ပထမဆုံးအကြိမ် လေယဉ်စီးတဲ့အခါ .. ပစ္စည်းတွေ ဘယ်လိုထည့်ရမလဲ

ပထမဆုံးအကြိမ် လေယဉ်စီးတဲ့အခါ .. ပစ္စည်းတွေ ဘယ်လိုထည့်ရမလဲ မသိလို့ .. လာလာမေးကြတယ် ..

ဒီတိုင်းပြောတာထက် .. ပုံလေးနဲ့ပြရင် ပိုရှင်းမယ်ထင်လို့ .. လေဆိပ်က ရိုက်ယူလာတာ ..

တစ်ပုံချင်း ဖတ်ကြည့်နော် ..

ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ .. Gas လောင်စာဆီ တခြား မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို .. လေယဉ်နဲ့ သယ်ခွင့်မရှိပါဘူး .. (check in ကော hand carry ကော မရတာပါနော် )

ချွန်ထက်တဲ့ ပစ္စည်းတွေ .. လူကို အန္တရာယ် ပြုနိုင်တဲ့ အရာတွေဆိုရင် .. hand carry အိတ်ထဲ သယ်ခွင့်မရှိပါ .. check in အထုပ်အပ် ရတဲ့အထဲတော့ သယ်လို့ရပါတယ် ..

Battery ပါတဲ့ လျှပ်စစ်ပစ္စည်းတွေကိုတော့ .. hand carry ထဲမှာပဲ မိမိနဲ့ တစ်ပါတည်း သယ်သွားရပါမယ် .. checked in bag (အထုပ်အပ်) တဲ့အထဲ မထည့်ရပါဘူးနော် ..

Cosmetic, skincare တွေလို အရည် တွေကို .. handy carry ထဲမှာ သယ်ချင်ရင် .. သတ်မှတ်ထားတဲ့ 20 Cm x 20 cm sealed အိတ် အကြည်ထဲမှာ 100 ml ထက် မကျော်တဲ့ size တွေ သယ်လို့ရပါတယ် .. တစ်ယောက်ကို တစ်အိတ်ပဲ သယ်ခွင့်ပြုတာပါ .. checked bags (အိတ်အပ်) တဲ့ထဲတော့ ကြိုက်သလောက် သယ်လို့ရပါမယ် .. ကန့်သတ်ထားတာ မရှိပါဘူး ..

Leave a Reply

Back to top