိတ်တာမျိုး အပြင်ဖက် ထွက်လို့မရတာမျိုးဖြစ်တတ်ပါတယ်

* အဝတ်အစား ပြင်ဆင်သွားမယ်ဆိုရင်တော့ အတွင်းမှာ အနွေးဓါတ်ရစေနိုင်မဲ့ သိုးမွှေး၊ဆွယ်တာ လိုမျိုး ဝတ်နိုင်ပြီး အပြင်ဖက် အနွေးထည်ကိုတော့ .. ရေစိုခံနိုင်ပြီး လေမတိုးမဲ့ အသားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်

* ဖိနပ်ရွေးချယ်တဲ့ နေရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ .. သာမန် အားကစားဖိနပ်တွေဟာ လေဝင်လေထွက် ကောင်းအောင် ထုတ်လုပ်ထားတာ ဖြစ်လို့ .. အေးပြီး စိုစွတ်တဲ့ ရာသီဥတုနဲ့ အဆင်မပြေပါဘူး .. အဲဒါကြောင့် ရေစိုခံပြီး လေမတိုးနိုင်တဲ့ ပလပ်စတစ်၊ လယ်သာ လိုအသားနဲ့ အောက်ခြေမှာ မချော်စေတဲ့ ပုံစံမျိုး သတိထားပြီး ဝတ်ဆင်ရပါမယ်

ရေခဲတောင် ရှိတဲ့နေရာ (သို့) နှင်းတွေကျတဲ့ နေရာမျိုးကို သွားရင် ဘာတွေ သတိထားရမလဲ ?

* တခြားလိုအပ်တာတွေကတော့ ဦးထုပ်၊ နေကာမျက်မှန် ၊ လက်အိတ်နဲ့ လည်စည်းပုဝါတွေပဲဖြစ်ပါတယ် ..

* အေးတဲ့ ရာသီတုဥမှာ ဖြစ်နိုင်ချေရှိတဲ့ ကျန်းမာရေးပြသနာတွေအတွက် လိုအပ်တဲ့ ဆေးဝါးများဆောင်သွားသင့်ပါတယ် .. ဥပမာ နှာစေးတာ ၊ ချောင်းဆိုးတာ ၊ လည်ချောင်းနာတာ အပြင်ကို အသားခြောက်ပြီး ကွဲတတ်တဲ့ သူတွေအတွက် အသားလိမ်းဆီ .. အလှဆီ body lotion နဲ့ နှုတ်ခမ်းအစိုဓါတ်ဖြည့်ပေးတဲ့ cream မျိုးတွေ လိုအပ်ပါတယ်

* နောက်တစ်ခုကတော့ လူတွေက နေပူရင်ပဲ ရေများများသောက်သင့်တယ် ထင်ကြပေမဲ့ .. အေးတဲ့ ရာသီဥတုကလည်း ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်နေလို့ .. ရေမကြာမခဏ သောက်ပေးသင့်ပြီးတော့ .. တောင်တက်တာမျိုး .. ရေခဲပြင် လျှောစီးတာမျိုး activities တွေ လုပ်မယ်ဆိုရင်လည်း ဆက်တိုက်မလုပ်ဘဲ .. အလုံအလောက် အနားယူပြီးမှ နောက်တစ်ခေါက် ထပ်လုပ်သင့်ပါတယ် ..

* အရေးပေါ်အခြေအနေမှာ ဆက်သွယ်ရမဲ့ လူရဲ့ ဖုန်းနံပါတ် .. ကားဆရာ ၊ ဆေးရုံ ၊ ရဲစခန်း နဲ့ အစိုးရ ဌာနတွေရဲ့ ဖုန်းနဲ့ လိပ်စာကိုလည်း ကြိုပြီး သိအောင် လုပ်ထားသင့်ပါတယ်

ကဲ ဆောင်ရန်ရှောင်ရန်လေးတွေ သိပြီဆိုတော့ .. အခုလာမဲ့ .. March လထဲမှာ အမ်မာနဲ့အတူတူ အိန္ဒိယ က ရေခဲတောင်တွေဆီသွားဖို့ စိတ်ဝင်စားရင် .. messenger မှာ လာပြီး စုံစမ်းလို့ရပါတယ်ရှင် .. 😊

Leave a Reply

Back to top