ငယ်ငယ်ကတည်းက မိဘတွေခြောက်ပြောတာ ခံရတဲ့ကလေးတွေက ကြီးလာရင်လည်း လူကြောက်တတ်ကြတယ် ..
solo trip တွေသွားတာမြင်တော့ အများစုမေးကြတဲ့ မေးခွန်းက “မိန်းကလေးတစ်ယောက်တည်း မကြောက်ဖူးလား” .. “အဲဒီကိုသွားရင် safe ဖြစ်ရဲ့လား” ဆိုတဲ့ မေးခွန်းတွေပါ .. အဲဒါကြောင့်လည်း ဒီစာလေးကို ရေးဖြစ်သွားတာ ..
တကယ်တော့ 100% safe ဖြစ်တဲ့နေရာဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး .. ကိုယ့်အိမ်မှာ နေရင်းနဲ့တောင် မတော်တဆဆိုတာ အချိန်မရွေးဖြစ်နိုင်တယ်မလား .. (ဖြစ်နိုင်ချေ နည်းတာ များတာထားလိုက်ဦး ဖြစ်တော့ ဖြစ်နိုင်တယ်)
နောက်တစ်ခုက အတွေ့အကြုံပါ .. အတွေ့အကြုံဆိုတာကလည်း အိမ်မှာထိုင်နေရင်းနဲ့ ရလာမှာမဟုတ်လို့ .. ခရီးတွေသွားကြည့် လူတွေနဲ့ပေါင်းသင်းဆက်ဆံကြည့် .. လောကကြီးအကြောင်းပိုလေ့လာကြည့်တော့မှ ဘဝမှာနေရတာ ပိုပြီး အဓိပ္ပါယ်ရှိတာပါ ..
Emma လည်း အရင်ကဆို လူကြောက်တတ်တယ် .. လမ်းပျောက်နေရင်တောင် လမ်းမမေးရဲဘူး .. ဒါပေမဲ့လေ အရာတိုင်းကို ကြောက်နေရင် အလုပ်မတွင်ဘူး .. လူတွေကိုသတိထားရမယ် .. ဒါပေမဲ့ကြောက်နေဖို့မလိုဘူး .. ကိုယ့်ဖက်က အချိန်ပြည့် alert ဖြစ်နေရမယ် .. scammers တွေရှိတယ်မလား .. scam အလုပ်မခံရအောင် သတိနဲ့နေပြီးတော့ .. တစ်ခုခုဆို ကြောက်ပြီး ဘာမှမပြောတာထက် ကိုယ့် rights ကို ကိုယ် အပြည့်အဝ ကာကွယ်နိုင်ဖို့ သတ္တိရှိဖို့လည်း လိုသေးတယ် ..

အများစုက လုပ်လို့ရတဲ့လူကိုပဲလုပ်ကြတာပါ .. ပစ္စည်းတစ်ခုခု ဝယ်ခါနီးရင် စျေးအရင်မေး .. အပြင်သွားရင် ပိုက်ဆံနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ကိုယ်နဲ့မကွာဆောင်ထား .. ဘေးပတ်ဝန်းကျင်ကိုလည်း အမြဲမပြတ် လေ့လာနေ သတိလက်လွတ်မနေနဲ့ .. အဲဒါဆိုရင် ကြိုက်တဲ့နေရာ သွားလို့ရပြီ ..
အခုခေတ်မှာ ဘာသိချင် သိချင် internet က အလွယ်တစ်ကူရှာလို့ရတော့ .. ပိုပြီးတော့တောင်လွယ်သေးတယ် .. အချက်အလက်တွေမှန်မမှန် check facts အမြဲလုပ် .. ကိုယ်သွားမဲ့ နေရာအကြောင်းကို ကြိုပြီးလေ့လာထား .. အဲဒါဆို ကြောက်စရာ ဘာမှမရှိဘူးလေနော် ..
(ဟို နိုင်ngan ရေးပြသနာတွေဖြစ်နေတဲ့နေရာတို့ .. sit ဖြစ်တဲ့နေရာတို့ကိုရှောင်ရင်ရပြီ)
ရောက်တဲ့အရပ်မှာ မိတ်ဆွေတွေရှာပါ .. မျက်စိမှတ်ပြီးတော့ လူတိုင်းကို မယုံပါနဲ့ .. အရာရာ သတိနဲ့ယှဉ်ပြီးတွေးပါ .. မကောင်းတဲ့လူတွေ တချို့တလေရှိကြပေမဲ့ .. တလောကလုံး မကောင်းတာတော့လည်း မဟုတ်ဘူးလေ .. လူအများစုက ကောင်းကြပါတယ် ..
နေရာတော်တော်များများသွားဖူးသွားရင် လူတွေအကုန်လုံးက အတူတူပဲဆိုတာ သိသွားတယ် .. ဘယ်နိုင်ငံသား .. ဘယ်လူမျိုးပဲဖြစ်ဖြစ် .. လူဟာလူပါပဲ .. ကောင်းတဲ့သူ မကောင်းတဲ့ဆိုတာ နေရာတိုင်းမှာရှိကြတယ် ..
Emma ဆို ရောက်တဲ့နေရာမှာ ကူညီတဲ့သူတွေနဲ့ပဲတွေ့တာ .. မကောင်းတဲ့သူဆိုတာ 1% လောက်ပဲ .. ဆိုတော့ကာ .. “မကြောက်ပါနဲ့ .. ရဲရဲသာသွား .. အရာရာကိုကြောက်နေရင် လောကကြီးကို မြင်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး” ..
ခုဏကပြောသလို ကိုယ့်ဖက်က သတိထားပြီး အကောင်းဆုံးနေ ကျန်တာကတော့ ကံပေါ်လည်းမူတည်သေးတယ် .. Tay ချိန်တန်ခဲ့ရင် အိမ်ထဲနေလည်း Tay မှာပဲ .. ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲ .. ဆိုတော့ကာ ကိုယ်ကတော့ ဘာမှ တွေးပူမနေတော့ဘူး .. ဖြစ်မလာသေးတာ .. ဖြစ်မလာမဲ့အရာတွေကို ထိုင်စဉ်းစားပြီး သောကရောက်နေရင် ပိုပြီးရှုံးတယ် .. အဲဒီအချိန် သွားလာပြီး အပူအပင်မရှိတဲ့သူတွေက ပျော်ရွှင်နေကြတာလေ ..