ရာဂျစတန်ပြည်နယ်

ရာဂျစတန်ပြည်နယ်က မြန်မာဖက်က Tour တွေသာ သိပ်မရှိတာ .. အနောက်တိုင်းသားတွေကြားမှာတော့ တော်တော်လေး နာမည်ကြီးတဲ့ touristic နေရာတစ်ခုပါ ..

ပြောရမယ်ဆို အိန္ဒိယတစ်နိုင်ငံလုံးမှာ လက်ရာအမြောက်ဆုံး ဗိသုကာလက်ရာတွေ ၊ လက်မှုပစ္စည်းတွေနဲ့ ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့်ပေါ့ .. တစ်ဖက်က ပြန်ကြည့်ရင်လည်း .. တိုးတက်မှုသိပ်မရှိသလို ခေတ်လည်းနောက်ကျတယ်ပေါ့ .. အဲဒီလိုပဲ အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ ..

Jodhpur
Jodhpur

တခြားပြည်နယ်တွေမှာ ခေတ်မီတိုက်တာ အဆောက်အဦးတွေ အမြောက်အများရှိပေမဲ့ .. ရာဂျစတန်မှာကတော့ .. ရှေးဟောင်း အိန္ဒိယရိုးရာ အိမ်ပုံစံလေးတွေပဲများတယ် .. တိုက်ပုသေးသေးလေးတွေပေါ့ .. အဆောက်အဦရအဟောင်းတွေမို့လားဆိုတော့ မဟုတ်ဘူး .. အသစ်ဆောက်လည်း ဒီလိုပုံစံလေးတွေပဲ ဆောက်ကြတာ .. ခပ်ဆင်ဆင်လေးတွေဆိုတော့ ညီညာပြီး ကြည့်ကောင်းနေရော ..

လည်စရာနေရာတွေကတော့ ထုံးစံအတိုင်း နန်းတော်တွေ မြို့ရိုးတွေနဲ့ ဘုရားကျောင်းတွေပဲပေါ့ .. အဲဒါတွေက အိန္ဒိယရဲ့ နေရာ အနှံ့မှာ ရှိိတာပဲ ဘာထူးဆန်းလို့လဲလို့ အစက ထင်ခဲ့မိတာ .. ဒါပေမဲ့ တကယ်သွားကြည့်တော့ .. လက်ရာတွေနဲ့ မြင်ကွင်း ခံစားမှုတွေက ဘာနဲ့မှမတူဘူး .. တစ်နေရာ ရောက်ရင် တစ်မျိုးလေး .. ပြီးတော့ တခြားနေရာတွေထက်လည်း အများကြီးလှတယ် သူတို့ရဲ့ ဗိသုကာ လက်ရာတွေ .. လက်မှုပညာတွေက အရမ်းအသေးစိတ်ပြီး လက်ရာမြောက်တာ .. ဒီဖက်ခေတ်မှာတောင် မလုပ်နိုင်ကြတော့ဘူး ..

Jaipur (Pink city)

=============

ဒေလီကနေ ၄ နာရီလောက်သွားရတဲ့ ဂျေပူး လို့ ခေါ်တဲ့ ပန်းရောင်မြို့တော် ကို ရောက်ဖူးတဲ့ သူများမှာပါ .. ဒါပေမဲ့ ကျန်တဲ့ နေရာတွေက ဂျေပူး ထက်အများကြီးလှတယ် ..

အမ်မာ ရောက်တဲ့အချိန်က ရာသီဥတုပူလွန်းလို့ Amber fort ကိုတော့ မသွားလိုက်ပေမဲ့ .. city palace နဲ့ hawa Mahal တော့ ရောက်လိုက်တယ် .. လူတိုင်း ဓါတ်ပုံရိုက်ကြတဲ့ ပန်းရောင်နန်းတော်ကြီးပေါ့ ..

City palace က ဝင်ကြေး 1000 Rs .. (မြန်မာငွေ 50000) .. လှတယ်ဆိုပေမဲ့ ပေးရတဲ့ ငွေနဲ့ တန်တယ်လို့တော့ မခံစားရဘူး .. အဲဒီမှာ နာမည်ကြီးတဲ့ အပြာရောင်အခန်းလို့ ခေါ်တဲ့နေရာက ဝင်ကြေး 4000 Rs (နှစ်သိန်း) တောင် စျေးများလို့ မဝင်ခဲ့တော့ဘူး .. အဲဒီအစား တခြားမြို့က နန်းတော်တွေ မှာပဲ ကြည့်တော့မယ်လိူ့ တွေးလိုက်တာ .. ဥပမာ Agra fort လိုမျိုးမှာလည်း အဲလို အခန်းတွေ ရှိတယ် .. ကိုယ်က ကြည့်ယုံပဲ .. ဓါတ်ပုံလည်း သိပ်ရိူက်တတ်တဲ့သူ မဟုတ်တော့ မတန်ဘူး 😅 ..

Pushkar (Arjmer)

============

Pushkar

ဒီနေရာလေးကတော့ Hinduism တွေအတွက် ဘာသာရေး အထွဋ်အမြတ်နေရာတစ်ခုပါ .. ဂျေးပူးကနေ ၁ နာရီလောက်သွားရင်ရောက်ပါတယ် ..

ဗြမ္မာကြီး ဘုရားကျောင်းတို့ .. တခြား ဟိန္ဒူဘုရားတွေရဲ့ ကျောင်းတွေရှိသလို မြို့လည်ခေါင်မှာလည်း .. ရိုးရာအရ ရေချိုးသန့်စင်ကြတဲ့ ရေကန်လေးလည်းရှိပါတယ် .. Pushkar မှာကလည်း အနောက်တိုင်းသား tourist တွေတော်တော်များများ လာကြတဲ့ နေရာမို့ .. Hotel တွေ အနောက်တိုင်းအစား အစာရောင်းတဲ့ဆိုင်တွေရှိပေမဲ့ .. တစ်မြို့လုံး သက်သက်လွတ်ပဲရတာပါ .. အသားစားချင်ရင် Ajimer ကိုသွားရင်တော့ရပါတယ် .. အဲဒီ နှစ်နေရာက တုတ်တုတ်နဲ့ဆို မိနစ် ၂၀ လောက်ပဲ ဝေးပါတယ် .. Ajimer ကတော့ pushkar ထက်စာရင် မြို့ကြီးပြီးတော့ .. ကားတွေ ၊ ရထားတွေကလည်း Ajimer ကနေပဲ စီးရတာပါ .. သူလည်း တောင်ပတ်လည် ဝိုင်းထားတဲ့ ရေကန်လေးလည်းရှိလို့ အတော်လေး လှတဲ့ မြို့ပါပဲ .. အမှိုက်တွေ ဘာတွေလည်းရှင်းပြီး တခြားမြို့တွေထက် ပိုသန့်ရှင်းတယ် ..

Jodhpur (blue city)

===========

Pushkar ကနေ ၄ နာရီလောက် ထပ်စီးရတယ်..

ဂျိုလ်ပူးမှာက မြို့ဟောင်းရယ် မြို့သစ်ရယ်ဆိုပြီး ခွဲထားတာ ရှိတယ် .. Tourist အများစုကတော့ မြို့ဟောင်းဖက်ပဲ သွားကြတာပေါ့ .. အဲဒီမှာက ဟော်တယ်အများစုရယ် စားသောက်ဆိုင်တွေလည်းပေါတယ် .. အဓိက အကျဆုံး လည်ပတ်စရာနေရာကတော့ Mehrangarh Fort လို့ခေါ်တဲ့ မြို့ရိုး တံတိုင်းကြီးပေါ့ .. တံတိုင်းကြီးက အရှည်ကြီးဆိုပေမဲ့ လည်ပတ်ခွင့်ပေးထားတာကတော့ နန်းတော်နဲ့ အဆောင်တွေရှိတဲ့ နေရာတစ်ဝိုက်ပါပဲ .. အရင်က မင်းမျိုးမင်းနွယ်တွေ မူးကြီးမတ်ရာတွေ နေခဲ့ကြတာပေါ့ .. မြို့ရဲ့အမြင့်ဆုံးနေရာ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတာ ဖြစ်လို့ ခြေလျင်တက်ရင်တော့ ပင်ပမ်းတယ် .. ကားနဲ့ဆိုရင်တော့ လမ်းက ပတ်ပြီးသွားရတော့ ဝေးတာပေါ့ .. ကိုယ်ကြိုက်တဲ့ နည်းလမ်းနဲ့သွားလို့ရပါတယ် ..

တံတိုင်းကြီးနဲ့ နီးလာလေလေ အရမ်းကြီးမားပြီး ထည်ဝါတာကို မြင်ရလေလေပဲ .. အနီးဆုံးကို ရောက်တော့ လူတွေဆိုတာ သေးသေးလေးပဲ ဖြစ်သွားတယ် .. ဝင်ကြေးကတော့ foreign nationals ဖြစ်တာမို့ 600 Rs ပေးရတယ် .. ဒါပေမဲ့ အထဲမှာ ကြည့်စရာ လေ့လာစရာတွေနဲ့ နန်းဆောင် အခန်းတွေ အရမ်းများလို့ ငွေကုန်ရကျိုးနပ်တယ်လို့ခံစားရတယ် .. ဓါတ်ပုံလှလှရိုက်ချင်ရင်နော့ မနက်ပိုင်းမှာ သွားသင့်ပြီး .. နေဝင်ချိန် ရှုခင်းအလှအပ ခံစားချင်ရင်တော့ ညနေကျမှ သွားပါ .. မြို့ရိုးကြီးပေါ်ကနေ တစ်မြို့လုံးကို လှမ်းမြင်ရတဲ့ မြင်ကွင်းက အရမ်းလှတယ် ..

Blue city လို့ ခေါ်ရတဲ့ အကြောင်းကတော့ အဲဒီကအိမ်လေးတွေ တိုင်းလိုလိုက အပြာရောင်နံရံတွေ အမိုးတွေ ဆေးသုတ်ထားကြတဲ့အပြင် လမ်းကြားလေးတွေမှာလည်း ပန်းချီရုပ်ပုံ အမျိုးမျိုးကို ရေးဆွဲထားကြတာ တော်တော်လေး ကြည့်လို့ လှပါတယ် ..

မြို့ရိုးတံတိုင်းကြီးအပြင် ထပ်ပြီး လည်ပတ်လို့ရတဲ့ နေရာတွေက .. step well ရယ် .. ဘုရားကျောင်းတွေနဲ့ ရှေးခေတ် ဘုရင်တွေ အမဲလိုက်သွားရင်း နားနေကြတဲ့ ဇရပ်လိုလို .. လေသာဆောင်လိုလို နေရာလေးတွေပါ .. Hindi ရုပ်ရှင်တွေထဲမှာလည်း တွေ့ရလေ့ရှိပါတယ် .. နှစ်ပေါင်းများစွာ ကြာပြီဆိုပေမဲ့ .. လှပပြီး လက်ရာမြောက်နေဆဲ ဖြစ်တာကြောင့် အရင်ခေတ်ကဆိုရင် တော်တော်လေး ခမ်းနားခဲ့မယ်ဆိုတာ ခန့်မှန်းလို့ရနေတာပေါ့ ..

Jaisalmer (Golden city)

==============

Jaisalmer

ဂျိုလ်ပူးကနေ ၄၊၅ နာရီလောက် ကားစီးရင်ရောင်ပါတယ် .. ရွှေရောင်မြို့တော်လို့ တင်စားရတဲ့ အကြောင်းကတော့ .. အဲဒီမြို့နားဝန်းကျင်ကထွက်တဲ့ သဲကျောက်တွေက ဝါဝင်းပြီး .. အဲဒီကျောက်တွေ သဲတွေနဲ့ ဆောက်ထားတဲ့ ရွှေဝါရောင် အိမ်လေးတွေနဲ့ ချည်းပဲ တစ်မြို့လုံး အပြည့်ဖြစ်နေတာကြောင့်မို့ပါ .. အပေါ်မှာ ပြောခဲ့သလို .. အိမ်ပုံစံ ဒီဇိုင်းလက်ရာတွေကလည်း အားလုံး ဆင်နေပြီး ညီညီညာညာနဲ့ ကြည့်လို့ကောင်းပါတယ် .. ပြသနာကတော့ အားလုံးတူနေတဲ့အတွက် မျက်စိမှားပြီး လမ်းပျောက်တော့တာပဲ 😅 .. နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမှာ .. နဂိုက ရွှေရောင်သန်းနေတဲ့ အိမ်လေးတွေက နေရောင်နဲ့ပေါင်းပြီး လင်းလက် လှပနေတော့တာပဲ ..

Jaisalmer မှာလည်း လည်ပတ်စရာ ခံတပ်တံတိုင်းကြီးရှိပါတယ် .. ဒါပေမဲ့ တခြားတံတိုင်းတွေနဲ့ မတူတာက .. ပြတိုက်ကြီးတစ်ခုလို သီးခြားတည်ရှိတာ မဟုတ်ဘဲ .. အဲဒီမြို့ရိုး တံတိုင်းတွေမှာ လူတွေနေနေကြသေးတာ အခုထိပါပဲ .. ကော်ဖီဆိုင် စားသောက်ဆိုင် ဟော်တယ်တွေကလည်း အဲဒီမြို့ရိုးထဲမှာပဲ ရှိတာမို့ သက်ဝင်လှုပ်ရှားနေတဲ့ ခေတ်ဟောင်း ရုပ်ရှင်တွေထဲ ရောက်သွားသလိုပဲ .. Jaisalmer မှာ နေခဲ့တဲ့ ရက်တွေမှာ ညနေတိုင်းလိုလို အဲဒီ တံတိုင်းပေါ်က ဆိုင်မှာသွား ကော်ဖီသောက် .. ညစာစား ပြီး အမြင့်ကနေ တစ်မြို့လုံးကိုကြည့်ရတဲ့ feeling ကအရမ်းမိုက်တယ် ..

နောက်ထပ်ပြီး Jaisalmer ရဲ့ နာမည်ကြီးတဲ့ အချက်တစ်ခုက သဲကန္တာရထဲ အလည်အပတ်သွားရတဲ့ tour လေးတွေပါ .. အာရပ်နိုင်ငံတွေမှာ ရှိတဲ့ ကန္တာရလို အကြီးကြီးမဟုတ်ပေမဲ့ သူလည်း desert vibe ကို အပြည့်ပေးနိုင်တာပါပဲ .. စစချင်း မြို့ထဲကနေ ၁ နာရီကျော်ကျော်လောက် ကားစီးပြီးရင် အရင်ကလူတွေနေခဲ့တဲ့ မြို့ဟောင်း မြို့ပျက် ရှေးခေတ်က အဆောက်အဦးလက်ကျန်ရွာလေးတွေကို ကြည်ြလို့ရတယ် .. ဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး .. ရာသီဥတုကြောင့် ပျက်စီးနေပြီဖြစ်လို့ ကျောက်တုံး အပိုင်းအစတွေပဲ မြင်ရတာပါ ..

နောက်ထပ်ပြီး နွေရာသီဘယ်လောက်ပူပူ ရေခမ်းမသွားတဲ့ အိုအေစစ် ရေကန်လေးကိုသွားကြတယ် .. ကန်ကသေးသေးလေးပါ .. ဒါပေမဲ့ အနီးအနားက ရွာတွေအတွက်တော့ ခုချိန်ထိ အဲဒီကန်ကရေကို အားထားပြီး အသုံးပြုနေရတုန်းပဲ .. အဲဒီနားမှာ ခဏနား .. ရှုခင်းကြည့်ပြီးတော့ ာာ ကန္တာရကို ခရီးဆက်ခဲ့တယ် ..

သဲတွေထဲမှာ သာမန်ကားတွေ မောင်းလို့မရတော့ .. ဂျစ်လိုကားမျိုးနဲ့ ပြောင်းစီးပြီးသွားရတယ် .. အစကတော့ အမိုးပွင့်ကြီးမို့ သဲတွေ ဖုန်တွေနဲ့ သဘောမကျချင်ဘူး .. နောက်တော့မှ ကားဆရာက မတ်တပ်ရပ်စီးဖို့ပြောတယ် .. သကြင်္န်တွင်းကားနဲ့လည်သလိုပေါ့ .. မတ်တပ်လည်းရပ်ပြီး စီးကြည့်တော့ ရိုလာကိုစတာ စီးနေရသလိုပဲအရမ်းမိုက်တယ် .. သေချာတော့ ကိုင်ထားရတယ် .. သဲတောင်ကုန်း အနိမ့်အမြင့် အတက်

အဆင်းတွေနဲ့မို့ ကားက အရမ်းမောင်းရတယ် .. မဟုတ်ရင် အရှိန်သေပြီး ရုန်းမရတော့လို့ ..

ကုလားအုတ်တွေ ရှိတဲ့နေရာ စခန်းလည်းရောက်ရော ခဏနားပြီး ဓါတ်ပုံရိုက် .. အမောဖြေပြီးတော့ ကုလားအုတ်စီးကြတယ်ပေါ့ ..

ဒီနေရာမှာ ပြောချင်တာက .. အမ်မာ ဒူဘိုင်းက ကန္တာရ သွားလည်တုန်းက ကုလားအုတ် မစီးခဲ့ဘူး .. ဘာလို့လည်းဆိုတော့ တစ်ကောင်ထဲကို ခေါက်တုံ့ ခေါက်ပြန်နဲ့ လူအများကြီး တန်းစီပြီးစီးဖို့စောင့်နေကြတာ .. နေကလည်းပူသေး ဆိုတော့ သနားတာနဲ့ မစီးတော့တာ .. ငါတစ်ယောက်မစီးလည်း နည်းနည်း သက်သာပါလို့ တွေးမိလို့ ..

တခြား မှာလည်း ကုလားအုတ်တွေ ရှိပေမဲ့ အပြင်ကအကောင်ကို စီးချင်ရင် extra charges ထပ်ပေးရတော့ လူတွေက အလကားရတဲ့ ကောင်ကိုပဲ ဖိစီးကြတာ 😅 ပြီးတော့ ကုလားအုပ်က ငယ်သေးတာရယ် အစာသေချာမကျွေးဘူးလားမသိ ပိန်သေးသေးလေးရယ် ..

အခု Jaisalmer မှာကျတော့ .. လူလည်းအများကြီးမရှိဘူး .. ကိုယ်စီးရတဲ့ ကောင်ကလည်း ထွားပြီး အကောင်ကြီးလို့ .. မတ်တပ်ရပ်လိုက်တာအခါ အမြင့်ကြီးပဲ .. ပြုတ်ကျမှာ ကြောက်လို့ မနည်းကိုင်ထားရတယ် .. ကြောက်ကြောက်နဲ့ပဲ ပျော်စရာလည်းကောင်းခဲ့ပါတယ် .. သိပ်အကြာကြီးတော့ မစီးနိုင်ဘူး ခါးတွေညောင်းလို့ ..

ကုလားအုတ်စီးပြီးတော့ နေဝင်တဲ့အချိန်ထိ ကန္တာရထဲမှာပဲ .. လမ်းလျှောက် ဓါတ်ပုံရိုက်နဲ့ .. အချိန်ကုန်သွားတယ် .. ကမ်းခြေကနေ ဝင်ချိန်ကတမျိုးလှသလို .. ကန္တာရထဲက နေဝင်ချိန်ကလည်း တမျိုးလေးလှတယ် .. သဲတွေကလည်း ရွှေဝါရောင် .. နေဝင်ချိန် ကောင်းကင်ကလည်း ပုစွန်ဆီရောင်လေးနဲ့ .. ကဗျာဆန်ပြီး လွမ်းချင်စရာလေး ..

နေဝင်တာ ကြည့်ပြီးသွားတော့ .. ရာဂျစတန်ရဲ့ ရိုးရာ အဆို အက ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ညစာစားရမဲ့ နေရာကိုသွားရတယ် .. သူကတော့ ကန္တာရထဲမှာ မဟုတ်ဘဲ .. မိန်းလမ်းမကြီး ဘေးမှာတင်ရှိတာပါ .. တချို့ကလည်း အဲဒီမှာပဲ tent တွေငှါးပြီး အိပ်ကြတယ် .. အမ်မာတို့ကတော့ တခြားမှာ star gazing လုပ်ပြီး အိပ်ကြမို့ .. ညစာပဲ စားခဲ့တယ် .. dance show ကတော့ သူတို့ ရိုးရာမို့ ကိုယ့်ကတော့ သိပ်စိတ်မဝင်စားပါဘူး .. အာရပ်မလေးတွေ အဝတ်အစားနဲ့ ကတာလေးက ပိုလှတယ် 😝 .. India ကကျတော့ တစ်ကိုယ်လုံး လုံနေလို့ သိပ်ကြည့်မကောင်း 😅 ..

အဲဒီကတော့ ညအိပ်ဖို့အတွက် star gazing လုပ်မဲ့ နေရာကို ဆက်သွား .. အမှန်တော့ အဖွဲ့လိုက် လူများရင် ပျော်ဖို့ပိုကောင်းမှာ .. အမ်မာတို့ကတော့ ၂ ယောက်ထဲမို့ .. ပျင်းစရာ .. ရောက်ရောက်ချင်း ပင်ပမ်းတာနဲ့ ကြယ်လည်းမကြည်နိုင်တော့ဘူး အိပ်တာပဲ .. ကန္တာရမှာ နေ့လည်ကပူပေမဲ့ .. ညနဲ့ မနက်ပိုင်းကတော့ အေးတယ် .. မီးပုံကြီးဘေးမှာ အိပ်ရတယ် .. မနက်မိုးလင်းတော့ Hotel ကိုပြန်ကြရော .. ဒါပါပဲ ..

Jodhpur
Jodhpur

နောက်ထပ်သွားစရာ Udipur ဆိုတဲ့ အဖြူရောင်မြို့တော်လည်း ရှိပေမဲ့ .. ရာသီဥတုပူလာတာကြောင့်ကော အချိန်လည်း သိပ်မရတော့တာနဲ့ .. မသွားဖြစ်ခဲ့ဘူး .. အဲဒီမြို့လည်း အရမ်းလှတယ်လို့ပြောကြတယ် .. အိန္ဒိယ ရုပ်ရှင်တွေထဲမှာတော့ မကြာခဏ မြင်ဖူးပါတယ် .. နောက်နှစ် ဆောင်းတွင်းရောက်ရင်တော့ ရာဂျစတန်ဖက် ထပ်ပြီး အလည်သွားဦးမယ်လို့တွေးထားတယ် .. တကယ်သွားမဲ့အချိန်ကြရင် ပြောမယ်နော် Join ချင်တဲ့သူတွေ join လို့ရအောင် .. Package tour လေးတွေကတော့ စီစဉ်ပြီးရင် အသိပေးပါမယ် ..

ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားချင်တဲ့ သူတွေရှိရင်လည်း လိုအပ်တဲ့ သိချင်တဲ့ အကြောင်းအရာလေးတွေ လာမေးလို့ရပါတယ် .. Jaisalmer မှာ တည်းခဲ့တဲ့ hostel က လူတွေနဲ့လည်း အခုဆို သူငယ်ချင်းတွေ ဖြစ်နေပြီမို့ contact လိုချင်ရင်လည်း လာတောင်းလို့ရတယ် .. အရမ်းဖော်ရွေပြီး ဝန်ဆောင်မှုကောင်းတဲ့ hostel လေးပါ .. 😊

ဒီလောက်ဆိုရင်တော့ ရာဂျစတန်အကြောင်း စုံပါပြီ .. စာလည်းအရမ်းရှည်နေပြီမို့ ဒီမှာပဲ ရပ်လိုက်ပါတော့မယ် .. အဆုံးထိ ဖတ်ပေးကြလို့ ကျေးဇူးပါ 😊 ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top