Cappidocia က လှိုဏ်ဂူဟိုတယ် လေးတွေ

အရင်တုန်းက လူတွေ နေထိုင်ခဲ့ကြတဲ့ လှိုဏ်ဂူ လေးတွေကို ပြုပြင် မွမ်းမံပြီး .. Hotel အဖြစ်နဲ့ တည်ဆောက်ထားကြတာပါ ..

ပေးရတဲ့ စျေးနှုန်းပေါ်မှာ မူတည်ပြီးတော့ .. ရရှိတဲ့ room & service ကတော့ မတူပေမဲ့ .. အကုန်လုံးကတော့ ထူးခြားတဲ့ အတွေ့အကြုံ လေးတွေကို ပေးစွမ်းနိုင်ပါတယ်

Emma တည်းခဲ့တဲ့နေရာလေးကတော့ hotel နဲ့ hostel နှစ်မျိုးလုံး ရှိတဲ့နေရာလေးပါ .. backpackers တွေ အများစုကတော့ စျေးသက်သာတဲ့ hostel လို နေရာမျိုးတွေမှာပဲ .. ရက်ရှည်တည်းလေ့ရှိပါတယ် ..

Cappidocia က လှိုဏ်ဂူဟိုတယ် လေးတွေ

Cappidocia လို Touristic နေရာမှာကတော့ .. စျေးအသက်သာဆုံး hostel မှာတောင် Euro 30 လောက်ကနေ စပြီးရှိတာပါ .. Private room တွေဆိုရင်တော့ Euro 60 လောက်ကစတာဖြစ်လို့ တူရကီက တခြားနေရာတွေနဲ့ယှဉ်ရင် စျေးပိုများတယ်လို့ ပြောလို့ရပါတယ် ..

ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလိုပဲ လှိုဏ်ဂူဟိုတယ် လေးတွေက တခြားနေရာတွေနဲ့ မတူလို့ ပေးရတဲ့ စျေးနဲ့တော့ တန်တယ်ပြောရမှာပါ ..

အခန်းလေးတွေထဲမှာဆိုရင် dim light မီးမှိန်မှိန် ဝါဝါလေးတွေပဲရှိလို့ .. အလင်းရောင် သိပ်မရဘဲနဲ့ တကယ့် လှိုဏ်ဂူလေးထဲမှာ နေရသလိုမျိုးလေး .. အပေါ်ထပ်မှာ rooftop restaurant လည်းရှိလို့ မုန့်စားချင် .. ရှုခင်းကြည့်ချင်ရင်လည်း အဆင်ပြေပါတယ် .. တစ်ခါတစ်လေ ပိတ်ရက်လိုမျိုးတွေမှာလည်း ပါတီလုပ်ပေးပါသေးတယ် ..

မနက်စာကိုတော့ သူတို့ဆီမှာ ပါမုန့် ၊ ချိစ်၊ အသီးအရွက်နဲ့ ဆော့စ် ကိုစားကြပါတယ် .. အစားအသောက်တိုင်း မှာလိုလို သံလွင်သီးလေးတွေ ထည့်စားကြတာ သတိထားမိပါတယ် .. သံလွင်ပင်တွေလည်း လမ်းဘေးဝဲယာမှာ အများကြီးရှိတာ တွေ့ခဲ့တယ် ..

Cappidocia က လှိုဏ်ဂူဟိုတယ် လေးတွေ

ရာသီဥတုသာယာတဲ့ မနက်ပိုင်း နေထွက်ချိန်တွေဆို Cappidocia ကောင်းကင်တစ်ခုလုံး ရောင်စုံမီးပုံးပျံတွေနဲ့ အရမ်းလှလို့ သွားရောက်လည်ပတ်ရကျိုးနပ်တဲ့ နေရာလေး တစ်ခုဖြစ်မှာပါ ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top