နိုင်ငံ တစ်နိုင်ငံက ဘယ်လောက်ပဲ သဘာဝအလှတရားတွေ ရှိနေပါစေ ..
ဘယ်လောက်ပဲ ခေတ်မီ တိုးတက်နေပါစေ ..
ဒေသခံ လူမျိုးတွေရဲ့ စိတ်ရင်းစိတ်ထား မကောင်း ၊ မဖော်ရွေရင် လည်ပတ်လို့ မကောင်းဘူး ..
ဟုတ်တယ်လေ .. ဘယ်နိုင်ငံကတော့ scam တွေ အရမ်းပေါတာ .. စျေးတွေဆိုပိုတောင်းတယ် .. နိုင်ငံခြားသားဆို ဂျင်းထည့်ဖို့ချောင်းနေကြတယ် ဆိုတဲ့ လူမျိုးတွေရှိတဲ့နေရာဆိုရင် .. ဘယ်လောက်ပဲ touristic ဖြစ်ပါစေဦးတော့ မသွားချင်ဘူး .. စိတ်အနှောက်အယှက်ဖြစ်ရတယ် ..
အမ်မာ ရောက်ဖူးတဲ့ နေရာအများစုက ဒေသခံတွေက ဖော်ရွေကြပါတယ် .. တစ်ခုခု မေးမြန်းရင် အကူအညီတောင်းရင် ကူညီကြပါတယ် ..
သီရိလင်္ကာမှာကတော့ အတိုင်းထက်အလွန်ပဲ .. ကိုယ်မမေးခင်ကတည်းက ဖြေနှင့်ပြီးသား .. tourist မှန်း သတိထားမိပြီဆို ကတည်းက ပြုံးပြနှုတ်ဆက်တယ် .. ဘယ်ကလာတာလဲ ဘယ်သွားမို့လဲမေးတယ် .. ပြီးတော့ လိုအပ်တာတွေ ပြောပြသွားပေးတယ် ..

ဥပမာ ပြောရရင် မနေ့က ရထားဘူတာကို လမ်းလျှောက်လာတုန်း ဘေးနားက လူကြီးတစ်ဦးက မေးတယ် ..ဘယ်သွားမို့လဲတဲ့ .. ငါ Mirissa သွားမို့ဆိုတော့ .. ရထားချိန်က ၁၀ နာရီခွဲ .. လက်မှတ်က ကောင်တာ နံပါတ် ၄ မှာ ဝယ်ရမှာ .. ရထားက ပလပ်ဖောင်း နံပါတ် ၅ နော်တဲ့ .. ကိုယ်မေးစရာမလိုဘဲ အကုန်ပြောပြပေးသွားတာ .. ပြီးတော့ ဘိုင့် ဆိုပြီးထွက်သွားတယ် ..
ဘူတာရောက်တော့လည်း ဟိုဟို ဒီဒီ ကြည့်တုန်း ခုံမှာထိုင်နေတဲ့ လူကြီးက ဘယ်သွားမှာလဲ တဲ့ .. Mirissa လို့ပြောတော့ .. ရထားက နောက်ကျမယ် ဒီမှာ လာထိုင်ပြီးစောင့်တဲ့ .. လွတ်နေတဲ့ ခုံကိုပြတယ် .. ပြီးတော့ သူလည်း အေးအေးလူလူပဲ .. ဟိုဖက်လှည့်ထိုင်နေတယ် ..
Haputale တုန်းကဆိုလည်း ကိုယ်နေမဲ့ hostel ကို map က ပြတဲ့ နေရာမှာရှာမတွေ့လို့ယောင်လည်လည် လုပ်နေတုန်း ချက်ချင်းပဲ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ကောင်လေးတစ်ယောက် အနားယောက်လာပြီး နင်ဘယ် ဟိုတယ်ကို ရှာတာလဲတဲ့ .. နာမည်ပြောပြလိုက်တော့ ရှေ့နည်းနည်းဆက်သွားရဦးမယ် .. ဘယ်ဖက် အခြမ်းမှာ လို့ပြောပြီး .. ဆိုင်ကယ်ဆက်မောင်းထွက်သွားတယ် ..
ဒါတွေက ဥပမာ ပြောပြတာ .. အမှန်က သွားတဲ့ နေရာတိုင်းမှာ အဲလို လူတွေချည်းပဲ .. ဧည့်သည်တွေကို လေးစားတယ် .. ကြိုဆိုကြတယ် .. လမ်းသွားလို့ တစ်ယောက်ယောက်နဲ့ မျက်လုံးချင်းဆုံတာနဲ့ ပြုံးပြပြီး hello လို့ နှုတ်တက်တာ ထုံးစံပဲ .. ဘာလိုအပ်လဲ ဘာကူညီပေးရမလဲ .. အမြဲတမ်းအဆင်သင့် ရှိနေသူတွေပေါ့ .. တစ်ခုခုလိုအပ်တိုင်း အနားကို တစ်ယောက်ယောက် ရောက်လာပြီး ပြောပြပေးသွားတယ် .. ကိုယ်တောင်မေးစရာမလိုဘူး .. အရမ်းချစ်ဖို့ ကောင်းတဲ့ စိတ်ထားတွေ ..
အဲဒါမို့လေ .. သီရိလင်္ကာကို အလည်လာရတာ ကိုယ်မသိတဲ့ နေရာ၊ နယ်မြေသစ်လို့ကို မခံစားရဘူး .. အားလုံးက မိသားစုလိုပဲ နွေးထွေးကြတယ် .. ဒါမျိုးက အရမ်းတိုးတက်ပါတယ် ချမ်းသာပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ လုံးဝရှာဖွေလို့ မရတဲ့ အရာတွေပဲ ..