Bali ကိုအလည်သွားတုန်းက ကျွန်းရဲ့မြောက်ဖက်ပိုင်းမှာ Mount Batur ဆိုတဲ့ မီးတောင်နေရာလေးရှိတယ် .. ရှုခင်းတွေလှပြီးတော့ trekking သွားကြတဲ့သူတွေများလို့ Emma လည်းသွားကြည့်ဖြစ်တယ် ..
ဒီတစ်ခါ ပြောပြချင်တာကတော့ အဲဒီနေရာရဲ့ review မဟုတ်ဘူး .. ဒေသခံလူတွေရဲ့ အကြောင်းလေးပါ .. Emma တည်းခဲ့တဲ့နေရာက Hotel အကြီးကြီးမဟုတ်ပါဘူး .. မိသားစု တစ်နိုင် တစ်ပိုင် စီးပွါးလုပ်တဲ့ Home stay လေးပါ .. တောင်ခြေက ရွာငယ်လေးလိုဖစ်တာကြောင့် အိမ်တွေက ခြံနဲ့ ဝိုင်းနဲ့ အကျယ်ကြီးတွေပေါ့ ..

တချို့ကတော့ လွတ်နေတဲ့ မြေကွက်လပ်တွေမှာ သီးနှံတွေစိုက်ကြတယ် ..
Emma တည်းခဲ့တဲ့ home stay ပိုင်ရှင်ကတော့ အခန်းလေးတွေ ဆောက်ပြီး ပြန်ငှါးတယ် .. အများကြီးမဟုတ်ဘူး .. ၄၊၅ ခန်းလောက်ပဲ .. ဘန်ဂလိုလေးတွေလည်းရှိတယ် ..
သူတို့မိသားစုကလည်း အတူတူ အဲဒီမှာပဲနေကြပြီးတော့ .. လင်မယား ၂ ယောက်အပြင် ကလေးတွေ ၃၊၄ ယောက်နဲ့ ခွေး ၂ ကောင်ပါရှိသေးတယ် .. အကုန်လုံးက ဖော်ဖော်ရွေရွေနဲ့ ဧည့်သည်လာပြီဟေ့ဆို ပျော်နေတာပဲ .. ကလေးလေးတွေကလည်း Tourists တွေနဲ့ နေသားကျတော့ English လို အနည်းအကျဉ်း ပြောတတ်ဆိုတတ်ပေါ့ ..
အစတုန်းကတော့ အဲဒီ homestay လေးကို စျေးသက်သာပြီး ရှုခင်းလေး လှလို့ဆိုပြီး ရွေးမိတာပဲ .. တကယ်တမ်း လူတွေကလည်း အရမ်းသဘောကောင်း ဖော်ရွေတော့ အတိုင်းထက်အလွန်ပဲ ..
ညဖက်ဆို မီးပုံပွဲလုပ်ပြီး ရှိသမျှဧည့်သည်ကို ဒေသထွက် ဝိုင်နဲ့ မုန့်တွေကျွေးတာ free နော် .. ပိုက်ဆံပေးစရာမလိုဘူး .. အဲဒီ home stay ပိုင်ရှင်ကဆိုလည်း ပြောပြတာ သူက ဒီလိုမျိုး ဧည့်သည်တွေနဲ့ နေရတာကို ပျော်တာတဲ့ .. တကယ်တမ်း အခန်းခ ရတဲ့ ပိုက်ဆံနဲ့ ယှဉ်ရင် သူပြန်ကျွေးတာ ဘာညာနဲ့ ဘာမှတောင် ကျန်မှာမဟုတ်ဘူး .. Emma တွက်ကြည့်တာလေ ..
Emma ဆိုရင်လည်း အဲဒီနားမှာ တခြား စားသောက်ဆိုင်တွေ မရှိတော့ သူတို့ဆီကပဲ အစားအစာတွေ မနက် ၊ နေ့လည်၊ ည စာမှာစားတာ .. breakfast ကတော့ အစတည်းက အခန်းယူရင်ပါပြီးသားဆိုပေမဲ့ .. ကိုယ်ထင်တာ နေ့လည်စာ ၊ ညစာ ဖိုးပေးရမယ်ပေါ့လေ .. တကယ်တမ်း checkout လုပ်တော့ တပြားမှမယူတော့ ကိုယ့်မှာ အားတွေနာပြီး .. နောက်ဆုံးမရတော့ အဲဒါဆို Tip money တော့ယူလိုက်ပါ .. နင်တို့ service ကိုအရမ်းသဘောကျလို့ ဆုချတာ လို့ပြောမှ ယူတယ် ..
အဲဒီကနေ နောက်တစ်နေရာ ပြောင်းတော့လည်း ဆိုင်ကယ်နဲ့ လိုက်ပို့တာကို ကယ်ရီခ အတင်းပေးရတယ် .. ကလေးတွေကမယူလို့ မုန့်ဖိုးဆိုပြီးပေးရတယ် .. .. ကိုယ် ပိုက်ဆံသက်သာလို့ပြောတာ မဟုတ်ဘူးတကယ် .. သူတို့ကို ကြည့်ပြီး စိတ်တွေချမ်းသာလို့ ..
မိသားစုက မချမ်းသာပါဘူး .. ဒါပေမဲ့ အေးချမ်းပြီး ပျော်ရွှင်နေလို့ .. ကိုယ်ပြန်တဲ့နေ့က ကိုယ့်ကိုနှုတ်ဆက်ပြီး ဧည့်သည်အသစ်တွေထပ်ရောက်လို့တဲ့ တစ်အိမ်သားလုံး ပြုံးလို့ ပျော်လို့ .. အဲဒါမျိုး နွေးထွေးမှုက စျေးကြီးပေးရတဲ့ ဇိမ်ခံ hotel ကြီးတွေမှာ မရနိုင်ဘူး တကယ်.. ၂ ရက်လောက်ပဲ အတူတူနေလိုက်လို့ မိသားစုတွေလိုပဲ .. အကြောင်းတိုက်ဆိုင်လို့ ဘာလီ နောက်တစ်ခေါက် ရောက်ဖြစ်ရင်လည်း သူတို့ဆီ အလည်ပြန်သွားဦးမယ်လို့ တွေးမိတယ် ..
Emma တွေ့ရသလောက်ကတော့ ဒေသခံ လူတွေ တော်တော်များများက စိတ်ရင်းကောင်းပြီး ဖော်ရွေကြပါတယ် .. တချို့ တစ်ယောက်တစ်လေကတော့ မကောင်းတဲ့သူပါမှာပေါ့လေ .. ဒါပေမဲ့ အဲဒီတစ်ယောက်ကြောင့် တော့ ဘာလီက လူတွေအကုန် နာမည်ပျက်လို့ မဖြစ်သေးဘူး .. တော်တော်များများ Tourists တွေကြားမှာ နာမည်ကြီးတာ ဘာလီက ဂျင်းပေါတယ်ဆိုပြီးတော့ .. အဲဒါကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားတာ ..
နောက်ထပ်ပြီးတော့ ခရီးသွားအတွေ့အကြုံလေးတွေ sharing လုပ်ပေးဦးမှာမို့ follow လုပ်ထားကြဦးနော် ..