social anxiety အကြောင်း

ဟိုတလောက မင်းသမီးတစ်ယောက်တင်တဲ့ပို့စ် (ဘယ်သူလဲမမှတ်မိတော့လို့) social anxiety အကြောင်းပေါ့ .. ကြည့်လိုက်တော့ လူတော်တော်များများဖြစ်နေကြတာတွေ့တယ် ..

ကိုယ်တိုင်လည်း အစတုန်းက ကိုယ့်ကိုကိုယ် introvert.. လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကိုမကြိုက်ဘူးလို့ထင်ခဲ့ဖူးတယ် .. ဒါပေမဲ့ ကြာလာတော့ “မကြိုက်တာ” မဟုတ်ဘဲ “မတတ်တာ” ဆိုတာကို သတိထားမိပြီး တဖြည်းဖြည်းချင်းဆီနဲ့ ကြိုးစားပြုပြင်ယူလာတာ .. အခုဆို လူစိမ်းတွေနဲ့ စကားပြောရမှာ လုံးဝမကြောက်တော့ဘူး ..

***တချို့လူတွေ တကယ် တစ်ယောက်တည်းပဲ နေချင်တယ် .. နေလို့လည်း အဆင်ပြေတယ်ဆိုတဲ့ သူတွေကတော့ ပြသနာမရှိဘူး *** ..

***တချို့ကျတော့ အပေါင်းအသင်းမိတ်ဆွေလိုချင်တယ် .. ဒါပေမဲ့ ကြောက်တယ် .. စကားမပြောတတ်ဘူး .. အဲလိုဖြစ်နေလို့လည်း ကိုယ့်ကိုကိုယ် မကျေနပ်ဘူး .. စိတ်တိုင်းကျမှု မရှိဘူးဆိုတဲ့သူတွေကို ပြောချင်တာ*** က အဲဒါ “အလေ့အကျင့်” ကြောင့်ပါ .. “အကျင့်”ဆိုတာ ပြုပြင် ပြောင်းလဲယူလို့ရပါတယ် ..

ဥပမာ မနက်အစော အိပ်ယာမထနိုင်ဘူး .. ဒါပေမဲ့ စစချင်း ၁ ပတ်လောက် ကြိုးစားပြီး အစောထကြည့်တယ် .. နောက်ဆို အကျင့်ဖြစ်သွားပြီး ပုံမှန်နိုးနေမယ် .. အတင်းလုပ်ယူစရာမလိုတော့ဘူး .. အဲလိုပေါ့နော် ..

ကန်ချနာဘူရီ

အမ်မာ ခရီးတွေစသွားတုန်းကဆို .. နေရာသစ် ပတ်ဝန်းကျင်သစ်မှာ လူသစ်တွေနဲ့ စကားမပြောတတ်ဘူး .. မပြောရဲဘူး .. သူတို့ကိုယ့်ကို ဘာမှမလုပ်မှန်းတော့ သိတယ် .. ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ပြောကိုမထွက်တာ ..

Hostel တွေမျာ သူများတွေ အဖွဲ့လိုက် game တွေကစားကြတယ် .. မုန့်စုစားကြတယ်ဆိုရင်လည်း .. ကိုယ်က ဘေးကကြည့်ပဲကြည့်နေတာ .. ဘယ်လို အလိုက်အထိုက် ပါဝင်ပြီး collaborate လုပ်ရမယ်ဆိုတာ မသိဘူး .. အဲဒါ ငယ်ငယ်က education system တွေနဲ့လည်းဆိုင်တယ် .. ကလေးတွေ အချင်းချင်း ပြိုင်ခိုင်းတယ် .. ပူးပေါင်းဆောင်ရွက်မှုမရှိဘူး .. ကြီးလာတော့လည်း အလုပ်လုပ်တယ် .. မပူးပေါင်းတတ်ကြဘူး .. တခြား education system ကောင်းတဲ့ နိုင်ငံတွေမှာ .. ကလေးတွေက team work ကောင်းဖို့ collaborate လုပ်တတ်ဖို့ ငယ်ငယ်ကတည်းက သေချာသင်ပေးတယ် .. သူတို့တွေ မကြောက်တတ်ကြဘူး ..

စစချင်းတုန်းကတော့ အံ့ဩနေတာ .. အထူးသဖြင့် အနောက်တိုင်းဖက်ကလူတွေဆို သိသိမသိသိ လူတိုင်းနဲ့ စကားပြောတယ် .. roommates တွေနဲ့ လာညစာ အတူစားရအောင် .. အတူတူလျှောက်လည်ကြရအောင် .. game စကားကြမယ် .. အဲလိုလေးတွေပေါ့ ..

အဲဒါနဲ့ သူတို့ကို အားကျပြီး .. အဲဒီလို group လေးတွေနဲ့ join ကြည့်တယ် .. အစပိုင်းမှာ ဘာပြောလို့ပြောရမှန်းမသိဘူး .. အဲဒီနေရာမှာ Knowledge ကလည်း အရမ်းစကားပြောတယ် .. ပညာတတ်တာနဲ့ ဗဟုသုတရှိတာနဲ့လည်းမတူဘူး .. ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မှာ အကုန်သိ တတ်နေတာ ပညာပေါ့ .. အဲလိုမဟုတ်ဘဲ ကိုယ်နဲ့မဆိုင်ပေမဲ့လည်း .. နိုင်ငံတကာ အကြောင်း .. စီးပွါးရေး လူမှုရေး နည်းပညာ .. အဲလိုလေးတွေ (ပြည့်ပြည့်ဝဝမဟုတ်တောင်) catch up လုပ်နိုင်ဖို့ကလည်း ဗဟုသုတရှိဦးမှ ..

အဲဒီမှာမှ ကိုယ်သိတဲ့ အကြောင်းအရာဆိုရငိ ကိုယ်ပါ ဝင်ပြော ဆွေးနွေး .. အဲလိုလေးတွေ .. နောက်တစ်ခုက experience.. ကိုယ်တိုင် တွေ့ကြုံခဲ့ရတာ အကြောင်းလေးတွေ sharing လုပ်ကြတာကလည်း တော်တော်လေး အကျိုးရှိတယ် .. ဥပမာ “ငါအဲဒီနေရာကို အလည်သွားတုန်းက လက်မှတ်ကြိုမဝယ်ထားမိလို့လေ .. ဟိုရောက်မှ အကြာကြီး တန်းစီပြီးစောင့်ရတာ အချိန်ပုတ်တယ် .. နင်တို့ သွားရင် online က ကြိုဝယ်သွားကြနော် “.. အဲလိုလေးတွေပေါ့ .. ဘာမှ ကြီးကြီးမားမားကြီး မဟုတ်ပေမဲ့ .. ပြောစရာစကားလေးတွေ ရတယ် .. စိတ်ဝင်စားဖို့လည်းကောင်းတယ် ..

နောက်ပြီး တစ်ခါတည်းနဲ့ အဆင်မပြေဘူးဆိုပြီးလည်း လက်မလျှော့လိုက်ပါနဲ့ .. အပေါင်းအသင်းဆိိုတာ vibe တူ အကြိုက်တူမှလည်း အဆင်ပြေတာ .. အားကစားကြိုက်တဲ့ သူအချင်းချင်း ၊ အလှအပ ကြိုက်တဲ့သူအချင်းချင်း ၊ ခရီးသွားဝါသနာ ပါသူအချင်းချင်း အဲလိုပေါ့နော် .. ကိုယ်နဲ့ အတွေးအမြင်တူ အဆင်ပြေမဲ့ သူကိုပဲ ရွေးပေါင်းဖို့လည်းလိုသေးတယ် .. အဆင်မပြေရင်ပိုပြီး stress ဖြစ်ရမယ် ..

စစချင်းမှာ လူတွေအများကြီးနဲ့group ထဲကို ဝင်ပြောတာမျိုး မဟုတ်ဘဲနဲ့ .. တစ်ယောက် နှစ်ယောက်နဲ့ စ try ကြည့်ပါ .. အဲဒီလိုပဲ တစ်ယောက် ကနေ နှစ်ယောက် .. တဖြည်းဖြည်း အသိမိတ်ဆွေတွေတိုးလာပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ပိုရှိလာမယ် .. လူတွေနဲ့လိုက်လျောညီထွေ ပိုဖြစ်လာမယ် .. သူတို့ဆီကနေ ကိုယ်မသိနိုင် .. မသိသေးတဲ့ ပညာတွေ ဗဟုသုတတွေလည်း ရသလို .. တစ်စုံတစ်ယောက်နဲ့ အချိန်အတူကုန်ဆုံးခြင်းအားဖြင့် မလိုအပ်တဲ့ အတွေးတွေ .. overthinking, depression စတာတွေကိုလည်း လျှော့ချနိုင်ပြီး .. တကယ့်လက်တွေ့ဘဝနဲ့ ပိုပြီးနီးစပ်စေမှာပါ ..

ကလေးရှိတဲ့ မိဘတွေအနေနဲ့လည်း ငယ်ငယ်ကတည်းက ကလေးကို သူများနဲ့ပေးမဆော့တာ .. အပေါင်းအသင်းမလုပ်ခိုင်းတာမျိုးကိုရှောင်သင့်ပြီး .. screen time လျှော့ချနိုင်အောင်ရယ် .. virtual world ထဲကနေ ရုန်းထွက်နိုင်အောင် ကူညီပြီး ပြုစုပျိုးထောင်ရင် ပိုပြီးအဆင်ပြေမှာပါလို့ .. ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးလိုက်တာပါ .. 😊

Leave a Reply

Your email address will not be published. Required fields are marked *

Back to top