ခရီးတွေသွားတာ အပမ်းဖြေဖို့သက်သက်လား

ခရီးသွားသူတိုင်းဟာ အပမ်းဖြေဖို့သွားတာမဟုတ်ဘူး .. အပမ်းဖြေဖို့ သွားတဲ့သူတွေလည်းရှိပါတယ် ..

ဒါပေမဲ့ တချို့က .. စူးစမ်းလေ့လာချင်လို့ သွားတယ် .. တချို့က စွန့်စားချင်လို့သွားတယ် ..

မလုပ်ဖူးသေးတဲ့အရာတွေလုပ်ကြည့်ချင်လို့ ..

မရောက်ဖူးသေးတဲ့ နေရာတွေကို မြင်တွေ့ချင်လို့ ..အတွေ့အကြုံအသစ်အစမ်းတွေကို ရှာဖွေချင်လို့လည်း သွားကြပါတယ် ..

တချို့ဆို တောထဲသွား ရှာပါးအပင်လေးတွေ ပန်းလေးတွေကြည့်ရတာဝါသနာပါတယ် ..

တချို့ဆို အကောင်လေးတွေ ကြည့်ချင်လို့သွားတယ် .. တချို့က လူအသစ်တွေ မိတ်ဆွေအသစ်တွေနဲ့တွေ့ရ ခင်ရတာ သဘောကျလို့သွားကြတယ် ..

တချို့ကျတော့ သမိုင်းကြောင်းတွေ ယဉ်ကျေးမှုစိတ်ဝင်စားလို့ လေ့လာချင်လို့သွားကြတယ် ..

တချို့က ဒေသအသီးသီးက အစားအစာ မျိုးစုံ မုန့်မျိုးစုံကို စားကြည့်ချင်လို့သွားကြတယ် .. တချို့က ဗဟုသုတ ရှာဖွေချင်လို့ .. အမြင်ကျယ်ချင်လို့ ခရီးသွားကြတယ် ..

လူအမျိုးမျိုး စိတ်အထွေထွေမို့ .. ခရီးသွားရတဲ့ ရည်ရွယ်ချက်တွေကလည်း အမျိုးမျိုး .. တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး ..

အမ်မာဆိုရင် ခရီးသွားတာပင်ပမ်းလာလို့ အပမ်းဖြေချင်တဲ့အချိန်ဆို အိမ်ကိုပဲသွားတယ် .. ကိုယ့်အိမ်လောက် ဇိမ်ကျ၊သက်တောင့်သက်သာရှိတဲ့ နေရာ ရှိပါဦးမလားနော် ..

အဲဒါမို့ ခရီးသွားတိုင်းကို အပမ်းဖြေဖို့လို့ မတွေးပါနဲ့ .. မျက်စိကိုဖွင့်ကြည့်စေချင်တယ် .. ကိုယ်မသိတဲ့ အခြားအခြားသော အကြောင်းပြချက်မျိုးစုံရှိပါသေးတယ်လို့ .. 😊

Leave a Reply

Back to top