အင်ဒိုနီးရှား ဘာလီကျွန်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားချင်တဲ့သူတွေအတွက်ပါ .. 

တကယ်တော့ ဘာလီကျွန်းက အကျယ်ကြီးဖြစ်ပြီးတော့ လည်ပတ်စရာနေရာတွေလည်းများပါတယ် .. Emma သွားတုန်းကတော့ တစ်လနီးပါး (visa ကရက် ၃၀ရလို့) နေခဲ့ပေမဲ့ အချိန်မရလို့ .. ၄၊၅ ရက်လောက်ပဲ နေချင်တဲ့သူတွေအတွက် အဓိက သွားရမဲ့ နေရာလေးတွေပဲ ပြောပြပေးသွားမယ်နော် .. 

ပထမဆုံး လေယဉ်လက်မှတ်အကြောင်းပြောရရင် ရန်ကုန်ကနေဆိုရင်တော့ စျေးများပါတယ် အသွားအပြန်ကို USD 350-400 ဝန်းကျင်လောက်ရှိတယ် .. ဘန်ကောက်တို့ စင်္ကဦပူတို့ကနေသွားရင်တော့ တော်တော်လေး သက်သာပါတယ် .. တစ်ကြောင်းကို USD 100 ဝန်းကျင်လောက်ပဲ .. Emma ကတော့ စင်္ကာပူကသွားတာဖြစ်လို့ ကြာချိန်ကလည်း ၁နာရီခွဲ ၂ နာရီလောက်ပဲ စီးရတာသိပ်မပင်ပမ်းဘူး .. ဝယ်ရမဲ့ လေဆိပ်ကတော့ DPS လို့အတိုကောက်ခေါ်တဲ့ Denpasar ပါ .. ဘာလီရဲ့ အဓိကကျတဲ့မြို့ကြီးတစ်ခုလည်းဖြစ်ပါတယ် .. 

ဘာလီကျွန်း

Denpasar immigration ကတော့ အမြဲ tourists တွေနဲ့အပြည့်ဖြစ်တာကြောင့် တန်းစီရတဲ့အချိန်ကတော်တော်လေးကြာပါတယ် .. Visa တွေ ဘာတွေမလိုဘဲ .. Passport ကိုင်ပြီး သွားလို့ရပါတယ် .. အပြန်လက်မှတ်ရယ် ၊ hotel booking လေးတော့ ဆောင်သွားပေါ့နော် .. 

ရောက်ရောက်ချင်းကို ပင်ပမ်းလို့ အဝေးကြီးမသွားချင်ရင် လေဆိပ်နဲ့ အနီးတဝိုက်မှာရှိတဲ့ Kuta Beach , Seminyak Beach တွေနားမှာ ၁ ရက်၊၂ ရက် နေလို့ရပါတယ် .. ဘာလီရဲ့ beach တွေအများကြီးရှိတဲ့ထဲက နာမည်အကြီးဆုံး tourists အများစု သွားကြတဲ့နေရာတွေပါ .. ကော်ဖီဆိုင်တွေ beach bar တွေနဲ့ အပြည့်ဖြစ်ပြီးတော့ .. ဝါသနာပါရင် surf lesson တွေလည်း join လို့ရပါသေးတယ် .. ပြီးရင် beach mall ထဲလည်း လျှောက်ပတ်ကြည့်ပေါ့ .. စျေးနှုန်းတွေက သက်သာပါတယ် 😊 

Beach မှာ ၂ ရက်လောက်အနားယူလို့ ကျေနပ်သွားပြီဆိုရင်တော့ ဘာလီရောက်ရင် မဖြစ်မနေ သွားကိုသွားရမဲ့ Nusa penida ကျွန်းကိုသွားဖို့အတွက် Sanur ဆိုတဲ့ နေရာလေးကိုအရင်သွားရပါမယ် .. ကျွန်းကိုသွားတဲ့ tour တွေက နေ့ချင်းပြန်လည်းရှိသလို ကျွန်းပေါ်မှာ ညအိပ်နေချင်ရင်လည်းရပါတယ် .. ညအိပ်ချင်ရင်တော့ အထုပ်အပိုးတွေပါယူပြီး Ferry နဲ့ကူးပါ .. Sanur ကိုရောက်ရင် Ferry စီးရမဲ့နေရာရှိပါတယ် .. company တွေလည်းအများကြီးပါပဲ .. ကိုယ်အဆင်ပြေတဲ့ company နဲ့ join လို့ရတယ် .. ကျွန်းပေါ်မှာ လည်ပတ်ဖို့ ကားကို ကြိုချိတ်ထားလို့ရသလို .. ဟိုဖက်ရောက်မှ ကားရှာရင်လည်းလွယ်ပါတယ် .. အစက ဟိုဖက်မှာ ကားမရလောက်ဘူးထင်လို့ ကြိုငှါးသွားလိုက်တာ .. 

Nusa Penida ကလည်း ဘာလီနဲ့ယှဉ်ရင် သေးပေမဲ့ .. တစ်ကျွန်းလုံး အနှံ့လည်မယ်ဆိုရင်တော့ တစ်ရက်နဲ့အချိန်မလောက်ပါဘူး .. အဲလိုဆိုတော့ ကျွန်းရဲ့ အရှေ့ဖက်အခြမ်းကို သွားမလား ၊ အနောက်ဖက်သွားမလား ရွေးလို့ရပါတယ် .. ၂ မျိုးလုံးသွားချင်ရင်တော့ ၂ ရက်အချိန်ပေးရပါမယ် .. Emma တို့ကတော့ လူအများစု သွားကြတဲ့ .. Angel’s Billabong, Broken Beach, Kelingking Beach, diamond beach တွေပါတဲ့ west tour ကို ရွေးလိုက်ပါတယ် .. အဲဒီနေရာတွေမှာ မြင်ရတဲ့ မြင်ကွင်းတွေက တကယ်ကို ရင်သပ်ရှုမောပါပဲ .. ရေတွေဆိုလည်း ပြာပြီးကြည်နေတာပဲ .. အဲဒီက car drivers တွေက ဓါတ်ပုံရိုက်တာလည်း တော်ပြီး စိတ်ရှည်လို့ တစ်နေရာ ရောက်ရင် မငြီးမငြူ ပုံတွေလိုက်ရိုက်ပေးရှာတယ် .. 😅 

Emma တို့ကတော့ ညမအိပ်ဘဲ day trip ပဲသွားတာဖြစ်လို့ ညနေစောင်းမှာ ferry ပြန်စီးပြီး Sanur ကို ပြန်လာပြီး အဲဒီနားမှာပဲ တစ်ညအိပ်လိုက်တယ် .. နောက်ရက်ကျတော့ Ubud ဆိုတဲ့ မြို့လေးကိုဆက်သွားပါတယ် .. 

Ubud က ဘာလီကျွန်းရဲ့ အလယ်နားလောက်မှာရှိနဲ့ တောင်ပေါ်မြို့သေးသေးလေးပါ .. Emma ကတော့ DPS ထက်စာရင် Ubud ကို ပိုသဘောကျပါတယ် .. အေးအေးချမ်းချမ်း စိုက်ခင်းတွေ .. လယ်ကွင်းပြင်တွေ သစ်တောတွေနဲ့ စိမ်းလန်းပြီးတော့ ရာသီဥတုကလည်း ပိုအေးပါတယ် .. Instagram မှာ အများစုတွေ့ရတဲ့ လှေကားထစ် စပါးခင်းတွေနဲ့ Bali swings ကလည်း Ubud မှာပဲရှိတာပါ .. swings တွေကအများကြီးပါ .. ကော်ဖီဆိုင်လေးတွေ resort တွေသွားရင်းနဲ့ ဓါတ်ပုံလှလှလေးတွေရိုက်လို့ရပါတယ် .. ဂါဝန်အရှည်ကြီးနဲ့ရိုက်ချင်ရင်လည်း ငှါးလို့ရတယ် .. Emma ကတော့ အဲလိုတွေသိပ်မကြိုက်လို့ မရိုက်ခဲ့ဘူး .. 

Budget trip လေးတွေ ဘယ်လိုသွားလဲ

Ubud မှာထပ်ပြီး မဖြစ်မနေသွားရမဲ့ နေရာတစ်ခုကတော့ monkey forest ပါ .. တိလေးတွေ ချစ်တတ်တဲ့သူဆို အရမ်းပျော်မှာ .. လွတ်လွတ်လပ်လပ် သွားလာပြီး ပြေးလွှားဆော့ကစားနေကြတဲ့ မျောက်လေးတွေကို ကြည့်ပြီး .. သဘာဝ သစ်တောထဲက ရှုခင်းလေးတွေနဲ့ အရမ်းကို စိတ်ချမ်းသာစရာကောင်းတယ် .. monkey selfie လည်းအတူတူရိုက်လို့ရသေးတယ် .. ဒါပေမဲ့ သတိထားရမှာတစ်ခုက မျောက်လေးတွေ မျက်စိကျမဲ့ ပစ္စည်းမျိုးတွေ .. ရွှေငွေ စတီး လက်ဝတ်ရတနာတွေ .. မျက်မှန် နာရီ .. မုန့်ထုပ်တွေ ယူမသွားပါနဲ့နော် .. အဲဒါဆိုရင် သူတို့လိုချင်လို့ လုတာ ယက်တာဖြစ်တတ်တယ် ပြီးတော့ .. ဓါတ်ပုံရိုက်ရင် flash မီးမသုံးဖို့ သတိပြုပါ ..

အချိန်ထပ်ရရင်တော့ Ubud ကနေ အပေါ်ကိုဆက်ရင် .. mount Batur ဆိုတဲ့ မီးတောင်ရှင်နေရာကို သွားလို့ရပါတယ် .. Mount Batur ဝန်းကျင်ကတော့ ရွာသေးသေးလေးတွေနဲ့ home stay .. resort တွေပဲရှိတယ် .. တကယ့် သဘာဝနဲ့ထိတွေ့ပြီး ခံစားချင်ရင်တော့ အဲဒီမှာ ၁ရက် ၂ ရက်လောက် ထပ်နေလို့ရပါတယ် .. Emma ကတော့ အချိန်အကြာကြီးရလို့ ၁ ပတ်လောက်ကြာအောင်နေဖြစ်တယ် .. မီးတောင်ရှင်ဆိုပေမဲ့ အန္တရာယ်မရှိလို့ ဒေသခံတွေလည်း အေးအေးဆေးဆေးနေထိုင်ကြတာပါ .. hiking ဝါသနာအိုးတွေအတွက်ကတော့ မနက်စောစော တောင်ပေါ်တက်ပြီး sunrise ကြည့်ရတဲ့ မြင်ကွင်းကတော်တော်လေး လှတာပါ .. Emma ကတော့ သွားချင်ပေမဲ့ .. အဲဒီမတိုင်ခင်က ခြေထောက်ထိထားတာ သိပ်မလျှောက်နိုင်တော့လို့ မသွားဖြစ်ခဲ့ဘူး .. Emma တို့ တည်းတဲ့ homestay က ပိုင်ရှင်တွေကလည်း အရမ်းသဘောကောင်းပါတယ် .. hiking guide လည်း သူတို့ပဲလုပ်တယ် .. အခန်းခတွေကလည်း အရမ်းစျေးသက်သာပါတယ် ..

Mount Batur နဲ့ပတ်သတ်ပြီး အသေးစိတ်ကတော့ သီးသန့်ပို့စ်လေးခွဲတင်ပေးထားတာရှိလို့ ဖတ်ကြည့်နော် .. အဲဒီကနေ ထပ်သွားချင်သေးရင် ဘာလီကျွန်းမြောက်ပိုင်းက ကမ်းခြေတွေလည်း သွားလို့ရပါသေးတယ် .. ဒါပေမဲ့ အဲဒီဖက်ကတော့ transportation သိပ်အဆင်မပြေပါဘူး .. taxi ပုံစံမျိုးတွေမရှိဘူး .. ဆိုင်ကယ်ငှါးပြီးကိုယ်တိုင်မောင်းသွားရတာမျိုးပါ .. 

အမ်မာကတော့ ဆက်မသွားတော့ဘဲ အဲဒီကနေ DPS beach ဖက်ကိုပြန်လာတယ်ပေါ့နော် ..

အားလုံးခြုံပြီးပြန်ပြောရရင်တော့ ..

ရောက်ရောက်ချင်း Kuta , Seminyak ဖက်မှာ ၂ ရက် ..

Nusa penida ကျွန်းသွားတဲ့ရက် Sanur မှာ ၁ ရက် ..

Ubud မှာ ၂ ရက် ..

Mount Batur မှာ ၁ ရက်လောက်နေရင် ဘာလီကိုတော်တော်လေး နှံ့သွားပါပြီ .. 

အပေါ်မှာ ထည့်ပြီး မပြောဖြစ်လိုက်တာတွေက temples တွေအကြောင်းပါ .. ဘာလို့လဲဆိုတော့ ဘာလီကျွန်းအနှံ့မှာ နာမည်ကြီးပြီး လှပတဲ့ ဘုရားကျောင်းတွေ အများကြီးရှိလို့ .. ကိုယ် တည်းတဲ့နေရာဝန်းကျင်က ဘုရားကျောင်းတွေကို အဆင်ပြေသလို လည်ပတ်လို့ရပါတယ် .. DPS မှာဆိုရင် ဟိုဟိုဒီဒီသွားချင် Grab ကိုသုံးပြီး Taxi ငှါးလို့ရတော့ အရမ်းအဆင်ပြေတယ်နော် .. 

ဒီထက်ပိုပြီး နေရာစုံအောင် လည်ပတ်ချင်ရင်တော့ .. Emma တုန်းကလို ၃ ပတ်ကျော် ၁ လနီးပါးလောက် နေမှပဲ အဆင်ပြေမယ် .. 

ဒါတောင် Gili Island တို့ ဘာတို့ မရောက်ခဲ့ဘူး .. 

နောက်တစ်ခါသွားဖြစ်ရင်တော့ Gili ကိုသွားဖြစ်အောင် သွားမယ်လို့စဉ်းစားထားတယ် .. diving, snorkeling လုပ်ချင်တဲ့သူတွေအတွက် သွားသင့်တယ်လို့ အကြံပေးချင်တယ် .. 

ကုန်ကျစာရိတ်ကတော့ .. 

budget range ဆို 20-30 per day

Mid range ဆို 40-60 per day နဲ့

Luxury ဆိုရင် 70-100 per day လောက်မှန်းထားလို့ရပါတယ် .. လေယဉ်လက်မှတ်ကတော့ ကိုယ်နေတဲ့ နေရာပေါ်မူတည်တာမို့ မတူနိုင်ဘူးပေါ့နော် .. 😊 

ဒီထက်ပိုပြီး အသေးစိတ်ရင် ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ဒီမှာပဲရပ်တော့မယ်နော် .. တခြားသိချင်တာရှိရင်တော့ messenger မှာလာမေးလို့ရပါတယ်ရှင် .. ကျေးဇူးပါ 😊

Leave a Reply

Your email address will not be published. Required fields are marked *

Back to top