airport shuttle (Siem reap)

ကမ္ဘောဒီးယား Siem Reap လေဆိပ်ကို မြို့ထဲကနေ ကားငှါးရင် ဒေါ်လာ ၃၀ လောက် ကုန်ပါတယ် .. လူများရင် အတူတူစု သွားရတာ တန်ပေမဲ့ .. တစ်ယောက်ထဲပေးရရင် အရမ်းများတယ်နော် .. အဲဒါမို့ အမ်မာက airport shuttle bus စီးတာ bus stop ကနေ သွားစီးရင် 8 dollars ပဲ .. hotel pickup လုပ်ခိုင်းရင် 1 dollar ပိုပေးရတော့ .. စုစုပေါင်း 9 dollars.. ဆိုတော့ အများကြီး သက်သာတယ် .. လက်မှတ်ကတော့ နီးစပ်ရာ travel agent တွေဆီက ဝယ်လို့ရပါတယ် .. အမ်မာ ဝယ်တာကတော့ pub street နားက ahmey travel ကပါ .. အချိန်ကတော့ check in ဝင်မဲ့ အချိန်ရယ် .. ကားစီးမှာ ၁ နာရီလောက်ဆိုတော့ .. ၃ နာရီ လောက် ကြိုသွားရမှာပါ .. အချိန် မသေချာရင် လက်မှတ် ဝယ်တဲ့ နေရာကို မေးပြီးအကူအညီတောင်းကြည့်ပါ .. စော ရောက်နေတာကတော့ ပြသနာမရှိပေမဲ့ .. တစ်စီးလွတ်သွားရင် နောက် တစ်စီး စောင့်ဖို့က ၁ နာရီကျော် ကြာလို့ .. စောစောလေး ကြိုသွားဖို့တော့ အကြံပေးချင်ပါတယ် .. တခြား သိချင်တာရှိရင် comment မှာ မေးခဲ့လို့ရပါတယ် ..

Leave a Reply

Back to top