India မှာဆိုရင် Maharashtra ပြည်နယ်ကတော့ မသိတဲ့သူမရှိသလောက်ပါပဲ .. အဓိကကတော့ လူတော်တော်များများ ကြားဖူးကြတဲ့ Bollywood Movie Industry ရှိတဲ့ Mumbai မြို့ဟာ Maharashtra ပြည်နယ်ထဲမှာပဲ ရှိနေတာကြောင့်မို့ပါ Maharashtra ဆိုတဲ့နာမည်ကတော့ .. ပြည်နယ် (အရင်တုန်းကနိုင်ငံ) ကိုအုပ်စိုးခဲ့တဲ့ ဘုရင် Chhatrapati Shivaji Maharashtra ကိုအစွဲပြုပြီးခေါ်ကြတာပါ Emma တို့ ဒီတစ်ခေါက်သွားလည်မဲ့နေရာလေးကတော့ Maharashtra ပြည်နယ်ရဲ့ သမိုင်းဝင် .. ခံတပ် နဲ့ battle ground…
Egypt ဆိုတာကတော့ Emma တို့ငယ်ငယ်လေးတည်းက ပုံပြင်တွေ ရုပ်ရှင်တွေကြည့်ပြီးတော့ အရမ်းကို စိတ်ဝင်စားခဲ့ပြီး ကိုယ်တိုင်သွားကြည့်ချင်ခဲ့တဲ့ နေရာလေးတစ်ခုပါ .. Pyramids တွေ Mummy ရုပ်အလောင်းတွေနဲ့ တခြား လူတွေမသိနိုင်သေးတဲ့ အကြောင်းအရာတွေ အများကြီး လျှို့ဝှက်စွာတည်ရှိနေတဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက .. ရှေးဟောင်းသုသေသနပညာရှင်တွေ ၊ သမိုင်းလေ့လာသူတွေက အမျိုးမျိုး ရှာဖွေလေ့လာခဲ့ပေမဲ့ .. အခုထိတိုင် အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ ကျန်ရှိနေပါသေးတယ် ဥပမာ .. ပိရမစ်တွေကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ ၊ ဘာအတွက်ဆောက်ခဲ့တာလဲ…
Egypt ကို ဘယ်လို သွားခဲ့တာလဲ .. review လေး ပြန်ရေးပေးပါဆိုလို့ .. Emma သွားခဲ့တဲ့ ခရီးစဉ်အစ အဆုံးကို အတိုချုံးပြီးပြောပြပေးမယ်နော် .. Emma ပို့စ်တွေတင်ရင် ခရီးစဉ်အစအဆုံး တင်တာမျိုးသိပ်မရှိပါဘူး .. ဘာလို့လည်းဆိုတော့ .. Emma က တစ်နိုင်ငံရောက်ရင် အချိန် အနည်းဆုံး ၃ ပတ် အများဆုံး ၃ လ လောက်ထိ နေပြီး လည်ပတ်တာမို့ .. ပြောစရာအကြောင်းအရာတွေကအရမ်းများလို့ပါ .. အဲဒါမို့ ပို့စ်လေးတွေ…
Emma ကို ညီမလေးတစ်ယောက် လာမေးထားလို့ အားလုံးသိရအောင် သိသလောက်ပြောပြပေးမယ်နော် .. Requirements တွေက တစ်ချိန်နဲ့ တစ်ချိန် မတူလို့ ကိုယ်သွားမဲ့အချိန်ကို Singapore Government ရဲ့ တရားဝင် website ဖြစ်တဲ့ ICA မှာ သွားစစ်ကြည့်ရင် ပိုအဆင်ပြေပါတယ် .. Emma နောက်ဆုံး တစ်ခေါက်သွားတုန်းက 2022 October ပေါ့နော် .. အဲဒီအချိန်တုန်းကတော့ ထွေထွေထူးထူး သိပ်မရှိပါဘူး .. Vaccine Certificate လိုတယ် .. Online…
UAE .. နိုင်ငံ အပြည့်အစုံခေါ်ရင် United Arab Emirates အဓိပ္ပါယ်ကတော့ Emirates (States လိုမျိုး) တွေစုထားတဲ့နိုင်ငံပေါ့ .. Dubai ကတော့ အဲဒီ Emirates တွေထဲက နာမည်အကြီးဆုံး .. လူသိအများဆုံးနဲ့ အတိုးတက်ဆုံးလို့လည်းပြောလို့ရတဲ့ Emirate တစ်ခု .. ဒါပေမဲ့ Capital City (Main Emirate) ကတော့ Abudhabi လို့ခေါ်တဲ့ Emirate ပါ .. အဲဒီ နှစ်ခုက လွဲရင် ကျန်တဲ့…
လူတော်တော်များများတွေးဖူးကြလိမ့်မယ် .. Emma လည်းတွေးဖူးတယ် .. သူများတွေများ ကံကောင်းလိုက်ကြတာ .. ငါတော့ ကံမကောင်းဘူး .. ထီ မပေါက်လို့ ကံမကောင်းဘူး .. အလုပ်မရလို့ ကံမကောင်းဘူး .. ရာထူးတိုးတဲ့ထဲမပါလို့ ကံမကောင်းဘူး .. အရမ်းဂရုစိုက်တဲ့ ချစ်သူမရှိလို့ ကံမကောင်းဘူး .. မိသားစုကို ပြည့်ပြည့်စုံစုံမထားနိုင်သေးလို့ ကံမကောင်းသေးဘူး .. လိုချင်တာတွေ မဝယ်နိုင် မသုံးနိုင်လို့ စသည်ဖြင့် စသည်ဖြင့်ပေါ့ .. Emma အန်ကာဝပ် သွားတုန်းက မျက်မမြင် tourist…
တက်ကြွလန်းဆန်းမှုနဲ့ .. ငြိမ်သက်အေးချမ်းမှု ခံစားချက် ၂ မျိုးလုံး တစ်နေရာထဲမှာ ရရှိနိုင်တဲ့ Goa ကမ်းခြေ .. Goa ကမ်းခြေလို့ ပြောလိုက်ပေမဲ့ Goa ဆိုတာကတော့ India နိုင်ငံရဲ့ ပြည်နယ် တစ်ခုကို ပြောတာပါ .. ဒါပေမဲ့ အဲဒီပြည်နယ်က လှပတဲ့ ကမ်းခြေတွေ အများကြီး ရှိပြီးတော့ .. နိုင်ငံခြားဧည့်သည်တွေကြားမှာ နာမည်ကြီးတဲ့ Tourism နေရာ တစ်ခုဖြစ်တာကြောင့် Goa ကမ်းခြေလို့ အလွယ်ခေါ်ကြတာပါ .. Goa မှာ…
Canyoneering ဆိုတဲ့ စကားလုံးကို အရင်ကဆို ကြားတောင် မကြားဖူးဘူး .. ဒါပေမဲ့ တစ်ခါတစ်လေတော့ နိုင်ငံခြားက bloggers တွေရဲ့ video မှာ ရေတံခွန်တွေ ကျောက်ဆောင်တွေ ပေါ်ကနေ ခုန်ခုန်ချတာ မြင်ရင် ဟာဒီကောင် ဘာကောင်လဲ .. ဘာကြောင်တာလဲပေါ့.. အဲလိုထင်ခဲ့ဖူးတာ .. ဒီတစ်ခါတော့ အဲဒီငကြောင်ဆိုတဲ့ နေရာမှာ ကိုယ်ဖြစ်နေခဲ့တယ်ပေါ့ Cebu က Moalboal မှာ နေရင်း group tour တွေ စုံစမ်းကြည့်တော့ diving တွေ…
တစ်ယောက်တည်း ခရီးတွေ သွားရတာ ပျင်းဖို့ မကောင်းဘူးလားတဲ့ … Emma ကို တွေ့တဲ့လူတိုင်းက မေးကြတယ် (တချို့ကတော့ မကြောက်ဘူးလားပေါ့ သွားနေကျသွားရင် ကြောက်စရာမရှိပါဘူး) Emma ကတော့ လုံးဝ မပျင်းပါဘူး .. ကိုယ့်အိမ်မှာ နေရင်သာ တစ်သက်လုံး နေခဲ့တဲ့နေရာ ရပ်ကွက် လမ်းတွေ ဒီအတိုင်းပဲမို့ ထူးထူးခြားခြား မရှိဘဲ ပျင်းစရာကောင်းနေတာ .. မရောက်ဖူးတဲ့ နေရာ ဒေသ ရောက်သွားရင် မြင်သမျှ တွေ့သမျှအရာတိုင်းက အသစ်အဆန်းတွေ ချည်းပဲမို့ ပျင်းဖို့တောင် အချိန်မရဘူး…
Emma ငယ်ငယ်က စာမှာသင်ဖူးတဲ့ 7wonders က နေရာတွေဆို အရမ်းရောက်ဖူးချင်တာ .. အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ Mumtaz Mahal ရဲ့ ဂူဗိမာန် Taj Mahal ကိုပေါ့ .. အပြင်က ကြည့်လိုက်ရင် .. လူသေမြှုပ်နှံထားတဲ့ နေရာလို့တောင် မထင်ရဘဲ .. အရမ်းကို လှပတဲ့ ဥယာဉ်တော်ကြီး ရေကန်ကြီးနဲ့ ယမုံနာမြစ်ကမ်းရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေနဲ့ ခမ်းနားလှတဲ့ နန်းတော်ကြီး တစ်ခုလိုပဲ .. Taj Mahal တည်ရှိတဲ့…