
နောက်မှ တင်မယ်လို့ တွေးထားပေမဲ့ .. နောက်ကျရင် ပျင်းပြီး မတင်ချင်တော့မှာ စိုးလို့ အခုတစ်ခါတည်း တင်ပေးလိုက်တော့မယ် (ကိုယ့်အကြောင်းကိုယ်သိတယ် )
Bangkok ကနေ Cambodia (Siem Reap ) ကို သွားတဲ့ Giant Ibis Bus အကြောင်းလေးပါ ..
အရင်ကလည်း ပြောဖူးပေမဲ့ အသေးစိတ်မဟုတ်လို့ ပြန်ပြောပေးမယ်နော် ..
သူက တစ်ရက်ကို နှစ်စီး ..
မနက် 6:45 AM ရယ်
မနက် 9:00 AM ရယ် ရှိတယ်
စီးရတဲ့နေရာက ခေါက်ဆန်လမ်းနားက Giant Ibis Bus Terminal မှာပါ .. (Google မှာ ရှာကြည့်လို့ရပါတယ် )
လက်မှတ်ကို Giant Ibis Website က သို့မဟုတ် 12go Asia လိုမျိုး Agent Website တွေက ဝယ်လို့ရတယ် .. စျေးက အတူတူပါပဲ USD 44 .. Visa Master Card တွေနဲ့ ဝယ်လို့ရတယ်
ကြာချိန်ကတော့ ရှစ်နာရီခွဲ .. Border ဖြတ်တဲ့ အချိန် လူများရင်တော့ နည်းနည်း ပိုကြာမယ် .. အမ်မာက 9:00 AM ထွက်တဲ့ ကားစီးတာမို့ .. Siem Reap ကို ညနေ 5:30 / 6:00 လောက် မှာ ရောက်မယ် ..
နိုင်ငံခြားသား အများစု စီးကြတဲ့ ကားဖြစ်လို့ .. Bus Attendant ကလည်း English လို ကောင်းကောင်း ပြောနိုင်တယ် .. အရမ်း service ကောင်းတယ် .. ထိုင်ခုံတွေကလည်း VIP 2+1 မို့ အရမ်း သက်တောင့် သက်သာ ရှိပါတယ် ..
ကားပေါ်မှာ Wifi လည်း ကောင်းတယ် .. အခုတောင် ကားပေါ်မှာ တင်လိုက်တာ .. အစားအသောက်ကလည်း ကော်ဖီ ပေါင်မုန့် ရေသန့် တွေပေးလို့ မနက်စာ အတွက်ဝယ်သွားစရာတောင်မလိုတော့ဘူး ..
နေ့လည်စာကိုလည်း ထမင်းကြော်ကျွေးသေးတယ် ဒါ့အပြင် လမ်းမှာရပ်ပေးတဲ့အချိန်ကျရင်လည်း ကိုယ်ကြိုက်တာ ဝယ်စားလည်းရပါတယ် ..
နောက်ဆုံး တစ်ခု အရမ်းအဆင်ပြေတာက .. Cambodia border မှာ ဖြည့်ရမဲ့ Immigration card တွေကို ကားပေါ်မှာကတည်းက အကုန်လုံးကို ပေးထားတာကြောင့် ကြိုပြီးဖြည့်ထားလို့ရတယ် Border ဖြတ်တဲ့အချိန် အရမ်းမကြာတော့ဘူး … Myanmar Passport က Visa မလိုဘဲ 14 ရက် ရပေမဲ့ .. တချို့ 14 ရက်ထက် ပိုနေချင်တယ် ဆိုရင်လည်း Bus Attendant ကိုပြောပြီး ၁ လဗီဇာ ကြိုလျှောက်ထားခိုင်းလို့ရတယ် .. တခြား ဘာမှ မလိုဘူး Passport ကို ဓါတ်ပုံရိုက်ပြီး ပို့ယုံပဲ .. ဝန်ဆောင်ခပါ အပါဆို USD 40 ပေးရတယ် ..

အားလုံး ခြုံပြီးပြောရရင်တော့ တော်တော်လေး အဆင်ပြေတဲ့ Bus ပါ .. ခရီးသွားတာ သက်တောင့် သက်သာနဲ့ စိတ်မရှုပ်ချင်ဘူးဆိုရင် ရွေးချယ်သင့်တယ် .. စျေးကတော့ တခြားကားတွေထက် ပိုများပေမဲ့ .. ပေးရတာနဲ့ တန်တယ်လို့တော့ မြင်မိတယ် ..
Online က ဝယ်လို့ အဆင်မပြေရင် .. ခေါက်ဆန်ရုံးမှာ ကိုယ်တိုင် သွားဝယ်လိုက်လည်းရတယ်နော် .. ဒါလေးကတော့ Bus review လေး သီးသန့်ပဲ .. တခြား အကြောင်းတွေကိုတော့ နောက် ပို့စ်တွေမှာ တင်ပေးပါမယ် .. ကျေးဇူးပါ