မေပယ်ရွက် အကြွေလေးကို စစမြင်ခါစက အရမ်းပျော်သွားတာ..
ဒါလေးတွေ ကိုရီးယားကားထဲမှာ တွေ့ဖူးတာလေ .. အပြင်မှာလည်း အရမ်းလှတာပဲ ..
လမ်းလျှောက်ရင်း ခြေထောက်နား လွင့်လာတဲ့ သစ်ရွက်လေးကို ကောက်ယူမိတော့ ..
ဘာလုပ်ဖို့သစ်ရွက် ခြောက်တွေ လျှောက်ကောက်နေတာလဲ အမှိုက်ပွတယ်တဲ့ ..
ခုဏတုန်းက ပျော်နေတာလေးတောင် ဘယ်ရောက်သွားလဲမသိဘူး ..

ထပ်ပြီး လမ်းမှာတွေ့တဲ့ ချစ်စရာ ခွေးလေးတွေ ကြောင်လေးတွေဆိုရင်လည်း ..
ညစ်ပတ်တယ် အန္တရာယ် များတယ်ဆိုပြီး သူက အလကားနေရင်း မုန်းနေသေးတာ ..
ခပ်လှမ်းလှမ်းက ဗလီက ညနေစောင်း ၀တ်ပြုဖို့အတွက် ဖတ်ခေါ်တဲ့အသံကြားရတော့လည်း အရမ်းနားညီးတယ် ငါအဲဲဒါတွေ မကြိုက်ဘူးတဲ့ ..
နောက်တစ်ခါ ဆိုင်တစ်ဆိုင်မှာ ထပ်ဆုံဖြစ်တော့ .. သူက တွေ့တဲ့ဆိုင် မထိုင်တတ်တဲ့အကြောင်း .. အပြင်ဆိုင်တွေက ဘယ်လိုညစ်ပတ်တဲ့ အကြောင်း .. အစားအသောက်က အရသာမရှိကြောင်း .. တချိန်လုံး ညည်းတွားနေတာ .. သူ့ကို ဘယ်အချိန်ကြည့်ကြည့် အလိုမကျတာတွေ .. ပြသနာတွေနဲ့ ..
တကယ်တမ်း ပြသနာရဲ့ အရင်းအမြစ်က အရာရာ မကောင်းမြင်စိတ်ရှိတဲ့ သူကိုယ်တိုင် ဖြစ်နေတာ မသိရှာဘူး ..
သူနဲ့ တတိယ အကြိမ်တွေ့ပြီး နောက်တော့ အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ် ..
လူတစ်ယောက်ကို မှန်တယ် မှားတယ်တော့ မဝေဖန်ချင်ဘူး .. ဒါပေမဲ့ ကျမရှာနေတဲ့ “လွတ်လပ်တဲ့ စိတ်ဝိညာဉ်မျိုး” သူ့မှာမတွေ့ခဲ့လိုပဲထင်တယ် ..
ဘဝခရီးက တိုပေမဲ့ .. အခက်အခဲတွေ ကအများကြီးပဲရှိနိုင်တာ .. လောကကြီးကို အကောင်းမြင်ပြီး .. တစ််ယောက်ကို တစ်ယောက် အပြစ်တင်မနေပဲ .. ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မဲ့ သူမျိုး .. ကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တယ်လို့ထင်တယ် ..
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့စိတ်မှာ အဓိက မှီတည်နေတာ မှန်ပေမဲ့ .. ပတ်ဝန်းကျင်နဲ့လည်း ဆိုင်သေးတယ် .. positive vibes မျိုးရရှိနိုင်မဲ့ ဝန်းကျင်မျိုးမှာပဲ ရှင်သန်နေထိုင်ပါ ..
ကိုယ့်အတွက် အဆိပ်သင့်စေတဲ့ relationship မျိုးကို ဖြတ်တောက်ပစ်နိုင်တာကလည်း မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုပဲ ..
