၁။ ပထမဦးဆုံး မိုးလေဝသကို တစ်ပတ်စာ ကြိုကြည့်ပြီး ရာသီဥတုသာယာတဲ့ရက်ကို သွားတာအကောင်းဆုံးပါ .. မိုးရွာနေရင်တော့ လုံးဝပျံလို့မရပါဘူးနော်
၂။ မိုးမရွာဘူးဆိုရင်တောင် လေတိုက်နှုန်းမြင့်နေရင်လည်းပျံလို့မရပါဘူး အဲဒါကတော့ ကြိုပြီးတော့ ခန့်မှန်းလို့မရတဲ့ အခြေအနေမို့ ဆုတောင်းရမှာပဲ .. တကယ်လို့မီးပုံးက ပျံခါနီး last minute မှာတောင် ရာသီဥတု ရုတ်တရက်ပြောင်းသွားခဲ့ရင် အကုန်လုံး cancel ပြန်လုပ်ပါတယ် .. ဒါကတော့ safety first ပေါ့နော်
၃။ ရာသီဥတုကိုတော့ စစ်ပြီးပြီ စျေးနှုန်းကိုရော ဘယ်လိုစစ်လို့ရမလဲ .. မီးပုံးပျံစီးခ တစ်ဦးကို သတ်မှတ်တဲ့ စျေးက အတိအကျမရှိပါဘူး .. တစ်ရက်နဲ့ တစ်ရက် အတက်အကျရှိပါတယ် .. ဥပမာ အရင်ရက်တွေက ရာသီဥတုမကောင်းလို့ flight canceled လုပ်ခဲ့ရပြီဆို .. နောက်ရက် ပြန်စထွက်တဲ့အချိန်မှာ စျေးပိုများတတ်ပါတယ် .. Rate ကတော့ Euro 110 – 250 ကြားထဲမှာပါ .. စီးမဲ့သူအရညိအတွက်များရင်များသလို .. demand များရင် စျေးပိုကြီးတဲ့သဘောပါပဲ ..
၄။ Emma သွားတုန်းကဆိုရင် ပထမရက်မှာ Euro 230 တောင်မလို့ မစီးဘဲ နောက်ရက်ထိစောင့်လိုက်တာ နောက်ရက်ကျတော့ 140 ဖြစ်သွားတော့ အများကြီး သက်သာခဲ့တယ်ပေါ့နော် .. အဲဒါကြောင့် မီးပုံးစီးဖို့ဆို ပိုက်ဆံကုန်ခံယုံနဲ့တင်မဟုတ်ဘူး .. ကံကောင်းမှလည်း စီးရတဲ့သဘောမျိုးပေါ့ .. တချို့ဆို Cappidocia မှာ ၃ ရက်နေပြီး ၃ ရက်လုံး မိုးရွာတော့ စီးခွင့်မကြုံလိုက်တာတွေရှိလို့ ..

၅။ မီးပုံးပျံ တစ်စီးမှာ ပုံမှန်ဆိုရင် လူ ၂၄ ဝန်းကျင်စီးလို့ရပါတယ် ။ အထဲမှာ အကန့်လေးတွေနဲ့ ၄ ယောက်စာ၊ ၂ ယောက်စာမျိုးလေးတွေ ခွဲထားတတ်လို့ အဖွဲ့နဲ့ သွားစီးမယ်ဆိုရင် အရင်
နေရာဦးတတ်ဖို့လိုတယ်နော် .. ဘေးဖက်အစွန်ပိုင်းတွေက ရှုခင်းကြည့်လို့ပိုလှတယ် ..
၆။ တူရကီမှာ မီးပုံး ပျံတဲ့ Pilot တွေက အတွေ့အကြုံရင့်ကျက်ပြီး သင်တန်းတွေတက် .. လိုင်စင်တွေရှိပြီးသားဖြစ်လို့ safety အတွက် အထူးစိတ်ချရပါတယ် အဓိကကတော့ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပေးယုံပါပဲ .. ပြီးတော့ ခါးမှာပတ်ပေးထားတဲ့ safety belt ကိုလည်း မဖြုတ်မိဖို့ သတိထားပါ ..
၇။ အရေးအကြီးဆုံးအချိန်ကတော့ landing လုပ်တဲ့အချိန်ပါပဲ .. မီးပုံးပျံတွေက အနိမ့်အမြင့်ကို control လုပ်လို့ရပေမဲ့ .. သွားတဲ့ direction ကို control လုပ်လို့မရပါဘူး .. လေတိုက်ရာ လမ်းကြောင်းအတိုင်းသွားတာပါ .. အဲဒါကြောင့်မို့ landing လုပ်တဲ့နေရာကလည်း တစ်ခါနဲ့တစ်ခါ မတူပါဘူး .. ပျံရင်းနဲ့မှ အချိန်စေ့ပြီဆိုရင် အဆင်ပြေတဲ့နေရာရှာပြီး landing လုပ်ရပါတယ် .. မြင်သာအောင်ပြောရရင် ဘရိတ်အုပ်လို့ မရဘူးဆိုတဲ့အတွက်ကြောင့် .. landing လုပ်တဲ့အချိန်မှာ မြေကြီးနဲ့ အရှိန်လေးနည်းနည်းပါပြီး ဆောင့်မိတတ်ပါတယ် .. အဲဒီအချိန်ကျရင်တော့ Pilot က အားလုံးကို ငုတ်တုပ်လေး ထိုင်ကြဖို့ပြောပါလိမ့်မယ် .. သိပ်မကြာဘူး ခဏလေးပါ ..
၈။ အားလုံးပြီးလို့ landing party လေးလုပ်တဲ့အချိန်ကြရင် .. ဝိုင်နဲ့ ရှန်ပိန်လေးဖောက်ပြီး flight certificate လေးလည်း အမှတ်တရပေးပါသေးတယ် .. သူတို့ရဲ့ service လေးကိုသဘောကျရင်တော့ tip box ကလေးမှာ tip money လေးထည့်ပေးလို့ရပါတယ် .. ဒါပေမဲ့ မဖြစ်မနေကြီးထည့်မှမဟုတ်ပါဘူး ..
နိဂုံးချုပ်ပြောရရင် .. ဘာနဲ့မှမတူတဲ့ ခံစားမှုနဲ့ အတွေ့အကြုံလေးတစ်ခုပေါ့ .. တူရကီမှာမှမဟုတ်ဘူး .. တခြားနေရာတွေမှာ ကိုယ်ရောက်တဲ့အချိန်နဲ့ ကြုံကြိုက်ခဲ့ရင် စမ်းကြည့်ကြဖို့ Emma ကတော့ အကြံပေးချင်တယ် ..
လက်ရှိ Dubai မှာ resident visa နဲ့နေနေကြတဲ့သူတွေဆိုရင် တူရကီကို သွားလည်ဖို့ အရမ်းလွယ်တယ်နော် .. လေယဉ်လက်မှတ် နဲ့ visa assistance လိုအပ်ရင် Emma ကို ဆက်သွယ်လို့ရပါတယ်
တခြား မေးချင်တာလေးတွေ ရှိရင်လည်း Emma သိသလောက် ပြန် sharing လုပ်ပေးမှာမို့ message box ကနေ လာမေးလို့ရပါတယ် ..
အားလုံး ကျေးဇူးပါ