မနာလီကို ကိုယ့်အစီအစဉ်နဲ့ကို သွားချင်တဲ့သူတွေအတွက်ပြောပြပေးပါမယ်

ပထမဆုံး ပြောချင်တာက .. မနာလီပဲ သပ်သပ် သွားချင်တာလား .. ရှင်းမလားပါ ဝင်ချင်တာလား စဉ်းစားပေါ့နော် .. ရှင်းမလားက နှင်းတော့မရှိဘူး .. သူက ဟေမာချယ်ပြည်နယ်ရဲ့ မြို့တော် အရင် အင်္ဂလိပ်ခေတ်က တည်ထားတဲ့ မြို့ဖြစ်လို့ .. မြို့လေးက သေသပ်လှပပြီး ချစ်စရာတော့ ကောင်းပါတယ် .. ကိုလိုနီခေတ် အဆောက်အဦးလက်ရာတွေ တွေ့ရမယ် .. မြို့တော်ဖြစ်လို့ ပိုပြီးတိုးတက်တဲ့ ပုံစံကို မြင်ရမှာပါ ..

မနာလီကို ကိုယ့်အစီအစဉ်နဲ့ကို သွားချင်တဲ့သူတွေအတွက်ပြောပြပေးပါမယ်

တချို့ နှင်းပဲမြင်ချင်တာ .. နှင်းမြင်ရရင် ရပြီဆိုတဲ့ သူအတွက်ကတော့ ရှင်းမလားမသွားလည်း ရပါတယ် .. အဲဒါဆိုရင် ဒေလီကနေ မနာလီ တိုက်ရိုက်ရောက်တဲ့ Volvo bus တွေရှိတယ် .. ၁၂ နာရီ လောက် စီးရတယ် .. လမ်းအခြေအနေပေါ်လည်း မူတည်တာပေါ့နော် .. အမ်မာတို့ သွားတုန်းကတော့ မိုးရာသီကုန်ခါစ လမ်းတွေ ပျက်နေလို့ အချိန်ပိုကြာတယ် .. တောင်ပေါ်လမ်း အကွေ့အကောက်များလို့ sleeper bus မရှိပါဘူး .. ထိုင်ခုံပဲရမယ်နော် ..

မနာလီရောက်ရင် ဘယ်မှာတည်းမလဲဆိုတော့ ..

******************

Old Manali (Mall Road) ဖက်မှာက home stay တွေ ပိုများတယ် .. ဆိုင်တွေ လူတွေ ပိုများတယ် .. အဲဒီလိုမျိုးသဘောကျရင်တော့ အဆင်ပြေတယ် .. တချို့ကျတော့ .. လူရှင်းပြီး တိတ်တိတ်ဆိတ်ဆိတ် နေရာတွေမှာပဲ relax လုပ်ပြီး အနားယူချင်ရင်တော့ .. hotel တွေ အများစုက မြစ်တစ်ဖက်ကမ်းမှာ ရှိကြတာများတယ် .. အဲဒီမှာတော့ ဆိုင်တွေ သိပ်မရှိဘူး ..

စားတာသောက်တာ

**************

အဓိက အစည်ကားဆုံးနေရာ Mall Road မှာ ဆိုင်တွေအစုံရှိပါတယ် .. အိန္ဒိယစာ မကြိုက်ရင် .. ထိုင်း၊တိဘတ်၊ကိုရီးယား အစားအစာတွေလည်းရလို့ အစားအသောက်အတွက်တော့ သိပ်ပြသနာမရှိဘူးပေါ့ .. shopping လုပ်ချင်ရင်လည်း Mall Road က စျေးတွေသက်သာတယ် .. တချို့ မနာလီ မရောက်ခင် ရှင်းမလားအရင် ဝင်တဲ့သူက ရှင်းမလားကနေစျေးတွေ ဝယ်လာတတ်ကြတယ် .. ဒါပေမဲ့ မနာလီမှာက စျေးပိုတန် ပိုပေါပါတယ် .. ဆာရီ အစတွေဆိုရင်လည်း .. ရူပီး ၁၀၀၀၊၁၅၀၀ ဆို လှလှလေးရပြီ .. တခြား handmade ပစ္စည်းလေးတွေ .. သိုးမွေးထည် တွေလည်းပေါတယ် ..

ဘယ်နေရာတွေလည်မလဲ ..

************

မနာလီက နှင်းမကျသေးတဲ့ ရာသီဆိုရင်တော့ လည်စရာ များများစားစားသိပ်မရှိဘူး .. အဓိကက snow activities အတွက် လာကြတာဆိုတော့လေ .. နှင်းကျတဲ့အချိန် January February March ဆိုရင်တော့ .. solang valley ကိုအဓိက သွားကြတယ် .. ရှင်းမလား ဝင်တဲ့သူတွေကတော့ Kufri မှာ မြင်းစီးတာတွေနဲ့ တခြား adventure activities တွေ လုပ်လို့ရတယ် ..

fees တွေကတော့ အစားစားပေါ့နော် .. Rupees 1000~1500 လောက်ကနေစပြီးတော့ .. paragliding လုပ်တာမျိုးဆိုရင်တော့ 4000~4500 လောက်ထိရှိတယ် .. video ပါ တစ်ခါတည်းရိုက်ပေးတာ .. 😁

paragliding ကတော့ လုပ်ကို လုပ်ကြည့်သင့်တယ်လို့ အကြံပေးချင်တယ် .. ကြောက်ဖို့ လုံးဝ (လုံးဝ) မကောင်းပါဘူးနော် ..

အစက သူများတွေစီးတာအဝေးကြီးက ကြည့်ပြီး ကြောက်နေတာ .. ကိုယ်တိုင်စီးကြည့်တော့ သူက ဖြေးဖြေးလေး သွားတာရယ် .. ရွေ့နေမှန်းတောင်သိသာဘူး .. လေထဲဝဲ ရှုခင်းလေးကြည့် ဇိမ်ပဲ .. နည်းနည်းပိုပြီး စိတ်လှုပ်ရှားချင်ရင်တော့ သူတို့ကို လေထဲမှာ စတန့်လုပ်ခိုင်းလို့ရတယ် .. စတန့်လုပ်ရင်တော့ .. ဘယ်ညာ ယိမ်းပြီး ကြောက်ဖို့ကောင်းတယ် .. ဒါပေမဲ့ မလုပ်ချင်ရင်လည်း မလုပ်နဲ့ ရတယ် .. စီးရတဲ့ အချိန်က အကြာကြီးမဟုတ်ဘူး .. ၈ မိနစ်လောက်ပဲ .. ဒါပေမဲ့ process အစအဆုံး ပြင်ဆင်တာက ၁ နာရီလောက်ကြာတယ် .. စီးရမဲ့နေရာ တောင်ပေါ်ကို ကားနဲ့တက်ရသေးတာကိုး ..

ပြီးတော့ rafting လုပ်ချင်ရင်လည်း kulu မှာလုပ်လို့ရတယ် .. ဒါပေမဲ့ ရေစိုရင် အေးမှာစိုးလို့ မလုပ်ခဲ့လိုက်ဘူး .. တခြားမြို့ထဲက လည်ပတ်စရာတွေကတော့ Hindu temple တွေ ထင်းရှူးတော ပန်းခြံနဲ့ naggar castle သွားလို့ရတယ် .. (အရင်က kulu ဘုရင် နေခဲ့တဲ့နေရာပေါ့ .. အကြီးကြီးတော့ မဟုတ်ဘူး .. ဒါပေမဲ့ ကျောက်တုံးနဲ့ သစ်သား ပေါင်းစပ်ပြီး ဆောက်ထားတဲ့ လက်ရာပုံစံက ထူးခြားလို့ စိတ်ဝင်စားရင် သွားကြည့်လို့ရတယ် .. အဲဒီနားမှာ ကော်ဖီဆိုင် လှလှလေးတွေလည်း ရှိသေးတယ် ..

အဲဒါပါပဲ လည်စရာနေရာလေးတွေက .. အချိန်လည်း အများကြီး ပေးစရာမလိုဘူး .. မနာလီ မြို့ထဲ တစ်ရက်လည် ပြီးရင် activities တွေ လုပ်ဖို့က တစ်ရက်နဲ့ .. shopping ဘာဘာညာညာနဲ့ ၃၊၄ ရက်ဆို လုံလောက်တယ် .. ရှင်းမလားပါဝင်ချင်ရင်တော့ တစ်ရက်လောက်ထပ်တိုးပေါ့ ..

ကုန်ကျစာရိတ်ကတော့ ..

*********

Delhi ~ Manali Bus က 1500 rupees ဝန်းကျင်ရှိမယ် ..

မနာလီမှာ ဟိုဟိုဒီဒီလည်ဖို့ ကားငှါးရင်တော့ USD 50 နဲ့ 100 ကြား .. ကားအမျိုးအစားနဲ့ သွားမဲ့နေရာတွေပေါ်မူတည်ပါတယ် .. မြို့ပြင် သွားရတဲ့ rothang pass လိုနေရာမျိုးဆိုရင်တော့ စျေးပိုပေးရတယ် ..

ဘုရားကျောင်းတွေ အများစုက ဝင်ကြေး free ပါ ..

အဓိကကုန်မှာ activities လုပ်တာတွေ အတွက်လောက်ပဲ ကုန်မှာ ..

အစားအသောက် ကလည်း .. ချွေတာချင် ချွေတာလို့ရတယ် .. Hotel တွေကလည်း တစ်ညကို USD 30 လောက်ကစပြီး ကိုယ်သုံးချင်သလောက် .. အစားစားပဲပေါ့ ..

Budget လည်းသက်သာချင်တယ် သက်တောင့်သက်သာမျိုးလည်း ဖြစ်ချင်ရင်တော့ အိန္ဒိယမှာခရီးစဉ်အစအဆုံးကို USD 300 ဝန်းကျင်လောက် သုံးရင် အဆင်ပြေမယ် .. (ဒါပေမဲ့ ဒါကတော့ အများနဲ့စျေးပေါ့နော် .. လူနည်းရင်တော့ ကားခက ပိုများသွားမှာပေါ့ .. )

ရန်ကုန်ကနေ လာမဲ့သူဆိုရင်တော့ လေယဉ်ခ အသွားအပြန် USD 400 ဝန်းကျင်လောက်ရှိမယ် .. ဆိုတော့ကာ .. သူငယ်ချင်းတွေနဲ့ စုပြီးသွားမယ်ဆိုရင် USD 700 လောက်နဲ့ ရေခဲတောင်အိမ်မက်ကို အကောင်အထည်ဖော်လို့ရပါပြီ ..

ဟုတ်ကဲ့ ဒါလေးကတော့ ကိုယ်တိုင်သွားချင်တဲ့သူတွေ အဆင်ပြေအောင် အကြမ်းဖျင်းပြောပြပေးတာပါ .. အခု ဒီဇင်ဘာ လကုန်လောက်ကစပြီး နျင်းကျတတ်လို့ သွားမယ်ဆိုရင် ပြင်ဆင်ထားလိုက်တော့နော် ..

လောလောဆယ်တော့ Emma ဆီမှာ မနာလီခရီစဉ်လေးတွေ မရှိသေးပါဘူး .. Kashmir ဖက် လှည့်နေလို့ပါ .. Kashmir ကလည်း အရမ်းလှတဲ့ နေရာလေးမို့ .. သွားချင်တယ် စိတ်ဝင်စားတယ်ဆိုရင် .. Private tour လေးတွေ ၂ ဦးကစပြီး စီစဉ်ပေးပါတယ် .. အသေးစိတ်ကိုတော့ messenger ကနေ စုံစမ်းပေးပါနော် .. ကျေးဇူးပါ 😁

Leave a Reply

Back to top