Vietnam က မြန်မာ passport holder တွေ အတွက် visa exemption 14 ရက် ရလို့ .. အလုပ်ရှုပ်ခံစရာမလိုဘဲ passport ရှိယုံနဲ့ အလွယ်တကူသွားလို့ရပါတယ် .. Emma ကတော့ မြန်မာကနေ တိုက်ရိုက်သွားတာ မဟုတ်ဘဲ တခြားနိုင်ငံတွေကနေ သွားတာဖြစ်လို့ လေယဉ်ခ သိပ်မကုန်ခဲ့ဘူး .. တိုက်ရိုက် ထက်စာရင် ဘန်ကောက်ကနေ transit နဲ့ သွားတာက ပိုပြီး သက်သာ အဆင်ပြေမယ် .. ဘန်ကောက်ကိုလည်း လည်ပတ်ရင်း…
ဘာလီ လို့ပြောလိုက်ရင် တော်တော်များများက … ဂေါ်ဇီလာ ခေါင်းပုံဆိုပြီး နာမည်ကြီးတဲ့ .. klingking beach ဆိုတဲ့နေရာလေးကိုပဲမျက်စိထဲသွားမြင်ကြမှာပေါ့ .. (တကယ်တမ်းကျတော့ klingking ဆိုတာ သူတို့ဘာသာစကားနဲ့ လက်ချောင်းသေးသေးလေးလို့ခေါ်ကြတာပါ) Klingking beach က ဘာလီကျွန်းပေါ်မှာရှိတာတော့မဟုတ်ပါဘူး .. ဘာလီကနေ Ferry နဲ့ တစ်နာရီလောက် စီးရင်ရောက်တဲ့ Nusapanida ဆိုတဲ့ကျွန်လေးမှာ ရှိတာပါ .. ဘာလီသွားတဲ့သူတိုင်းကတော့ အဲဒီကျွန်းကို မဖြစ်မနေ သွားကြတယ် .. တချို့ကလည်း နေ့ချင်းပြန် .. တစ်ချို့ကလည်း…
အလုပ်ကိစ္စကြောင့် အကြာကြီးနေတာကို ပြောတာမဟုတ်ဘူးနော် .. အလုပ်နဲ့ မဟုတ်ဘဲ အလည်သက်သက်ကို ဘယ်လောက်ကြာကြာ ခရီးသွားဖူးလဲလို့ပါ .. Emma ကတော့ 138 ရက် တိတိ .. အကြာဆုံးပါပဲ .. အဲဒါထက်နည်းပြီးတော့ 2 လ ၊ 3 လ လောက်လည်း သွားဖူးပါတယ် ဒါပေမဲ့ အကြာဆုံးခရီးကို ပြောပါဆိုရင် .. 138 ရက် ( ၄ လခွဲ ၅ လနီးပါးကို ကြာတာပါ) အဓိကကတော့ India…
အခုပဲရောက်တယ် အခုပဲရေးတင်တော့မယ် .. (ချန်ထားရင် အကြွေးတွေများပြီး ပျင်းရင်းနဲ့ မတင်ဖြစ်တော့မှာစိုးလို့) လည်စရာနေရာတွေထက် အတွေ့အကြုံလေးတွေကိုပြောပြချင်တာ .. India က အရင်လည်း ရောက်ဖူးတယ်ဆိုပေမဲ့ .. သွားခဲ့တဲ့နေရာတွေက မတူတော့ .. ဒါကလည်းအသစ်ဖြစ်နေတာပေါ့ .. (India က ကိုယ်သွားတဲ့နေရာပေါ်မူတည်ပြီး လုံးဝကွာခြားပါတယ် .. နေရာတိုင်း အတူတူ တစ်သတ်မှတ်ထဲရှိတာမဟုတ်လို့ ဒီ ပို့စ်လေးက Kolkata တစ်ခုအတွက်ပဲ ရည်ရွယ်ပါတယ်) စစချင်း အတွေ့အကြုံက လေဆိပ်မှာ အင်တာနက် ချိတ်မရတာပဲ .. လေဆိပ်က…
India ကိုပတ်သွားရင်း Bodh Gaya ကိုပါဝင်မယ်ဆိုတော့ သူငယ်ချင်းတွေကတောင် ဘာသွားလုပ်မှာလဲတဲ့ Bodh Gaya ဆိုရင် တော်တော်များများက ထွက်ရပ်ပေါက်နေတဲ့သူတွေ သွားတဲ့နေရာ ၊ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ဘုန်းကြီး ၊ သီလရှင်တွေ တရားကျင့်ကြံတဲ့နေရာ ၊ ဘုရားဖူးတဲ့နေရာလို့ပဲထင်ကြတယ် တကယ်တမ်းကျတော့ Gaya က Buddhism တွေအတွက် Holy place လို နေရာမျိုးသာမက .. တခြားနိုင်ငံခြားသားခရီးသွားတွေအတွက်လည်း attraction နေရာ တစ်ခုဖြစ်တာကြောင့် တော်တော်များများ လာရောက်လေ့လာ လည်ပတ်လေ့ရှိကြပါတယ် .. Hinduism…
မြန်မာတွေကတော့ ဗာရာဏသီ လို့ခေါ်ကြတယ် .. ကမ္ဘာ့ရှေးဟောင်းအကျဆုံး မြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ နှစ်ပေါင်း ၃၀၀၀ ကျော် မင်းဆက်အမျိုးမျိုး အုပ်စိုးခဲ့တဲ့မြို့ဖြစ်တာကြောင့် .. ယဉ်ကျေးမှုမျိုးစုံ ထွန်းကားတဲ့မြို့လည်းဖြစ်တယ် .. နှစ်ပေါင်းများစွာကတည်းက ဂင်္ဂါမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းတွေမှာ ရောင်းဝယ်ဖောက်ကားတဲ့ အလေ့အထလည်း ရှိပြီးတော့ ယနေ့ထက်ထိလည်း ချည်ထည်၊ပိုးထည် လုပ်ငန်းတွေ ၊ လက်မှုပစ္စည်းတွေ နဲ့ အသီးအနှံ စားသောက်ကုန် လုပ်ငန်းတွေအများကြီးတွေ့ရတယ် .. များသောအားဖြင့် Hindu ဘာသာကိုကိုးဝယ်ကြပေမဲ့ .. Mughal မင်းဆက် အုပ်စိုးတဲ့အချိန်မှာလည်း Islam…
အိန္ဒိယမှာလေ တချို့ ပြတိုက်တွေ .. အထိမ်းအမှတ်နေရာတွေမှာ ဝင်ကြေးပေးရရင် သေချာသတိထားပြီးကြည့်ပါ .. BIMSTEC citizens ဆိုတဲ့နေရာမှာ Myanmar နိုင်ငံသားတွေ အကြုံးဝင်လို့ ဒီနေ့ဆို foreigner ကြေး မပေးရဘဲ .. 40 rs ပဲပေးရတယ် .. သေချာသာမကြည့်မိရင် 600 rs တောင်ပေးရမှာ နေရာတိုင်းတော့မဟုတ်ပါဘူး .. တော်တော်များများကတော့ local/foreigner ပဲ ခွဲထားတာ .. ဒါပေမဲ့ Taj Mahal မှာလည်း အဲဒီလိုပဲပါလို့ သက်သာတယ်…
Egypt ဆိုတာနဲ့ လူတော်တော်များများက Pyramids တွေ .. မံမီရုပ်အလောင်းတွေနဲ့ ရှေးဟောင်း ဘုရားကျောင်းတွေ စတာတွေနဲ့ပဲ တွဲပြီးမြင်တတ်ကြပါတယ် .. ဒါပေမဲ့ တကယ်တမ်းကျတော့ Egypt မှာ အဲဒါထက်ပိုပြီးတော့ လည်စရာ နေရာတွေများပါတယ် .. ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်တဲ့ Nile မြစ်ဟာ Egypt နိုင်ငံ အစအဆုံး စီးဆင်းနေပြီးတော့ .. နိုင်ငံရဲ့ မြောက်ဖက်နဲ့ အရှေ့ဖက်တွေမှာ Mediterranean Sea နဲ့ Red Sea တို့ရှိတာကြောင့် လှပတဲ့ပင်လယ်ကမ်းခြေဒေသများစွာကို ပိုင်ဆိုင်ထားပါတယ်.. အဲဒီထဲကမှ…
Ankara ဆိုတာကတော့ Turkey နိုင်ငံရဲ့ မြို့တော်ပါ .. မြို့တော်ဆိုတဲ့အတိုင်း စီးပွါးရေးလုပ်ငန်းတွေ ၊ ရုံးလုပ်ငန်းတွေ အဓိကထားလုပ်ကိုင်ကြပြီး လည်စရာ ပတ်စရာ နေတာလည်း သိပ်မရှိတာကြောင့် Tourist ခရီးသွားနည်းတဲ့နေရာတစ်ခုပါ .. Emma ကတော့ မြို့တော်ကို ခဏဝင်ကြည့်ချင်တာကြောင့်ရော ..လမ်းလည်းကြုံနေတာကြောင့် Ankara မှာ တစ်ရက်နေခဲ့ပါတယ် .. Turkish Leader တွေရဲ့ ဂူဗိမ္မန်ဖြစ်တဲ့ Anitkabir ကို သွားရောက် လေ့လာချင်ပေမဲ့ Emma နေတဲ့ တစ်ရက်လုံး မိုးတွေသည်းနေတာကြောင့် မသွားခဲ့ရပါဘူး…
ဖိလစ်ပိုင်နိုင်ငံ .. Cebu ကျွန်းကို အလည်သွားကြတဲ့သူ တော်တော်များများက Moalboal ဆိုတဲ့ ကမ်းခြေမြို့လေးကို သွားကြလေ့ရှိပါတယ် .. Moalboal မြို့လေးက သေးသေးလေးဖြစ်ပြီးတော့ တည်းခိုခန်းတွေ ဟိုတယ်တွေ .. အစားအသောက်ရောင်းတဲ့ဆိုင်တွေကလည်း ကမ်းခြေနားလေး တဝိုက်ပဲရှိတာပါ .. အဲဒီလို မြို့သေးသေးလေးက ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ နာမည်ကြီးရတာ ဘာကြောင့်ပါလဲ … အကြောင်းအရင်းကတော့ .. snorkeling and diving လုပ်ရတာ ဝါသနာပါတဲ့ သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ .. သဘာဝအလှ ကျောက်ဆောင်တွေ…