Doi Inthanon

ချင်းမိုင်ကနေ ၁ နာရီကျော်လောက်ပဲ သွားရတဲ့

Doi Inthanon ဆိုတဲ့နေရာလေး .. တောင်ပေါ်ဒေသဖြစ်လို့ ရာသီဥတုက သိသိသာသာ အေးတယ် ..

ထိုင်းနိုင်ငံထဲမှာ အမြင့်ဆုံးတောင်ထပ်လည်းဖြစ််တဲ့ Doi Inthanon summit ကိုလည်းသွားလို့ရပါတယ် ..

အမ်မာတို့ သွားတဲ့အချိန်က မိုးရွာပြီး မြူတွေဆိုင်းနေလို့ ရှူခင်းမမြင်ရမဲ့အတူတူ ဆိုင်ကယ်နဲ့ အန္တရာယ်လည်းများလို့ မသွားခဲ့ရဘူး ..

ဒါပေမဲ့ အဲဒီနေရာတစ်ဝိုက်က hotel တွေ homestay တွေ အကုန်လုံးက ရှုခင်းအရမ်းလှတယ် .. အနီးဝန်းကျင်မှာ ရေတံခွန်တွေလည်း အများကြီးပဲ ..

နောက်ထပ် သဘောကျတာ တစ်ခုက လှေကားထစ် စပါးခင်းတွေ .. အခုကတော့ season ချိန် မဟုတ်လို့ လူသိပ်မရှိဘူး .. October လလောက်ကစပြီး သွားလို့ အဆင်ပြေတယ် ..

Doi Inthanon

Leave a Reply

Back to top