Emma ကိုယ်တိုင်မရောက်ဖူးခင်တုန်းက social media တွေမှာ Istanbul က ကြောင်တွေအကြောင်း ခဏခဏ တွေ့ဖူးတယ် .. ရထားဘူတာရုံတွေမှာ .. shopping center တွေမှာ ကိုယ့်အိမ် ကိုယ့်ယာလို ဝင်ထွက်သွားလာ နေတဲ့ ကြောင်လေးတွေ အကြောင်းပေါ့ ..
တကယ်လည်းရောက်သွားကော ထင်ထားတာထက်ပိုအများကြီးပဲ .. အရမ်းလည်းချစ်စရာကောင်းကြတယ် .. stray cat တွေဆိုပေမဲ့ .. အမွှေးရှည်ရှည်နဲ့ ပါရှန်ကြောင်မျိုးတွေကော .. British shorthair လို့ခေါ်တဲ့ မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ ကြောင်မျိုးတွေကော .. တခြားမျိုးတွေနဲ့ စပ်ထားတဲ့ ဟိုမကျ ဒီမကျရုပ်ကလေးတွေနဲ့ ချစ်စရာ ကြောင်လေးတွေအများကြီးက Istanbul ရဲ့နေရာအနှံ့မှာပဲနော် ..

Istanbul က လူတွေကို Emma အရမ်းချီးကျူးချင်တာ တစ်ခုက .. ဘယ်သူ တစ်ယောက် တစ်လေကမှ တိရစ္ဆာန်တွေကိုငြိုငြင်တာမျိုး မတွေ့ခဲ့ဖူးဘူး ..
Turkey မှာ တစ်လ နေခဲ့တဲ့အတောအတွင်းမှာ သွားသမျှနေရာတိုင်း စားသောက်ဆိုင် ၊ ဟော်တယ် ၊ clothing store ၊ cosmetics store ၊ supermarket တွေ shopping mall တွေအပြင် ကားဂိတ်နဲ့ လေဆိပ်ထဲပါမကျန် ကြောင်တွေ အပြင် ခွေးတွေကပါ လွတ်လွတ်လပ်လပ် သွားလာနေကြတာပါ .. သူတို့ကို မောင်းထုတ်တဲ့သူ လုံးဝမရှိပါဘူး ..
သူတို့နေချင်တဲ့ နေရာမှာ နေကြတဲ့အပြင်ကို .. သူတို့အတွက် သီးသန့် shelter တွေကို public ပန်းခြံလိုနေရာမျိုးတွေမှာ လှလှလေးတွေ ဆောက်ပေးထားတာပါ ..
အစားအသောက်ကလည်း အစာခွက်ထဲမှာ အမြဲအပြည့် .. နည်းနည်းလျော့တာနဲ့ ကြုံတဲ့သူတွေက ပြန်ပြန်ဖြည့်သွားကြတာ .. လမ်းဘေးကြောင်တွေ ၊ ခွေးတွေလို့သာပြောတာ ဝတုတ်ပြဲနေတာပဲ ..


ခွေးကြီးတွေဆိုရင်လည်း ဝက်ကြီးတွေလောက်ရှိတယ် .. တချို့ဆို ဗိုက်ကားပြီး လမ်းတောင် မလျှောက်နိုင်ဘူး .. အမြဲသူတို့ကို တွေ့ရင် အိပ်နေတာပါပဲ ..
လူတွေကလည်း သူတို့ကို ခြောက်လန့်တာ မောင်းထုတ်တာမျိုးမရှိလို့ .. တိရစ္ဆာန်လေးတွေကလည်း လူအရမ်းယဉ်ပြီး .. လူတွေ့ရင် လူနားကပ်ချင် အပွတ်သပ်ခံချင်လို့ အတင်းလိုက်တော့တာပဲ .. ကိုယ်ကလည်း သိပ်မကိုင်ချင်ရှာဘူးဆိုတော့
Emma ဆိုရင် လမ်းမှာ တွေ့သမျှကြောင် လိုက်ဆွဲ လိုက်ကိုင်နေတာနဲ့ ၁၀ မိနစ်လောက်နဲ့ ရောက်မဲ့နေရာကို မိနစ် ၃၀ လောက်ကြာတယ် သွားတာ .. ဒီကြားထဲ ပေါင်ပေါ်တက်အိပ်နေတဲ့ ကောင်နဲ့ တွေ့ရင် မထဖြစ်တော့ဘူး
အဲဒါဆို Emma ပို့စ်ကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါပြီ .. Turkey မှာ သွားလည်ခဲ့တဲ့ နေရာတွေအကြောင်းကို အရင်ကလည်း တင်ပေးထားဖူးတာတွေရှိသလို .. ထပ်ပြီးလည်း တင်ပေးဦးမှာဖြစ်လို့ စောင့်ကြည့်ပေးကြဦးနော် .. အားလုံးကို ကျေးဇူးပါ

