Amigos India

အမ်မာ ဒေလီရောက်တိုင်း တည်းတဲ့ hostel လေး .. ခွေးလေးတွေကိုချစ်လို့ဆိုပြီး ဘယ်မှာလဲလာမေးကြလို့ .. Qutab Minar နားမှာရှိတာပါ ..

Hostel လေးက အရမ်းမိုက်တယ် .. Host တွေကလည်း လူငယ်တွေပဲ .. လွတ်လွတ်လပ်လပ်နဲ့ နေလို့ ကောင်းတယ် .. ခွေးလေးတွေကလည်း လူအရမ်းယဉ်ပြီး ချစ်ဖို့ကောင်းလို့ အမြဲတမ်း ပြန်သွားနေဖြစ်တာ .. စျေးလေးကလည်း Dorm ဆို တစ်ညကို 400 Rs (မြန်မာငွေ ၂ သောင်း) လောက်ပဲရှိပြီးတော့ breakfast ပါ ပါပြီးသားမို့ အရမ်းတန်တယ် ..

Private room တွေလိုချင်ရင်လည်း 1000 Rs ( မြန်မာငွေ ၅ သောင်း) ဝနိးကျင်က စပြီးရှိတယ် .. downtown နဲ့ နည်းနည်းလှမ်းပေမဲ့ .. အမ်မာကတော့ hostel မှာ နားယုံပဲမို့ အပြင်လည်း မထွက်ဖြစ်တော့ အဆင်ပြေတယ် .. တခြားနေရာတွေ ခရီးသွား ပြန်လာရင် ခဏနားတဲ့ နေရာလေးပေါ့ .. စားလိုက် အိပ်လိုက် ခွေးလေးတွေနဲ့ ဆော့လိုက်နဲ့ အားပြန်မွေးပြီးမှ နောက် တစ်နေရာ ဆက်သွား .. အဲလိုလုပ်တာ ..

အရင်ကတော့ ခွေးလေး ၂ ကောင် “မော်ဖီ”နဲ့ .. “ဘလူ” ပဲရှိတာ .. ဒီတစ်ခေါက် ပြန်လာတော့ “ကိုကို” ပါထပ်ရောက်နေတယ် .. ၃ ကောင်ဖြစ်သွားပြီ .. တစ်ရက်တစ်ရက် သူတို့တွေနဲ့ မပျင်းရဘူး 😊 ..

Hostel

နောက်ပြီး သဘောကျတာလေး တစ်ခုက hostel ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် တောအုပ် အသေးလေး တစ်ခု ရှိတယ် .. reserved area ပေါ့ .. ညနေစောင်းဆို လမ်းလျှောက်ပြီး sunset ကြည့်လို့ရတဲ့ တောင်ကုန်းလေးလည်းရှိတယ် .. နားအေး ပါးအေးပဲ .. ကံကောင်းရင် တစ်ခါတစ်လေ သမင်လေးတွေ ဒေါင်းလေးတွေလည်း တွေ့ရတတ်တယ် ..

တကယ်လို့ အဲဒီလို vibe မျိုး သဘောကျရင်တော့ အဲဒီ hostel လေးကို recommend ပေးချင်တယ် .. booking website တော်တော်များများမှာ ရှိပေမဲ့ အမ်မာကတော့ Agoda ကနေပဲ booking လုပ်တာပါ ..

Leave a Reply

Back to top