Siem Reap မှာ Angkorwat ကလွဲရင် တခြား ဘယ်တွေ သွားလို့ရသေးလဲ ..

ချန်ထားရင် အကြွေးတွေပိပြီး မတင်ဖြစ်တော့မှာစိုးလို့ .. မနေ့က သွားခဲ့တဲ့ Siem reap က နေရာလေးတွေ အကြောင်း တစ်ခါတည်း တင်ပေးလိုက်တော့မယ် ..

(Video တွေက ပြန်စစ် Edit ရဦးမှာ ပျင်းလို့ ဓါတ်ပုံလေးပဲ အရင်ကြည့်)

ပထမဆုံး ပြောချင်တာက .. တခြား နာမည်ကြီး နေရာတွေ လည်လို့ရပါတယ် ရေတံခွန်တွေ .. သစ်တောတွေ ဒါပေမဲ့ အဲဒါကျတော့ Tour group တွေနဲ့ Join ရမှာ .. မြို့ကနေ အတော်လှမ်းတယ် ..

အခုပြောပြမဲ့ နေရာလေးတွေက မြို့ထဲမှာပဲ ရှိလို့ ကိုယ့်ဖာသာ တုတ်တုတ် ငှါးသွားလို့ရတယ် .. 1 dollar / 2 dollar လောက်ပဲ ကုန်တယ် ..

ပထမသွားခဲ့တာ Botanical Garden.. သူက အန်ကာဝပ်သွားတဲ့ main လမ်းမကြီးဘေးတင်ရှိတာ .. မြို့ထဲကနေသွားရင် ၁၀ မိနစ်လောက်ပဲ .. ဝင်ကြေးက Free .. ဘာတွေ ရှိလဲဆိုရင် Botanical Garden ဆိုတဲ့ အတိုင်း အပင်တွေ ရှိတာပေါ့ .. ဝင်ကြေးလည်း မကောက်တဲ့ အတွက်ကြောင့် အများကြီး မျှော်လင့်ထားလို့တော့ မရဘူး .. အပင်လေးတွေ သဘောကျတဲ့သူတွေ အတွက် အဆင်ပြေမယ် .. နားအေး ပါးအေးနဲ့ မိသားစု ပျော်ပွဲစားလိုမျိုး သွားလို့ရမယ် .. ကြက်တွေ ဘဲတွေ တခြား အကောင်လေးတွေ မွေးထားတာ ကြည့်လို့ရမယ် .. hiking တိုတိုလေးလိုမျိုး လည်းသွားလို့ရတယ် .. Cambodiaမှာ အလေ့ကျပေါက်လေ့ ရှိတဲ့ အပင်တွေ ပန်းတွေ လေ့လာလို့ရမယ် .. ပန်းကတော့ season နဲ့လည်း ဆိုင်တာမို့ ကိုယ်သွားတဲ့အချိန် ပွင့်တဲ့ပန်းပဲ မြင်ရမှာပေါ့နော် .. အထဲမှာ ကော်ဖီဆိုင်လေး ရှိလို့ အေးဆေး ကော်ဖီသောက်ရင်း အနားယူ .. လူမများတော့ ဓါတ်ပုံလှလှလေးတွေ ရိုက်လို့ရတယ် ..

အမ်မာက တော့ အပင်လေးတွေ လျှောက်ကြည့်ရတာလည်ူ ဝါသနာပါလို့ လိုက်ကြည့်တာ သစ်ခွမျိုးစုံရယ် .. တခြား vegetables and fruits.. မလကာသီး နာနတ်သီး ဝါဂွမ်းပင်တွေလည်း တွေ့ခဲ့တယ် .. ကိုယ်တွေ သုံးနေတဲ့ တိုနာဂွမ်းလို ဆေးထည့်တဲ့ ဂွမ်းလိုလေးတွေကို အပင်မှာ မြင်ရတာ ချစ်စရာလေးတွေ .. (အရင်ကတော့ videos ထဲပဲမြင်ထူးတာ) .. နာနတ်ခင်းဆိုရင်လည်း အမျိုးအစားမတူလို့ထင်တယ် .. အပင်က ပန်းရောင်လေးတွေ လှနေရော .. အစက နာနတ်ပင်မှန်းမသိဘူး အသီးမြင်တော့မှ သိတာ 😅 ..

အဲဒီလိုပဲ ဟိုလျှောက် ဒီလျှောက်နဲ့ နေ့တစ်ပိုင်း ကုန်သွားတယ် .. ၁၂ လောက် ရောက်တော့ နောက်တစ်နေရာ တစ်ခါတည်း ဆက်သွားမယ်ဆိုပြီး Cambodia culture village ကို ထွက်ခဲ့တယ် .. ( hotel ပြန်ရောက်ပြီးသွားရင် ပြန်မထွက်ချင်တော့လို့)

Cambodia culture village ကတော့ အဝေးပြေးလမ်းမကြီးပေါ်မှာ ရှိတာ .. Flyer ကြီး အကြီးကြီး ရှီတဲ့ နေရာပေါ့ .. သူကတော့ ဝင်ကြေး 5 dollars ပေးရတယ် .. ပုံစံကတော့ တိုင်းရင်းသား ကျေးရွာ ပုံစံမျိုးပါ .. Cambodia မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုပုံစံ .. နေထိုင်တဲ့ ပုံစံလေးတွေကို ရွာသေးသေးလေးတွေ လုပ်ပြီး ပြထားတာ .. ဘာသာရေး အနေနဲ့လည်း .. Cambodia Buddhism, Chinese, Islam culture တွေ ပြထားတယ် .. Christian လည်း ရှိလားတော့ မသိဘူး .. အကျယ်ကြီးမို့ အမ်မာလည်း နေရာ အနှံ့ မရောက်လိုက်တာရယ် .. ဖုန်းအားကုန်တော့မှာမို့ .. လူလည်း ပင်ပမ်းတော့ ပတ်သင့် သလောက် ပတ်ကြည့်ပြီး ပြန်လာခဲ့လိုက်တယ် .. flyer အကြီးကြီးနဲ့ ကစားကွင်းကတော့ နေ့လည် ၁ နာရီမှ စဖွင့်တာပါ .. ဒါပေမဲ့ နေပူတာနဲ့ မဝင်ခဲ့တော့ဘူး .. ညနေစောင်းလောက်မှ အဆင်ပြေမယ် ..

အားလုံး ခြုံပြောရရင်တော့ မဆိုးပါဘူး 5 dollars ပေးပြီး တစ်နေ့လုံး အချိန် ဖြုန်းလို့ရတယ် .. အထဲမှာလည်း မုန့်ဆိုင်လေးတွေရှိတယ် .. လူလည်း သိပ်မရှိဘူး .. ဓါတ်ပုံလှလှလေးတွေ ရိုက်တတ်ရင် လှတဲ့ နေရာတွေအများကြီးပဲ .. အမ်မာ ကတော့ တစ်ယောက်ထဲမို့ tripod နဲ့ ထောင်ရိုက်တာ .. အဆင်ပြေတဲ့ ပုံလည်း ပြေ .. မပြေတဲ့ ပုံလည်းမပြေပေါ့ 😅 ..

အဲဒါနဲ့ပဲ တစ်ရက်လုံး အချိန်ကုန်သွားတယ် .. နောက်ရက်တွေ ထပ်ပြီး တခြားနေရာတွေ သွားဖြစ်ရင် ထပ်တင်ပေးမယ်နော် ..

အောကွန် 🙏 (ကမ္ဘောဒီးယားလို ကျေးဇူးတင်တယ်လို့ပြောတာပါ 😊)

Leave a Reply

Your email address will not be published. Required fields are marked *

Back to top