ဥပမာ ဖိလစ်ပိုင်သွားတုန်းကဆို ဖိလစ်ပ်ုင်အကြောင်း ဘာဆိုမှမသိဘူး .. စာတွေကြိုမဖတ်ထားဘူး .. အင်တာနက်ရှိတာကို ခဏမေ့ထားလိုက် .. အင်တာနက် မပေါ်ခင်က လူတွေ ဘယ်လို ခရီးသွားကြလဲ .. အဲလို သွားကြည့်ချင်မိတယ် .. 100% offline တော့ ဘယ်ဖြစ်မလဲနော် .. အဲဒီလောက်လည်း မလွယ်ဘူးလေ .. အဲဒါမို့ .. flight tickets ဖြတ်တာ hotel ရှာတာလောက်ပဲ အင်တာနက်ကနေ ရှာတယ် .. ကျန်တာတွေက ပါးစပ်နဲ့ မေးသွားတာပဲ .. လမ်းမသိရင် တွေ့တဲ့ သူကိုမေးမယ် .. လူတွေနဲ့ communication ပိုရတာပေါ့ .. အဲဒီလိုနဲ့ robot အကူအညီထက် လူသားအကူအညီတွေ ပိုယူပြီး သွားရတာ ပိုသဘောကျလာတယ် ..
အမ်မာ ဖိလစ်ပိုင်စသွားတုန်းက တကယ် ဘာplanမှာကိုမရှိတာ .. ဘယ်သွားမယ် ဘယ်မှာနေမယ် ဘာစားမယ်မရှိဘူး .. လေဆိပ်က immigration ဖြတ်တုန်းကတောင် နင်ဘယ်နေရာတွေ သွားမှာလဲဆိုတော့ မနီလာနဲ့ စီဘူး လို့ဖြေလိုက်တယ် .. မနီလာကတော့ မြို့တော် .. ငယ်ငယ်ထဲက စာမှာသင်ရလို့သိတာ .. စီဘူးကတော့ ဖိလစ်ပိုင် ဇာတ်လမ်းတွေထဲ ခဏခဏပါလို့ ကြားဖူးနေတာ .. အဲလိုနဲ့ မနီလာ ကိုအရင်ရောက်တယ် .. downtown area နားပဲနေပြီး .. လမ်းလျှောက်ပတ်ကြည့်တယ် .. များများစားစားတော့ မရှိပါဘူး .. ကိုလိုနီခေတ်က အဆောက်အဦးတွေ .. ရှေးဟောင်း ခံတပ်တွေနဲ့ ချက်ကျောင်းတွေ .. နောက်ပြီး ညစျေးတန်းတွေ ပတ်မုန့်စား .. သွားရင်း လာရင်းနဲ့ local တွေနဲ့ စကားစမြည်ပြောရင်း ခင်သွားတာမျိုးလည်းရှိတယ် .. ဖိလစ်ပိုင်မှာက လူတိုင်းလိုလို အင်္ဂလိပ်လိုရတယ်လေ ..

နောက်တော့ စီဘူးသွားတော့ စစချင်း cebu city က .. colon night market နားမှာ နေလိုက်တယ် .. female dormitory မှာ နေတာမို့ .. သူငယ်ချင်း မိန်းကလေးတွေရပြီး အတူတူလျှောက်လည်ကြတယ် .. local တွေကော တခြားနိုင်ငံက လူတွေကော ပါလို့ .. ကိုယ်မသိတာတွေ စပ်စု .. information တွေ sharing လုပ်ကြတယ် .. အဲဒီအချိန်ထိ နောက်ရက်ဘယ်ကို သွားမယ်ဆိုတာ မသိသေးဘူး .. နောက်တော့မှ တစ်ယောက်က သူ Moalboal ကိုသွားခဲ့တာ မိုက်တယ် နင်လည်း သွားသင့်တယ်လို့ ပြောတော့ .. အိုခေလေ ဆိုပြီး ကားလက်မှတ် ကောက်ဝယ် .. နောက်ရက် Moalboal ကိုရောက်ကော ..
Moalboal ရောက်တော့လည်း တော်တော်လေး မိုက်ပါတယ် .. ကမ်းခြေ ရွာသေးသေးလေးမို့ လူတွေ ရှုပ်မနေပဲ လုံးဝကို မပျက်ဆီးသေးတဲံ သဘာဝအလှတွေနဲ့ပေါ့ .. အဲဒီမှာလည်း တစ်ခါ သွားချင်းလာရင်း သူငယ်ချင်းတွေ ထပ်ရတော့ .. သူတို့တွေ .. ဝေလငါးမန်း သွားကြည့်မို့ obslo မှာ လိုက်မလားတဲ့ .. အဲဒီတော့မှ obslo ဆိုတာလည်း ပထမဆုံးကြားဖူးတာပဲ .. အဖော်ကောင်းတော့ နောက်ရက် ရောက်သွားတယ်ပေါ့ .. ငါးမန်းကြည့်တယ် ဆိုတာ ကြည့်ယုံသက်သက်ပဲ မဟုတ် .. ရေထဲဆင်းပြီး အတူတူလည်း ရေကူးရသေးတာဆိုတော့ အသည်းတွေယား .. ငါးကြီးတွေက အကြီးကြီး .. သာမန် ငါးမန်းအရွယ်အစားထက်ကြီးပြီးတော့ .. ဝေလငါးထက်တော့ သေးတယ် .. ခန့်မှန်းချေ အရှည် ပေ၃၀ကျော် လောက်တော့ ရှိတယ် ..
အဲဒီလိုပေါ့ .. စီစဉ်ထားတဲ့ အတိုင်းသွားတာမျိုး မဟုတ်ဘဲ .. ကြုံသလို ခြေဦးတည့်ရာ လျှောက်သွားရတာမျိုးက အရမ်းမိုက်တယ် .. ဒါပေမဲ့ solo သွားမှပဲ အဆင်ပြေမှာပါ .. ဘယ်သူနဲ့မှ လိုက်ညှိနေဖို့ မလို .. ကိုယ့်လက် ကိုယ့်ခြေ ကိုယ်သဘော အတိုင်းပဲ .. မစီစဉ်ထားဘဲ သွားချင်တဲ့အချိန် ကောက်သွားလိုက်လည်းရသလို .. စီစဉ်ထားပြီးမှ မသွားချင်တော့လို့ plan canceled လုပ် အိပ်ရာထဲလှဲအိပ်နေလည်း ဘာမှမဖြစ်ဘူး .. အဲဒါကတော့ အားသာချက်ပေါ့ .. မကောင်းတဲ့ အချက်တွေလည်း ရှိတော့ ရှိပါတယ် .. ဓါတ်ပုံလှလှ လေးတွေမရတာမျိုးပေါ့
အဲဒီကနေလည်း bohol ကျွန်းဆက်သွားဖြစ်တာ အဲလိုပဲ .. အသေးစိတ်တော့ မပြောတော့ဘူး .. စာအရမ်းရှည်သွားပြီ .. အဓိက ပြောချင်တာက .. အဲဒီလိုမျိုး တစ်ခေါက်လောက် ကိုယ့်ကိုကိုယ် challenge လုပ်ခဲ့ဖူးလား (လုပ်ဖူးရင် အတွေ့အကြုံလေးပြောသွားပေးပါဦး) ..
မလုပ်ဖူးသေးရင်ကော လုပ်ကြည့်ချင်လား ..
ဘယ်နေရာတွေ သွားပြီး ဘာတွေလုပ်ကြည့်ချင်တာလဲ .. ပြောခဲ့ဦးနော် ..
အမ်မာကတော့ solo ခရီးသွားချင်တဲ့ သူတိုင်းကို အမြဲ တိုက်တွန်း အားပေးတယ် .. တချို့ တကယ်လည်း ကိုယ်မြှောက်ပေးလိုက်လို့ လုပ်ဖူးသွားတဲ့သူတွေရှိတယ် .. challenge တစ်ခု complete ဖြစ်သွားတိုင်းမှာ .. ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့ စိတ်နဲ့ .. self confidence က အများကြီးတိုးတက်လာတာ .. တခြားဘာနဲ့မှ မတူဘူးနော် .. တစ်ခုတော့ရှိတာ .. လွယ်လွယ်လေး give up လုပ်တတ်တဲ့သူမျိုးနဲ့ ဆိုရင်တော့ အဆင်မပြေပါဘူးနော် ..
ကိုယ်တိုင် ကြုံဖူးတယ် .. first time solo သွားတုန်းက .. တစ်ခုခု လစ်ဟာနေသလိုမျိုး .. အရမ်းအထီးကျန်သလိုမျိုး ခံစားရချိန်မှာ .. ချက်ချင်း အိမ်ပြန်ပြေးချင်ခဲ့ဖူးတယ် .. အခုတော့လည်း ရောက်တဲ့နေရာ အိမ်လိုအဆင်ပြေအောင် နေတတ်နေပြီ .. အဲဒါမို့ .. ဒီစာလေးကို ဖတ်မိပြီး တစ်ယောက်ယောက်က Moti ရတယ် .. ခရီးတွေသွားဖို့ စိတ်ဓါတ်အင်အားတွေ ရသွားတယ်ဆို ကျေနပ်ပါပြီ .. တခြားသိချင်တာ လိုအပ်တာလေးတွေရှိရင် .. အားမနာပဲ လာမေးလို့ရပါတယ်နော် .. အားလုံးပဲ .. စိတ်ရှိတိုင်း ခရီးသွားနိုင်ကြပါစေ ..
(ပုံလေးကတော့ memory ပြန်တက်လာလို့ .. လွန်ခဲ့တဲ့ ၂ နှစ်ကပါ