အိန္ဒိယဟာ သမိုင်းကြောင်းအစဉ်အလာ ကြီးမားတာနဲ့အမျှ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဖြစ်စာရင်းဝင်တဲ့ နေရာပေါင်း ၄၄ ခုတောင်ရှိပါတယ် .. အိန္ဒိယရဲ့ နိုင်ငံအနှံ့အပြားမှာပါ ..
အဲဒီထဲကမှ သဘာ၀အတိုင်းဖြစ်ပေါ်နေတဲ့ Natural Category ထဲက နေရာတွေကို ဖယ်လိုက်မယ်ဆိုရင် cultural man made လူတွေတည်ဆောက်ထားတဲ့ ယဉ်ကျေးမှုလက်ရာ အဆောက်အဦး/မြို့တွေဟာ .. စုစုပေါင်း ၃၆ နေရာတိတိရှိပါတယ် ..
တချို့နေရာတွေကတော့ အဆောက်အဦး တစ်ခုတည်းအတွက် UNESCO ကအသိအမှတ်ပြုထားတာ ဖြစ်ပြီးတော့ .. တချို့နေရာတွေကတော့ .. သတ်မှတ် နယ်မြေ တစ်ခုလုံး .. မြို့တစ်ခုလုံး ပါဝင်ပါတယ် .. (ဥပမာ Jaipur City , Darjeeling)
တချို့ကလည်း အိန္ဒိယကို အလည်အပတ်သွားရောက်ခဲ့ပေမဲ့ .. ဘယ်နေရာတွေကတော့ UNESCO ဝင်လဲဆိုတာ မသိခဲ့၊သတိမထားခဲ့မိဘူးပေါ့ ..

အဲဒါကြောင့်မို့ ဧည့်သည်အများစု သွားရောက်လေ့ ရှိတဲ့ UNESCO World Heritage စာရင်းဝင်နေရာ တချို့ကို ဖော်ပြပေးလိုက်ပါတယ် .. (အကုန်လုံးတော့ မပြောတော့ဘူးနော် အရမ်းများလို့)
1. Taj Mahal
2. Agra Fort
3. Fatehpur Sikri
4. Qutub Minar
5. Humayun’s Tomb
6. Red Fort
7. Jaipur City
8. Jantar Mantar (Jaipur)
9. Hill Forts of Rajasthan
10. Ajanta Caves
11. Ellora Caves
12. Elephanta Caves
13. Mahabodhi Temple at Bodh Gaya
14. Archaeological Site of Nalanda
အဲဒီနေရာတွေ အားလုံးကို အချိန်တိုတိုအတွင်းမှာ လည်ပတ်ဖို့ မဖြစ်နိုင်ပေမဲ့ ..
“Golden Triangle of India” လို့ခေါ်တဲ့ Delhi-Agra-Jaipur ၄ညအိပ် ၅ရက် ခရီးစဉ်လေးမှာကတော့ .. အမှတ် စဉ် ၁ မှ ၉ အထိ .. ၉ နေရာစလုံးကို သွားရောက် လည်ပတ်လို့ရအောင် စီစဉ်ပေးထားပါတယ် ..
ခရီးစဉ်လေး အသေးစိတ်ကို သိချင်ရင်တော့ Page messager ကနေ ဆက်သွယ်ပြီး စုံစမ်းလို့ရပါတယ်ရှင့် .. ![]()
အိန္ဒိယကို အရင်က ရောက်ခဲ့ဖူးတဲ့သူတွေကရော .. ဒီနေရာလေးတွေထဲက ဘယ်နှခုလောက် ရောက်ခဲ့ပြီးပြီလဲ .. ပြောပြခဲ့ဦးနော် .. ![]()
