ဒီနေ့ခေတ်မှာ ပျော်စရာတွေရှားလာတယ် ..
အထူးသဖြင့် မြန်မာလူငယ်တွေအတွက်ပေါ့ ..
ပျော်နေတယ်လို့ ထင်ရတဲ့သူတွေကိုလည်း သေချာကြည့်ရင် .. သူတို့လည်း ရှာကြံပျော်နေရတာ .. ထိုင်စိတ်ညစ်နေလို့လည်း ဘာမှမထူးဘူးလေ ..
အဲဒါကြောင့် ပျော်စရာဆိုတာ ဘယ်လိုပုံစံနဲ့ပဲလာလာ .. ဘယ်လောက်အတိုင်းအတာလေးပဲဖြစ်ဖြစ် .. အဲဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အပြည့်အဝပျော်လိုက်ပါ ..
ခဏလေးပဲ ပျော်ရမှာမို့ ငါကတော့ မပျော်တော့ဘူးဆိုရင် ဘယ်တော့မှ ပျော်ရွှင်ရမှာမဟုတ်ဘူး ..
ပျော်စရာဆိုတာ ပန်းတွေနဲ့တူတယ် .. တချိန်ကြွေမယ်ဆိုတာ သိသိကြီးနဲ့ အစွမ်းကုန် လှလှကြီးပွင့်လန်းလိုက်တာ ..
ပျော်စရာဆိုတာ ဆပ်ပြာပူပေါင်းလေးလိုပဲ .. မျက်စိတစ်မှတ်အတွင်း ပျောက်ကွယ်သွားမယ်ဆိုပေမဲ့ .. ရတဲ့အချိန်လေးအတွင်းမှာ .. လေဟုန်စီးပြီး အမြင့်ဆုံးပျံသန်းလိုက်တာ ..
အနာဂါတ်ဆိုတာ မရှိမှန်းသိသိကြီးနဲ့လည်း .. လူတစ်ယောက်ကို ရဲရဲရင့်ရင့်ကြီး နှလုံးသားပုံအော ချစ်ပစ်လိုက်တာ ..
ပျော်စရာဆိုတာ တစ်သက်လုံးမခံဘူး .. စိတ်ညစ်စရာတွေလည်း အတူတူပဲ ..
အချိန်တန်ရင် သူ့အလိုလို ပြီးဆုံးပျောက်ကွယ်သွားမဲ့ အရာတွေအတွက် .. ဘာလို့တွေးပူပန်နေဦးမှာပဲ ..
ဘဝမှာ ပျော်ရွှင်ရဖို့ အချိန် မိနစ်ပိုင်းလောက်ပဲ ရခဲ့တယ်ဆိုရင်တောင် .. အဲဒီအခွင့်အရေးကို လက်လွတ်မခံပဲ .. အပြည့််အဝပျော်ရွှင်လိုက်ပါ ..
