မေပယ်ရွက် အကြွေလေးကို စစမြင်ခါစက အရမ်းပျော်သွားတာ.. ဒါလေးတွေ ကိုရီးယားကားထဲမှာ တွေ့ဖူးတာလေ .. အပြင်မှာလည်း အရမ်းလှတာပဲ .. လမ်းလျှောက်ရင်း ခြေထောက်နား လွင့်လာတဲ့ သစ်ရွက်လေးကို ကောက်ယူမိတော့ .. ဘာလုပ်ဖို့သစ်ရွက် ခြောက်တွေ လျှောက်ကောက်နေတာလဲ အမှိုက်ပွတယ်တဲ့ .. ခုဏတုန်းက ပျော်နေတာလေးတောင် ဘယ်ရောက်သွားလဲမသိဘူး .. ထပ်ပြီး လမ်းမှာတွေ့တဲ့ ချစ်စရာ ခွေးလေးတွေ ကြောင်လေးတွေဆိုရင်လည်း .. ညစ်ပတ်တယ် အန္တရာယ် များတယ်ဆိုပြီး သူက အလကားနေရင်း မုန်းနေသေးတာ .. ခပ်လှမ်းလှမ်းက…
သူ့ရဲ့အတွေးအခေါ်ကို ပြောင်းလဲစေနိုင်မဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ် .. အပြုအမူလေးတစ်ခုဖြစ်ဖြစ် .. မြင်ခဲ့ တွေ့ခဲ့ ကြားခဲ့မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း လူအသစ်တစ်ယောက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တယ် ကျမ စိတ်ကို ပြောင်းလဲစေခဲ့သော စကားလုံးများ .. * people only regret for things they didn’t do .. * လူတွေက ဘဝမှာ သူတို့လုပ်ခဲ့ဖူးတဲ့အရာတွေထက် မလုပ်ခဲ့မိတဲ့အရာတွေအတွက်ပို နောင်တရကြတယ်။ ငါသာလုပ်ခဲ့မိရင် ဘယ်လို results ရနိုင်မလဲ .. ကောင်းမလား၊ ဆိုးမလား…
ကိုယ့်ကိုကိုယ် သိတယ် .. အရမ်းကြီး စိတ်ကောင်းရှိတဲ့သူတော့မဟုတ်ဘူး .. ဒါပေမဲ့ တခြား စိတ်ကောင်းရှိတဲ့ သူတွေနဲ့ တွေ့တဲ့အခါ .. ကိုယ် အားနာလောက် ရတဲ့အထိ ကိုယ့်အပေါ်ကောင်းပေးကြတာ မြင်တော့ .. တဖြည်းဖြည်းနဲ့ အတုယူတတ်လာတယ် .. ဒီနေ့အထိ ကိုယ်တွေ့ဖူးတဲ့ လူတွေထဲမှာ အတုယူမိတဲ့သူတွေရှိတယ် .. သူတို့ လုပ်သမျှ အရာရာတိုင်းကို အတုယူတာတော့ မဟုတ်ဘူး .. ကိုယ်သဘောကျတဲ့ အရာလေးတွေ .. သူတို့ကိုယ့်ကို ပြောလိုက်လို့ .. လုပ်ပေးလိုက်လို့ ကိုယ့်စိတ်ထဲ…
No.1 – Ha Giang Vietnam ရဲ့ အမြင့်ဆုံးတောင်တန်းတွေကို မျက်စိတဆုံး ခံစားလို့ရတဲ့နေရာပေါ့.. ဒါပေမဲ့ bike tour သွားရတာဖြစ်လို့ ပင်ပမ်းတယ် .. လူငယ်တွေ ၊ ကျန်းမာရေးကောင်းတဲ့ လူတွေလောက်ပဲအဆင်ပြေတယ် .. အေးအေးဆေးဆေး အနားယူ အပမ်းဖြေချင်တဲ့သူတွေနဲ့မကိုက်ဘူး .. No.2 – Sapa သူလည်းတောင်တန်းတွေနဲ့လှတယ် .. အေးဆေး နားချင်တဲ့သူတွေ .. ရှုခင်းကြည့် ကော်ဖီဆိုင်တွေပတ်သွားချင်တဲ့သူတွေအတွက် အဆင်ပြေတယ် .. အဲဒီမှာ hiking tour တွေလည်း…
ဘုရားဖူးရာသီလည်းဖြစ်ပြီးတော့ .. အမ်မာ့ဆီ India visa လာလုပ်တဲ့ customers တွေအများစုကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဗုဒ္ဓဂါယာကို ဘုရားဖူးလေး သွားချင်ကြတယ်ပြောလို့ .. သွားလို့အဆင်ပြေမဲ့ လမ်းကြောင်းလေးတွေ အမ်မာပြောပြပါမယ် .. ရန်ကုန်ကနေ ဂါယာကို ဒီရာသီမှာ တိုက်ရိုက် လေယဉ်ရှိပေမဲ့ လက်မှတ်ဝယ်ဖို့ မလွယ်ပါဘူး .. ဘုရားဖူး အဖွဲ့တွေ company တွေကိုပဲ အဓိကရောင်းလို့ပါ .. အဲဒါကြောင့်မို့ ကိုယ့်ဖာသာ သွားမယ်ဆိုရင် Kolkata ကနေ တဆင့် ပြည်တွင်းလေယဉ် .. ဒါမှမဟုတ်…
သတိထားမိတာ အခုနောက်ပိုင်း .. trend ဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံ .. ရိုးရိုးလေးနဲ့ အေးချမ်းမှုမျိုးကို လူတွေက အရမ်းစိတ်ဝင်စားကြတယ် .. အားကျကြတယ် .. အဲဒီလိုလေး နေချင် ဖြစ်ချင်ကြတယ်ပေါ့ .. ဒါပေမဲ့ တကယ်တမ်းကျတော့ နေ့စဉ် ပြေးလွှားရုန်းကန်ကြရင်းနဲ့ .. စိတ်ဖိစီးမှုတွေများတဲ့ ဘဝမှာပဲ ကုန်ဆုံးနေကြတာများတယ် .. တချို့ကတွေးမှာပေါ့ .. တစ်နေ့နေ့ရောက်ခဲ့ရင်တော့ အနားယူမယ် .. အေးအေးဆေးဆေး နေမယ်ဆိုပြီး .. တကယ်တမ်းကျတော့လေ .. ၁၀၀ ရာခိုင်နှုန်း အပြည့်…
အခုနောက်ပိုင်း လူငယ်တွေလည်း စိတ်ဝင်စားပြီး လာမေးကြလို့ ပြောပြတာပါ .. ဗုဒ္ဓဂါယာကို ဘုရားဖူးအဖွဲ့နဲ့မသွားဘဲ .. ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင် အဆင်ပြေလားဆိုတော့ .. သွားလို့ရပါတယ်နော် .. တော်တော်များများက ဗုဒ္ဓဂါယာဆိုရင် ဘုရားဖူးအဖွဲ့နဲ့ပဲ သွားရမယ် .. ဟိုမှာဘုရားတွေပဲရှိတယ်လို့ ထင်ကြတယ် .. တကယ်တမ်းကျတော့ ဗုဒ္ဓဂါယာဆိုတာ လူတွေနေတဲ့ မြို့သေးသေးလေးပါ .. အနီးဆုံးမြို့ကြီးကတော့ ဂါယာပေါ့ .. ဂါယာနဲ့ ဗုဒ္ဓဂါယာက ကားနဲ့ဆို မိနစ် ၄၀ လောက် သွားရပါတယ် .. တခြားမြို့တွေလိုပဲ …..
အရင်တုန်းကလည်းတင်ထားတာတော့ရှိတယ် .. India Visa က တစ်နှစ် Multiple Entries ဆိုရင် .. * လျှောက်တဲ့ရက်ကစပြီး တစ်နှစ်သက်တမ်းရတယ် .. * တစ်နှစ်အတွင်း ဘယ်အချိန်သွားသွား သွားလို့ရပါတယ် .. * တစ်နှစ်အတွင်း အကြိမ်ရေကန့်သတ်မရှိ ဝင်ထွက်လို့ရပါတယ် .. * တစ်ခါဝင်ပြီးရင် အများဆုံး ရက် ၉၀ ထိနေထိုင်ခွင့်ရှိပါတယ် ( ၉၀ ပြည့်ရင် မဖြစ်မနေပြန်ထွက်ရပါတယ် ) * ဘယ်နှကြိမ်ဝင်ထားတာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံတွင်းမှာ နေခဲ့တဲ့ စုစုပေါင်းရက်…
ဒီအသက်အရွယ်မှာ ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ တစ်ခုနားလည်လိုက်တာ .. ဘယ်အရာပဲဖြစ်ဖြစ် လုပ်ကြည့်လိုက်လို့ အရှုံးမရှိဘူးဆိုတာပဲ .. တချို့အရာတွေက ငွေကြေးကုန်ကျသွားပေမဲ့ တစ်ခုခုတော့ ပြန်ရလိုက်တယ် .. (နောင်တတို့ ဒုက္ခတို့ပေါ့ ) စတာပါ .. အနည်းဆုံးတော့ ပညာရတယ်.. လုပ်ကြည့်လိုက်ရတဲ့ အတွေ့အကြုံရမယ် .. မိတ်ဆွေကောင်း အဆက်အသွယ်တွေရမယ် .. စီးပွါးရေး တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး .. Relationship ပဲဖြစ်ဖြစ် .. ပညာတစ်ခုခု လေ့လာတာ .. ခရီးသွားတာ .. ဘယ်အရာမှ…
တစ်ခုခု လိုချင် ဝယ်ချင် လုပ်ချင်ရင်လည်း တွက်ချက်ပြီး နှမြောလို့ မဝယ်ဖြစ် မလုပ်ဖြစ်ဘူး .. အခုနောက်ပိုင်းတော့ .. ပိုက်ဆံထက် အရာရာကို ပိုတန်ဖိုးထားတတ်လာတယ် .. *** ပြန်မရနိုင်တော့မဲ့ ငယ်ရွယ်မှုတွေ *** ပျော်ရွှင်စရာမိသားစုခရီးလေးတွေ *** မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဂရုစိုက်ကြင်နာမှု *** တစ်သက်စာ အမှတ်ရစရာဖြစ်နေမဲ့ memories လေးတွေနဲ့ *** ဘဝရဲ့အဓိပ္ပါယ်စစ်စစ် အတွေအကြုံသစ်တွေ *** လူသားချင်းစာနာမှု ၊ တိရစ္ဆာန်လေးတွေရဲ့နွေးထွေးမှု စသည်ဖြင့် .. စသည်ဖြင့်ပေါ့ …..
