ကတ်ရှမီးယားကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့သူတွေအတွက်

ကတ်ရှမီးယားကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့သူတွေအတွက် အမ်မာတို့သွားခဲ့တဲ့ပုံစံလေးကို ပြောပြပေးမယ်နော်

Day 1

Delhi ကနေ Srinagar ကို မနက်လေယဉ်နဲ့စီးပြီး လေဆိပ်ကနေ Sonamarg valley ကိုတစ်ခါတည်းဆက်သွားပါတယ် .. ညနေစောင်းမှာ ရောက်တယ် .. sightseeing အတွက် အချိန်ပိုလိုချင်ရင် စောစောလေယဉ်နဲ့သွားဖို့အကြံပေးချင်တယ် .. အမ်မာတို့ကတော့ ရောက်တာ နည်းနည်း နောက်ကျလို့ ဘယ်မှမသွားတော့ပဲ .. Hotel ပတ်ချာလည်က ရေခဲတောင်ရှုခင်းအလှတွေကိုပဲ ခံစားပြီး ဓါတ်ပုံတွေရိုက်လိုက်တယ် .. ဆောင်းရာသီဆို အဲဒီဟိုတယ်က နှင်းတွေပတ်ပတ်လည်ဖုံးပါတယ် .. အခု April မှာတော့ မရှိဘူး .. တောင်ပေါ်ကနှင်းတွေကိုတော့ မြင်နေရသေးတယ် .. နွေရာသီတောင် ရာသီဥတုက အတော်လေးအေးပါတယ်

Day 2

Gulmarg ကိုလုံးဝ အားခဲပြီး သွားပေမဲ့ လမ်းမှာတင်မိုးရွာချလာလို့ gandola ပိတ်လိုက်ပြီး တောင်ပေါ်တက်ခွင့်မရလိုက်ပါဘူး .. နှမြောလိုက်တာ .. ညကိုတော့ Srinagar မှာပဲ ပြန်ပြီး အိပ်ပါတယ်

ကတ်ရှမီးယားကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တဲ့သူတွေအတွက်

Day 3

Palagam ကိုသွားတဲ့ လမ်းမှာ ကတည်းက ရှုခင်းတွေက ရင်သက်ရှုမောစရာ အရမ်းကိုလှပါတယ် .. ရေခဲတောင်တွေ ၊ သစ်တောတွေနဲ့ စမ်းချောင်းလေးကလည်း လမ်းတစ်လျှောက်လုံး စီးဆင်းနေတာမို့ .. ဘာမှပြုပြင်စရာမလိုဘဲ သဘာဝအတိုင်းအလှဆုံးဖြစ်နေတဲ့ နေရာလေးပေါ့ .. palagam ရောက်ရင် ပန်းသီးခြံတွေ အများကြီးလည်း တွေ့ရလိမ့်မယ် ..

သွားလည်ခဲ့တဲ့နေရာတွေက aru valley နဲ့ Chandanwari ပါ Betab valley ကတော့ မိုးချုပ်သွားလို့ မရောက်တော့ဘူး ..

အဲဒီ valley တွေ သွားရင် တောင်ခြေ union taxi stand ကနေ ငှါးရပါတယ် .. ကားအမျိုး အစားပေါ်မူတည်ပြီး စျေးကွာတယ် .. အနည်းဆုံး 4 seaters ကတော့ 2500 Rs လောက်ရှိတယ် .. (အပြင်ကားတွေသွားလို့မရပါ)

Valley တွေဝင်ကြေးက တစ်ယောက်ကို 25 Rs ပါ .. တစ်ခါပဲပေးယုံ အကုန်သွားလို့ရတယ် ..

အပြန်ကျတော့ palagam မှာပဲ တစ်ညအိပ်လိုက်တယ်

Day 4

Palagam ကနေ မနက်စောစောလေး ထွက်လာပြီး Srinagar ပြန်ရောက်ချိန်မှာ Tulip garden ကို ဝင်လည်တယ် .. ဝင်ကြေးက နိုင်ငံခြားသားမို့ 200 Rs ပါ .. အထဲမှာ အတော်လေးလှပါတယ် ဒါပေမဲ့ လူများလို့ ပုံကောင်းကောင်းရိုက်ဖို့တော့ အဆင်မပြေဘူး .. တခြား ပန်းခြံတွေလည်း ဝင်လည်ချင် လည်လို့ရပေမဲ့ dal lake မှာ လှေစီးဖို့ နောက်ကျမှာစိုးတာနဲ့ တစ်ခါတည်း house boat လေးကို လာခဲ့လိုက်တယ် .. ခဏနားပြီး ညနေစောင်းတော့ Shakira boat လေးပတ်စီးကြတယ် .. လှေလေးတွေနဲ့ စျေးရောင်းကြတာ တစ်မျိုးလေး ကြည့်လို့ကောင်းပါတယ် .. ဒါပေမဲ့ စျေးတွေကတော့ ရှယ်များ 😅 .. ပုံရိုက်ရတာ ဝါသနာပါရင် ရိုးရာဝတ်စုံလေးငှါးပြီးရိုက်လို့ရတယ် .. တစ်ပုံ 200 ဆို ပုံ ထုတ်ပေးတယ် .. ဖုန်းနဲ့ပဲ soft copy ယူမယ်ဆို 100 နဲ့ စျေးတည့်ပြီး အနည်းဆုံး 3 ပုံလောက်တော့ ယူရတယ် .. လှေစီးခက 45 mins ကို 500 Rs ပါ ..

Day 5

ဒေလီကို ပြန်လာပြီး Delhi Agra Jaipur (golden triangle tour) လုပ်သေးပေမဲ့ ဒီပို့စ်မှာ ထည့်မရေးတော့ဘူးနော် .. ခုချိန်ကတော့ အရမ်းပူလို့ ဒီနေရာတွေ မသွားတာ ကောင်းပါတယ် ..

အဲလိုမျိုး ခရီးစဉ်အတိုင်း ကိုယ့်အစီအစဉ်နဲ့ သွားချင်ရင် .. ဒေလီကနေ Srinagar ထိ သွားလိုက်ပြီး ဟိုရောက်ရင် car rental company ကို ဆက်သွယ်လို့ရပါတယ် .. သူတို့ လာကြိုပေးပြီး ခရီးစဉ်စဆုံး တစ်နေရာ ပြီး တစ်နေရာပို့ပေးတယ် .. နောက်ဆုံးရက် လေဆိပ်ပြန်တဲ့အထိပေါ့ .. car driver contact လိုချင်ရင် လာတောင်းလို့ရပါတယ် ..

hotel တွေကတော့ websites ကနေ ဘိုကင်လုပ်လို့ရပါတယ် တစ်ညကို ဒေါ်လာ 50 ဝန်းကျင် .. location နဲ့ facility ပေါ်မူတည်ပါတယ် .. တောင်ပေါ်က ရှုခင်းလှတဲ့ hotel တွေကတော့ စျေးများတယ် တစ်ညကို ဒေါ်လာ 200-300 ဝန်းကျင်တွေရှိမယ် ..

စျေးသက်သာတဲ့ Hostel မျိုးတွေလည်း ရှိပါတယ် .. ဒါပေမဲ့ ပထမဆုံး အကြိမ်သွားတာဆိုရင်တော့ မြို့နဲ့ စျေးနဲ့နီးတဲ့ hotel တွေမှာပဲ တည်းဖို့ အကြံပေးချင်တယ် .. သွားလာရေးလည်း အဆင်ပြေပြီးတော့ .. တစ်ခုခုလိုရင်လည်း ဆိုင်တွေမှာ ရှာမို့လွယ်တာပေါ့ ..

ကိုယ်တိုင်မစီစဉ်ချင်ဘူး .. အစအဆုံး စီစဉ်ပေးတာလိုချင်တယ် .. ဘေးကလိုက်ပြီး assist လုပ်မဲ့ guide လည်းလိုအပ်တယ်ဆိုရင် အမ်မာ့ကို ဆက်သွယ်ပြီးစုံစမ်းလို့ရပါတယ် .. ☺️

တကယ်ပါ Kashmir ကို မရောက်ဖူးဘဲ India ကို မလှဘူးပြောတဲ့သူတွေကို ခေါ်ပြချင်တယ် .. Switzerland ကိုမီ မမီတော့မသိပေမဲ့ .. ရောက်ဖူးသမျှထဲမှာ အလှဆုံးလို့ထင်ခဲ့တဲ့ Turkey ထက်တောင် ပိုလှပါသေးတယ် .. နီးနီးလေး နဲ့မရောက်လိုက်ရရင် တကယ်ကို နှမြောစရာ ..

Leave a Reply

Back to top