ဖိလစ်ပိုင် နိုင်ငံမှာ ကျွန်းတွေ လည်စရာတွေ အများကြီး ရှိပေမဲ့ .. မြို့တော်ဖြစ်တဲ့ မနီလာမှာတော့ လည်ပတ်စရာ သိပ်မရှိပါဘူး .. ပန်းခြံတွေ ၊ စျေးဝယ်စင်တာတွေ ၊ ပြတိုက်တွေနဲ့ ချက်ကျောင်းလှလှလေးတွေ ရှိမယ် ၊ မနီလာဘေး ဆိုတဲ့ ပင်လယ်ကမ်းနား နေရာလေးရှိမယ် .. ဒီလောက်ပါပဲ ..
အဲဒီထဲကမှ ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့ ရှေးဟောင်း ခံတပ် တစ်ခုကတော့ Fort Santiago ပါ .. စပိန် လူမျိုးတွေ သိမ်းပိုက်ထားတုန်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီးတော့ .. အဲဒီနောက်မှာ .. အမေရိကန် .. ဂျပန်တွေလည်း အဆက်ဆက် အသုံးပြုခဲ့တဲ့ သမိုင်းဝင် နေရာ တစ်ခုပါ ..
ပင်လယ်နဲ့လည်း နီး .. မြစ်ကမ်းဘေးမှာလည်း တည်ရှိတာကြောင့် .. ရန်သူ့ အခြေအနေတွေ စောင့်ကြည့်ဖို့နဲ့ သတင်းအချက်အလက်တွေ ရယူဖို့ အဓိက အချက်အချာ ကျတဲ့နေရာတစ်ခုပေါ့ ..
ခံတပ်ထဲမှာ ဆိုရင် .. မြေအောက်ခန်းတွေ လှိုဏ်ဂူတွေနဲ့ .. sit လက်nat ဂိုထောင် လုပ်တဲ့နေရာတွေ အပြင် .. နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ အခန်းတွေ .. စစ်ကျောရေး လုပ်တဲ့ နေရာတွေပါ ရှိပါတယ် ..

White cross လို့ ခေါ်တဲ့ နေရာကတော့ အဲဒီ အကျဉ်းစခန်းမှာ အthet ဆုံးရှုံးသွားတဲ့ ဖိလစ်ပိုင် လူမျိုး နစ်နာသူ 600 ကျော်ကို မြှုပ်နှံပေးထားတဲ့ အထိမ်းအမှတ် နေရာလေးတစ်ခုပါ
ဒီနေ့ခေတ်မှာတော့ ရှေးဟောင်း လက်ရာ အမွေအနှစ် တစ်ခုအနေနဲ့ ထိန်းသိမ်းထားပြီးတော့ .. ကော်ဖီဆိုင် စားသောက်ဆိုင် ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေနဲ့ .. မိသားစုတွေ လာရောက် အပမ်းဖြေတဲ့ နေရာ တစ်ခု အဖြစ် တွေ့ရမှာပါ ..
အမ်မာ သွားတုန်းကတော့ ဝင်ကြေး 75 pesos ပေးရပါတယ် .. လူများရင်တော့ လက်မှတ်ဝယ်ဖို့ တန်းစီစောင့်ရတာ ကြာပါတယ် .. fort ရဲ့ အဆုံးထိ သွားလိုက်ရင်တော့ မြစ်ကမ်းဘေးနား ရောက်သွားတာမို့ ရှုခင်းကြည့်လို့လည်းရပြီး အေးအေးဆေးဆေး အနားယူလို့ရပါတယ် ..
အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေလည်း စျေးသက်သာပါတယ် .. ကျောင်းသား ကလေးလေးတွေ အဖွဲ့လိုက် လေ့လာရေး ထွက်လာကြတာကိုလည်း တွေ့ခဲ့ပါသေးတယ် ..
သွားလာရလွယ်ကူတဲ့ မြို့လယ် ဧရိယာမှာပဲ ရှိတာကြောင့် .. သွားရင်း လာရင်း လမ်းကြုံဝင်လေ့လာလို့ရပါတယ်ရှင် .. Fort Santiago လိုမျိုး တခြား ရှေးဟောင်း အဆောက်အဦးတွေနဲ့ ပြတိုက်တွေကို သွားချင်ရင်လည်း တုပ်တုပ် ဆရာကြီးတွေက လိူက်ပို့ပေးပါတယ် .. သူတို့ဆီမှာ .. Menu card လို ကဒ်ပြားလေးတွေရှိတယ် .. ပုံလေးတွေနဲ့ တွဲပြထားတာ ကိုယ်သွားချင်တဲ့ နေရာကို လက်ညှိုးထိုးပြီး လိူက်ပိူ့ ခိုင်းယုံပဲ .. Taxi ဆိုရင်လည်း Uber သုံးလို့ရပါတယ် .. စျေးလည်းသက်သာပါတယ် ..

မနီလာမှာ အမ်မာ လည်ခဲ့တဲ့ တခြား နေရာတွေ ချက်ကျောင်း ၊ ပန်းခြံနဲ့ ကမ်းနားတွေကတော့ ဘာမှ ထွေထွေထူးထူး မရှိလို့ မပြောပြတော့ပါဘူး ..
အော်ပြီးတော့ Philippines က ခရစ်ယန်အများစု ရှိတဲ့နိုင်ငံမို့ အခုလို Christmas ရာသီဆိုရင် အရမ်းစည်ပါတယ် .. ဒေသခံတွေကလည်း ဖော်ရွေပြီး ခင်ဖို့ ကောင်းလို့ အမ်မာဆို သူငယ်ချင်းတွေတောင် အများကြီးရခဲ့ပါသေးတယ် ..
တခြား Cebu ကျွန်း သွားခဲ့တဲ့ အကြောင်းလေးတွေလည်း တင်ထားတာ ရှိလို့ စိတ်ဝင်စားရင် .. website or page မှာ ရှာကြည့်လို့ရပါတယ်နော် .. အားလုံးကို ကျေးဇူးပါ