ကမ္ဘာ့အရှည်ဆုံး ခံတပ်တံတိုင်းတွေထဲက တစ်ခုဖြစ်တဲ့ Kumbhalgarh Fort

အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်ထဲမှာ ရှိတဲ့ **Kumbhalgarh Fort** ဟာ သမိုင်းနဲ့ အံ့ဩစရာတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ တောင်တန်းပေါ်မှာ တည်ထားပြီး တော့ **၃၆ ကီလိုမီတာဆက်တိုက်ရှည်လျားတာကြောင့် “အိန္ဒိယရဲ့ Great Wall” လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။

**Kumbhalgarh Fort** ကို ၁၅ ရာစုခေတ်မှာ Maharana Kumbha က တည်ဆောက်ခဲ့တာဖြစ်ပြီး၊ မာရနာပရာတပ် (Maharana Pratap) မွေးဖွားရာ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းချစ်သူတွေ၊ ယဉ်ကျေးမှုလေ့လာသူတွေ အတွက် အထူးအရေးပါတဲ့နေရာတစ်ခုပါ။

Kumbhalgarh Fort

ဒီခံတပ်တံတိုင်းကြီးထဲမှာ တော့ ..

* ရှေးဟောင်းဘုရားကျောင်းများ

* တောင်တန်းမြင်ကွင်းကျယ်များ

* ရှေးခေတ်ရေသိုလှောင်စနစ်များ

ကို တွေ့နိုင်ပြီး၊ တစ်နေရာတည်းမှာပဲ သဘာဝနဲ့ သမိုင်းကို တပြိုင်နက် ခံစားနိုင်ပါတယ်။

ညဘက်မှာတော့ မီးအလင်းတွေနဲ့ ထွန်းလင်းထားပြီး၊ အလင်းရောင်နဲ့ အရိပ်တွေကြားမှာ ခံတံတိုင်းကြီးက အလွန်လှပပြီး မျက်စိမခွာနိုင်အောင် ဆွဲဆောင်တတ်ပါတယ်။

* မနက်စောစော သို့မဟုတ် ညနေချိန်သွားပါ—အပူမလွန်ဘဲ မြင်ကွင်းလည်း အလှဆုံးပါ။လမ်းလျှောက်ရတာများတဲ့အတွက် သက်တော့သက်သာဖြစ်တဲ့ဖိနပ်မျိုး၀တ်ဆင်ပါ

Kumbhalgarh Fort ကို သွားရောက်လည်ပတ်တဲ့အခါ သမိုင်းအဆောက်အဦးတစ်ခုကို မြင်တွေ့ရတာထက် .. ကိုယ်ကိုယ်တိုင် ရှေးဟောင်းခေတ်တစ်ခုကို ပြန်ရောက်သွားသလိုမျိုး အတွေ့အကြုံကို ခံစားရမှာပါ။

Leave a Reply

Back to top