*** ပထမဆုံး အရေးကြီးတာက ဘန်ကောက်ထဲမှာ လုပ်မှပဲ ရက် ၃၀ တိုးပေးတာပါ *** တခြား မြို့တွေဆိုရင် ၇ ရက်ပဲ ပေးပါတယ် … အမ်မာ အစက Samut Parakan ရုံးကိုသွားသေးတယ် မရခဲ့ဘူးနော် …
ဘန်ကောက်မှာ သက်တမ်းတိုးဖို့ဆို TM 30 က ဘန်ကောက်လိပ်စာဖြစ်ဖို့ လိုပါတယ် .. ကိုယ်နေတဲ့ နေရာက TM 30 အဆင်မပြေရင် ဝယ်လို့ရပါတယ် ဘတ် ၂၅၀ လောက်ပေးရတယ် ..
နောက်တစ်ခုက သံရုံးထောက်ခံစာ .. ၁၄ ရက်နဲ့ လာတဲ့သူတွေကို သက်တမ်းကုန်ဖို့ ၇ ရက်အလိုမှ ထောက်ခံစာထုတ်ပေးပါတယ် .. အရမ်းစောသေးရင် မရပါဘူးနော် .. သံရုံးထောက်ခံစာလုပ်ဖို့အတွက်ဆိုရင် passport copy နဲ့ visa stamp copy တစ်စုံ ရယ် ဘဏ်ငွေသွင်း ချလန်ရယ် တွဲတင်ရတယ် .. ဘဏ်ငွေသွင်းတာကလည်း သံရုံးနားက ဘဏ်မှာတင်လုပ်လို့ရတယ် ဘတ် ၁၅၀ ပါ .. ဘဏ်က မနက် ၈:၃၀ ဆိုဖွင့်ပြီးတော့ သံရုံးက ၉ နာရီမှာ စပြီးဖွင့်ပါတယ် .. စောသေးရင် တိုကင်ယူပြီး စောင့်နေရတယ် .. visa extension လုပ်ဖို့လို့ ပြောလိုက်ရင် .. ညနေ ၄ နာရီလောက်ဆို ပြန်သွားယူလို့ရပြီ .. အဲဒီအတွက် တစ်ရက်တော့အချိန်ပေးရတယ် ..

TM 30 နဲ့ သံရုံးထောက်ခံစာရပြီဆိုရင် lak si မှာရှိတဲ့ IT square ကိုသွား .. ( BTS နဲ့ဆိုရင် အစိမ်းကနေ ပန်းရောင်ပြောင်းစီးပြီး Lak si station မှာဆင်း လမ်းကူးလိုက်ရင် ရောက်ပြီနော် .. ) Immigration ရုံးက ၃ လွှာမှာပါ .. ရောက်ရောက်ချင်း form ဖြည့်ဖို့ စာရွက်တွေထားတဲ့နေရာမှာ ယူ .. တစ်ခါတစ်လေ သူတို့ထားပေးတာမတွေ့ရင် မိတ္တူဆိုင်တွေမှာ ဝယ်လို့ရပါတယ် .. စာရွက် ၄ ရွက်တွဲထားတယ် .. တချို့စာရွက်ကတော့ မလိုဘူး ဒါပေမဲ့ လိုရမယ်ရ အကုန်ဖြည့်ထားပေးလိုက်တယ် .. ဖြည့်ရတဲ့ နမူနာ ပုံစံကို board မှာကပ်ပြထားတာ ကြည့်ပြီးဖြည့်လို့ရပါတယ် ..
အဲဒါပြီးရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်လုံး
*TM 30
*သံရုံးထောက်ခံစာ
*passport & visa stamp copy တစ်စုံ
*ဓါတ်ပုံ 4×6 cm တစ်ပုံ (မရှိရင် အဲဒီနားကဆိုင်တွေမှာပဲ ရိုက်လို့ရတယ် ဘတ် ၁၀၀)
အဲဒါတွေနဲ့ application check လုပ်တဲ့နေရာ step 1 &2 ကိုသွားပြီး တန်းစီစောင့်ရပါတယ် .. စာရွက်စာတမ်းတွေ စစ်ပြီး ပြည့်စုံပြီဆိုရင် token no. လေးပေးလိမ့်မယ် .. step 3 နေရာကိုသွား ကိုယ့်အလှည့်ကို စောင့်ယုံပါပဲ ..
Step 3 မှာ တစ်ခါကို လူဆယ်ယောက်စီခေါ်ပြီး ရုံးခန်းထဲသွင်းပါတယ် .. အထဲမှာ ကိုယ့် နံပါတ်ခေါ်တဲ့ ကောင်တာကိုသွား စာရွက်တွေနဲ့ ဘတ် ၁၉၀၀ ပေး ဓါတ်ပုံရိုက် ပြန်ထွက်လာပြီးရင် passport စာအုပ်ပြန်ရဖို့အတွက် ပြန်စောင့်ရပါတယ် ..
Step 4 စာအုပ်ပြန်ရတဲ့အချိန်မှာ အထဲက သက်တမ်းတိုးပေးလိုက်တဲ့ ရက်စွဲတွေ မှန်မှန် ပြန်စစ်ကြည့်ပါ .. မှန်ပြီဆိုရင်တော့ သက်တမ်းတိုးတဲ့ process အကုန်လုံး ပြီးဆုံးသွားပါပြီ .. မနက် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီလောက်မှာ ပြီးတယ်ဆိုတော့ အစအဆုံး ၄ နာရီလောက်တော့ ကြာတယ် .. (လူအနည်းအများပေါ်လည်း မူတည်ပါတယ်)
စုစုပေါင်း ကုန်ကျစာရိတ်က
TM 30 = 250
သံရုံးထောက်ခံစာ = 150
ဓါတ်ပုံ = 100
Visa fees = 1900
Total = 2400 baht ပါ
Agent တွေနဲ့ လုပ်ရင်တော့ service fees အပါအဝင် 3000-3500 ပေးရပါတယ် ..
အချိန်မပေးနိုင်ရင်တော့ Agent နဲ့လုပ်တာ ပိုအဆင်ပြေတယ် .. အမ်မာကတော့ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ process အဆင့်ဆင့်ကို သိချင်တာရယ် ကိုယ်လည်း အားနေတာနဲ့ ကိုယ်တိုင်ပဲ သွားလုပ်လိုက်တာ .. အခုလိုမျိုး သူများတွေကိုလည်း ပြန်ပြီး sharing လုပ်ပေးချင်လို့ပါ ..
ဒါက 14 ရက် ဗီဇာနဲ့ လာတဲ့ သူတွေအတွက်ပဲနော် .. TR တွေ သက်တမ်းတိုးရင်တော့ requirements အနည်းငယ်ကွာနိုင်ပါတယ် .. အမ်မာကတော့ TR နဲ့ မလုပ်ဖူးတော့ အတိအကျမသိပါဘူး ..
ဒီလောက်ဆိုရင်တော့ ကိုယ်တိုင်သွားပြီး သက်တမ်းတိုးချင်သူတွေအတွက် အဆင်ပြေမယ်လို့ထင်ပါတယ် .. အဓိက မှာချင်တာက Form ဖြည့်တဲ့အခါ နည်းနည်း ဂရုစိုက်ပြီး ဖြည့်ပါနော် .. ထိုင်းနဲ့ Eng လို 2 ခုရေးထားပေမဲ့ .. အပေါ်နဲ့အောက် လိုင်းတွေမှားရေးမိတတ်လို့ .. မသေချာရင် နမူနာပုံစံ ကိုကြည့်ပြီးဖြည့်ပါ .. ရုံးထဲမှာလည်းရှိပေမဲ့ လိုရမယ်ရ ဓါတ်ပုံရိုက်လာတယ် .. ကြည့်ကြည့်နော် .. တခြားသိချင်တာရှိရင်လည်း message box or comment မှာ မေးခဲ့လို့ရပါတယ် ..