ရောက်တဲ့နေရာမှာ မိတ်ဆွေသစ် သူငယ်ချင်းအသစ်တွေရှာပါ .. သဘောကျတဲ့သူတွေ့ခဲ့ရင် လွတ်လွတ်လပ်လပ် flirt ပါ .. ပျော်စရာအမှတ်တရလေးတွေ အတူတူဖန်တီးပါ ..
hiking တွေ အတူတူသွားတာ .. ဆိုင်ကယ်တစ်စီးနဲ့ တောင်တန်းတွေဆီကိုသွားကြတာ .. ကမ်းခြေမှာ ညနက်ထိ အတူတူထိုင် လှိုင်းသံလေးတွေနားထောင်ရင်း စကားတွေပြောတာ .. ကန္တာရထဲ dune တွေပေါ်လမ်းလျှောက် နေဝင်ချိန် အတူတူကြည့်တာမျိုးတွေ ..
တစ်ခါတစ်လေလည်း sport bar သွား pool ကစားတာတို့ ဘောလုံးပွဲအတူတူကြည့်တာတို့ပေါ့ .. ဘဝက တိုတိုလေးပါ .. လူတိုင်းလူတိုင်းက တစ်နေ့မှာတော့ ခွဲရမှာချည်းပဲ .. အဲဒါမို့ လက်ရှိအချိန်လေးမှာ အနားမှာ ရှိတဲ့သူတွေကိုတန်ဖိုးထားပြီး တစ်ရက်ပဲဖြစ်ဖြစ် .. တစ်ပတ်ပဲဖြစ်ဖြစ် အပြည့်အဝ enjoy လုပ်ပါ ..
တစ်ချိန် အသက်တွေကြီးပြီး အိုမင်းသွားတဲ့အချိန် .. ဘယ်မှမသွားနိုင်တော့ရင်လည်း ဒီအမှတ်တရလေးတွေကို ပြန်တွေးရင်ကြည်နူးရမယ် .. မြေးတွေ မြစ်တွေရှိခဲ့ရင်လည်း ကိုယ့်ရဲ့စွန့်စားခန်းတွေအကြောင်းကို အိပ်ရာဝင်ပုံပြင်အနေနဲ့ ပြောပြလို့ရသေးတယ် .. ဘွားဘွား ငယ်ငယ်က ဘယ်လိုသောင်းကျန်းခဲ့တာလေ ဆိုပြီး .. အဲဒီအချိန် အဲဒီအရွယ်အထိ $ရမ်းလန်းတဲ့ အဘွားကြီးပဲဖြစ်ချင်တာ ..
