ဥပမာ ဖိလစ်ပိုင်သွားတုန်းကဆို ဖိလစ်ပ်ုင်အကြောင်း ဘာဆိုမှမသိဘူး .. စာတွေကြိုမဖတ်ထားဘူး .. အင်တာနက်ရှိတာကို ခဏမေ့ထားလိုက် .. အင်တာနက် မပေါ်ခင်က လူတွေ ဘယ်လို ခရီးသွားကြလဲ .. အဲလို သွားကြည့်ချင်မိတယ် .. 100% offline တော့ ဘယ်ဖြစ်မလဲနော် .. အဲဒီလောက်လည်း မလွယ်ဘူးလေ .. အဲဒါမို့ .. flight tickets ဖြတ်တာ hotel ရှာတာလောက်ပဲ အင်တာနက်ကနေ ရှာတယ် .. ကျန်တာတွေက ပါးစပ်နဲ့ မေးသွားတာပဲ…
မနေ့က Instagram မှာ “slow traveling” ဆိုတဲ့ reel လေးတစ်ခုတွေ့တော့ ကိုယ့်ကိုကိုယ် မျက်စိထဲ ပြေးမြင်တယ် .. Emma က ခရီးတစ်ခုသွားရင် “နေရာ”တွေများများ ရောက်ဖို့ မရောက်ဖို့ကို ခေါင်းထဲမထားဘူး .. တစ်နေရာ ရောက်တယ်ဆိုရင်ပဲ ကိုယ် ကြိုက်သလောက် ပျော်သလောက်နေတယ် .. သူများတွေ တစ်ရက်တည်းနဲ့ နေရာ ၄၊၅ ခုလောက် ရောက်အောင်သွားကြတယ် .. အချိန်ရယ် ငွေရယ် effective ဖြစ်အောင်လည်းပါမှာပေါ့ .. အရင် တစ်ခေါက်…
social media bias တွေက ကောင်းတာတင်ချင်လည်း ရသလို .. မကောင်းချည်း တင်ချင်လည်းရတယ် (တချို့ content creator တွေ engagement များများ ရအောင် ဒီနည်းကိုသုံးကြတယ် ) တကယ်တော့ လောကကြီးမှာ အကောင်းအဆိုးက အမြဲဒွန်တွဲနေတာ .. social media က သတင်းတွေ .. သူများတွေ ပြောစကားနဲ့ လိုက်ယောင်မနေပါနဲ့ .. အမ်မာ အခု blog တွေတင်တယ် .. အဲဒါတွေကလည်း 100% မပြည့်ဝဘူး…
Budget trip လေးတွေ ဘယ်လိုသွားလဲ မေးကြလို့ .. ပြောပြမယ် .. ထိုင်းကို လေယဉ်လက်မှတ် one way ပဲဝယ်တာ USD 80 .. အပြန်ကို booking ပဲပြတယ် .. ရန်ကုန်ကနေ ပုလင်းတစ်လုံး ဝယ်သွားတာ .. (700 ml) လောက် အဲဒီတုန်းက ၅ သောင်းလား ၊ ၆ သောင်းလားပဲ .. ထိုင်းရောက်တော့ သူငယ်ချင်းကိုပေးလိုက်တယ် .. သူ့အိမ်မှာ ၁၀ ရက်နေတယ်…
Dandelion လို့ခေါ်တဲ့ ပန်းကလေးကတော့ .. ဆန္ဒပြုတယ် ဆုတောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့အတူ ပုံပြင်ဆန်ဆန် နာမည်ကြီးပါတယ် .. ပန်းကလေးရဲ့ မူလအရောင်က အဝါရောင်လေးပါ .. ဒါပေမဲ့ တော်တော်များများက သူ့ရဲ့ မူလပုံစံကို မသိကြဘဲ .. ပွင့်ဖတ်တွေ ကြွေကျပြီး ကျန်ခဲ့တဲ့ ဝတ်ဆံတိုင်လေးနဲ့ .. အစေ့လေးတွေ ရှိတဲ့ ဘောလုံးလေးလို လုံးလုံးဖြူဖြူလေးကိုပဲ သိကြပါတယ် .. အစက dandelion ကို လူတွေ အမြတ်တနိုး စိုက်ကြတဲ့ ပန်းမျိုးထင်ခဲ့ဖူးတယ် .. ဒါပေမဲ့…
တစ်ကမ္ဘာလုံး sit တွေဖြစ်ကြတော့ စဉ်းစားမိတာ မthayခင်မှာ ဘာလုပ်သွားချင်လဲပေါ့ .. ရယ်စရာပြောတာမဟုတ်ဘူးနော် .. လူဆိုတာကတော့ အခုမthay လည်း နောက်thay မှာ .. sitကြောင့် မဟုတ်လည်း တခြားကြောင့် .. ၉၆ပါး ရောဂါ အများကြီးပဲ ဖြစ်နိုင်တာတွေ .. စောတာနဲ့ နောက်ကျတာပဲကွာတာ .. bucket list လေးပေါ့ .. အခုမှမဟုတ်ဘူး အဲဒီ list က အမ်မာ့မှာ အရင်ကတည်းကရှိိတယ် .. လုပ်ချင်တာတွေလုပ်ပြီး ပျော်ပျော်ကြီးနေသွားမယ်ပေါ့…
ပထဆုံးအချက်ကတော့ လူဦးရေပေါ့နော် .. group tour တွေက တခြားလူတွေနဲ့ ပေါင်းပြီး သွားရတာဖြစ်လို့ လူများတယ် .. private tour ကတော့ ကိုယ်တွေအတွက်ပဲ သီးသန့် စီစဉ်ပေးတာဖြစ်လို့ တစိမ်းတွေနဲ့ အတူတူသွားစရာမလိုဘဲ ပိုလွတ်လပ်တယ် .. ဒုတိယကတော့ အချိန် .. group tour တွေက သူတို့ သတ်မှတ်ထားတဲ့ရက်ပဲထွက်တာ .. အဲဒီရက်ကို ကိုယ်အားအောင်လုပ်ထားမှအဆင်ပြေမယ် .. Private ကျတော့ ဘယ်နေ့ ဘယိအချိန်သွားချင်လဲဆိုတာ သူများနဲ့ ညှိနေစရာမလိုဘူး …..
group တွေထဲမှာ မကြာခဏ မေးကြတဲ့ မေးခွန်းတွေကို တစ်စု တစ်စည်းတည်းဖြစ်အောင် .. ပြန်တင်ပေးထားပါတယ် နိုင်ငံခြား ခရီးသွားတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ .. (ဘယ်နိုင်ငံသွားသွား အခြေခံ လိုအပ်ချက်တွေက တူပါတယ် ..) 1. Passport Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရပါမယ် 2. Visa Visa က ကိုယ်သွားမဲ့ နိုင်ငံအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် .. မြန်မာတွေအများစု သွားလေ့ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ visa ကင်းလွတ်လို့…
အလုပ်ကိစ္စကြောင့် အကြာကြီးနေတာကို ပြောတာမဟုတ်ဘူးနော် .. အလုပ်နဲ့ မဟုတ်ဘဲ အလည်သက်သက်ကို ဘယ်လောက်ကြာကြာ ခရီးသွားဖူးလဲလို့ပါ .. Emma ကတော့ 138 ရက် တိတိ .. အကြာဆုံးပါပဲ .. အဲဒါထက်နည်းပြီးတော့ 2 လ ၊ 3 လ လောက်လည်း သွားဖူးပါတယ် ဒါပေမဲ့ အကြာဆုံးခရီးကို ပြောပါဆိုရင် .. 138 ရက် ( ၄ လခွဲ ၅ လနီးပါးကို ကြာတာပါ) အဓိကကတော့ India…
လူတော်တော်များများတွေးဖူးကြလိမ့်မယ် .. Emma လည်းတွေးဖူးတယ် .. သူများတွေများ ကံကောင်းလိုက်ကြတာ .. ငါတော့ ကံမကောင်းဘူး .. ထီ မပေါက်လို့ ကံမကောင်းဘူး .. အလုပ်မရလို့ ကံမကောင်းဘူး .. ရာထူးတိုးတဲ့ထဲမပါလို့ ကံမကောင်းဘူး .. အရမ်းဂရုစိုက်တဲ့ ချစ်သူမရှိလို့ ကံမကောင်းဘူး .. မိသားစုကို ပြည့်ပြည့်စုံစုံမထားနိုင်သေးလို့ ကံမကောင်းသေးဘူး .. လိုချင်တာတွေ မဝယ်နိုင် မသုံးနိုင်လို့ စသည်ဖြင့် စသည်ဖြင့်ပေါ့ .. Emma အန်ကာဝပ် သွားတုန်းက မျက်မမြင် tourist…