Elephanta caves

Elephanta caves

မွန်ဘိုင်း (ဘုံဘေ) ရောက်ရင် ဘယ်လည်ရမလဲ မေးတဲ့သူတွေ .. Elephanta caves ကိုသွားလို့ရပါတယ် .. Gateway of India ကနေ ferry စီးပြီးသွားရတာပါ .. သူကလည်း နှစ်ပေါင်း ၁၅၀၀ ဝန်းကျင်ခန့် သက်တမ်းရှိတဲ့ .. ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် နေရာတစ်ခု ဖြစ်လို့ပါ .. အိန္ဒိယနိုင်ငံ Mumbai မြို့မှာရှိတဲ့ Elephanta Caves သည် သမိုင်းဝင်အနုပညာနှင့် ဘာသာရေးယဉ်ကျေးမှုကို ထင်ရှားစွာ ပြသနေသော အံ့ဖွယ်ကျောက်ဂူအစုတစ်ခုဖြစ်ပါသည်။…

မဟာဗောဓိစေတီ (Mahabodhi Temple Complex, Bodh Gaya)

အိန္ဒိယနိုင်ငံ၊ Bodh Gaya မြို့လေးထဲမှာ တည်ရှိတဲ့ မဟာဗောဓိစေတီဟာ ကမ္ဘာပေါ်မှာ အလွန်အရေးကြီးဆုံး ဗုဒ္ဓဘာသာဝင်များအတွက် သန့်ရှင်းရာနေရာတစ်ခု ဖြစ်ပါတယ်။ မဟာဗောဓိဘုရားကျောင်းရဲ့ အရေးပါမှုဟာ အထူးသဖြင့်— ဘုရားရှင် ဂေါတမဘုရား (Gautama Buddha) ဘုရားဖြစ်တော်မူခဲ့တဲ့ နေရာဖြစ်တာကြောင့်ပါ။ ခန့်မှန်းအားဖြင့် ၂၆၀၀ နှစ်ကျော်သက်တမ်းရှိပြီး ဘုရားရှင်ဟာ ဗောဓိပင်အောက်မှာ ထိုင်ပြီး တရားတော်ကို သိမြင်ခဲ့သည် အဲဒီနေရာကိုပဲ ယနေ့ “Bodh Gaya” လို့ ခေါ်ကြပါတယ် လက်ရှိမြင်တွေ့ရတဲ့ မဟာဗောဓိဘုရားကျောင်းကို မော်ရိယအင်ပါယာဘုရင် အာသောက က စတင်တည်ဆောက်ခဲ့တယ်…

Jantar Mantar – Jaipur မြို့ရှိ အာကာသလေ့လာရေးနေရာ

Jantar Mantar ဆိုသည်မှာ အိန္ဒိယနိုင်ငံ၊ Jaipurမြို့တွင် တည်ရှိသော အထင်ကရ အာကာသလေ့လာရေး စက်ကိရိယာစုတစ်ခု ဖြစ်ပါသည်။ ယင်းကို မဂုလ်ခေတ်ဘုရင်ဖြစ်သော Maharaja Sawai Jai Singh II မှ ၁၈ ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သည်။ အဆိုပါဘုရင်သည် အာကာသဗေဒနှင့် သိပ္ပံပညာအပေါ် အထူးစိတ်ဝင်စားမှုရှိခဲ့သူ ဖြစ်သည်။ **ဘာကြောင့် နာမည်ကြီးသလဲ?** Jantar Mantar တွင် အာကာသအရာများကို စောင့်ကြည့်တွက်ချက်ရန် အသုံးပြုသော ကြီးမားသော ကျောက်တုံးနှင့် မာဘယ်လ်ဖြင့် ပြုလုပ်ထားသော စက်ကိရိယာ ၁၉…

စိတ်စွမ်းအင်ဆိုတာ တကယ်ရှိတယ် ..

အဲဒါကြောင့်ပဲ meditation လုပ်ပြီး တရားထူးတရားမြတ်ရ သွားတဲ့သူတွေလည်းရှိတာပေါ့ .. အခုပြောနေတာ “ဘာသာရေးခေါင်းစဉ်”တစ်ခုအောက်ကမဟုတ်ဘူးနော် .. အကောင်းမြင်စိတ်ထားတဲ့သူဆီကို ကောင်းတဲ့အရာတွေလာတယ် ၊ မကောင်းမြင်စိတ်များတဲ့သူဆီကို မကောင်းတဲ့အရာတွေလာတယ်ဆိုတာ “တိုက်ဆိုင်မှု”သက်သက်မဟုတ်ဘူး .. စိတ်စွမ်းအင် (တနည်းအားဖြင့်) လူတွေရဲ့ဦးဏှောက် မှတ်ဥာဏ်ဖွဲ့စည်းပုံက အံ့ဩစရာကောင်းတာကိုပြောပြတာပါ .. အဲဒါကြောင့်လည်း ရောဂါတစ်ခုခုဖြစ်ရင်တောင် အဲဒီလူနာရဲ့ “စိတ်ကျန်းမာရေး” ဘယ်လောက်ထိ strong ဖြစ်လဲဆိုတာ အရေးကြီးကြောင်း ဆရာဝန်တွေ အမြဲတမ်းပြောလေ့ရှိတယ် .. ခုနောက်ပိုင်း westerners တွေကြားမှာ ပိုရေပန်းစားလာတဲ့ အကြောင်းအရာက တရားထိုင် တာပါပဲ…

Stone stacking

Stone stacking

ဒီလို ကျောက်တုံးလေးတွေ အဆင့်ဆင့် ထပ်စီထားတာကို Stone stacking (cairns) လိုခေါ်ပါတယ် .. တချို့ကလည်း stones castle ပေါ့ .. အဲဒီလို ကျောက်တုံးလေးတွေ ပြိုမကျသွားအောင် စီ ရီ ထားပုံက .. လူ့ဘဝရဲ့ အရေးကြီးတဲ့ “ဟန်ချက်ညီမျှမှု ၊ သဟစာတဖြစ်မှု” ကို ကိုယ်စားပြုပြီးတော့ .. စိတ်ငြိမ်အောင်လေ့ကျင့်တဲ့ အနေနဲ့လည်း လုပ်ကြတယ် .. နောက်တစ်ချက်အနေနဲ့လည်း သဘာဝတရား နဲ့ပိုပြီးနီးစပ်စေဖို့အတွက် ရည်ရွယ်ကြပါတယ် .. ဟိမဝန္တာဒေသမှာရှိတဲ့ တိဘက်၊ဘူတန်၊နီပေါ…

စျေးအမှန်အတိုင်းပြောကြလားဟင် ..

ကိုယ်ကတော့ သက်သာစေချင်လို့ အမှန်အတိုင်း သက်သာတဲ့ စျေးပြောလိုက်တာပဲ .. ဒါပေမဲ့ သူကတစ်ဖက်မှာ စျေးကြီးမိသွားလို့ မပျော်နိုင်ဘူးဖြစ်သွားတော့ ကိုယ်ပါစိတ်ထဲမကောင်းဘူး .. မပြောလိုက်မိရင်ကောင်းသားလို့ တွေးနေတာ .. အခု hostel မှာတွေ့တဲ့ Brazil ကကောင်မလေးပေါ့ .. မနက်ဖြန် ရေတံခွန်သွားမှာတဲ့ ပြောလို့ .. ငါကသွားပြီးသွားပြီ မနေ့ကပဲဆိုတော့ .. “ဘယ်လိုသွားတာလဲ ဘယ်လောက်ကုန်လဲတဲ့ “? Bus နဲ့သွားတာ အသွားအပြန် ဝင်ကြေးနဲ့မှ 200k .. (less than 10$)…

ဝါသနာပါတာလုပ်ရမလား ?ပိုက်ဆံရတာလုပ်ရမလား ?

အမ်မာနဲ့ သိတဲ့ လူငယ်လေးတွေတော်တော်များများ မေးတဲ့မေးခွန်းလေး .. ဒီနေ့ခေတ်မှာတော့ အကြောင်းကြောင်းကြောင့် ဝါသနာပါရာ အလုပ်ကို လုပ်နိုင်ကြတဲ့ သူတော်တော်နည်းသွားပါပြီ .. လူတချို့လောက်ပဲ ရပ်တည်နိုင်ကြတာ .. အမ်မာ ပြန်ပြောဖြစ်တာကတော့ အဓိကက ကိုယ့်ရဲ့မိသားစု အခြေအနေကို ကြည့်ဖို့ပါပဲ .. အိမ်က အရမ်း မချမ်းသာရင်တောင် စားနိုင် သောက်နိုင် .. ကိုယ်မထောက်ပံ့လည်း ရပ်တည်နိုင်တဲ့ အနေအထားဆိုရင်တော့ ဝါသနာပါရာကိုပဲလုပ်ပါ .. (ကိုယ့်ကိုတော့ ပြန်မထောက်ပံ့ခိုင်းနဲ့ တစ်ယောက်ထဲက ငတ်ငတ် ပြတ်ပြတ် ပြသနာမရှိဘူး …..

Torna Fort

Torna Fort

India ရဲ့ မြို့တွေအထင်ကရနေရာတွေမှာတင်မကဘဲ အခုလို တောထဲတောင်ထဲမှာလည်း ခံတပ်ရဲတိုက်ကြီးတွေရှိတယ် .. Local တွေကတော့ အခုလိုမိုးရာသီဆို အဲဒီလိုခံတပ်ကြီးတွေရှိတဲ့ဆီ trekking သွားကြလေ့ရှိတယ် .. ဘာဖြစ်လို့မိုးရာသီမှသွားလဲဆိုတော့ အပင်တွေကစိမ်းစိမ်းစိုစိုနဲ့ .. လမ်းတစ်လျှောက်လည်း ရေတံခွန်တွေ စမ်းချောင်းတွေနဲ့ အရမ်းကိုလှနေလို့ပေါ့ .. (နွေရာသီဆိုရင်တော့ ခြောက်ကပ်ကပ်နဲ့ သိပ်မလှဘူး) ဒီနေရာလေးကတော့ Maharashtra ပြည်နယ်ထဲမှာရှိတဲ့ .. Torna Fort လို့ခေါ်တဲ့ ခံတပ်နေရာလေးဖြစ်ပါတယ် .. ကားနဲ့ အနီးဆုံးနေရာထိ သွားလို့ရပေမဲ့ .. တမင်ကို trekking…

ဘာသာပြန် သူငယ်ချင်း

ဘာ language နဲ့ပဲပြောပြော ဘာသာလိုက်ပြန်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် .. ခရီးတူတူသွားတော့ မှ သူ့အကြောင်းသိတာ .. တစ်ယောက်ယောက်က English လိုပြောရင် ကိုယ့်ကို မြန်မာလို ပြန်ရှင်းပြတယ် .. ထိုင်းလိုပြောရင်လည်း သူ့ကိုယ့်ကို ဘာသာပြန်ပေးတယ် တရုတ်လို လာပြောရင်လည်း သူထင်တာ သူဘာသာပြန်လိုက်တာပဲ .. နောက်ဆုံး ကုန်ကုန်ပြောရရင် .. ဘာသာစကား မပေါက်လို့ ခြေဟန်လက်ဟန်နဲ့ သူများက လုပ်ပြရင်တောင် .. အဲဒီသူ ဘာပြောနေလဲဆိုတာ သူ့ကကိုယ့်ကို ပြန်ပြောပြသေးတာ .. အဲဒီဘာသာစကားတွေ…

မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့

“မိန်းကလေးတစ်ယောက်တည်းမို့ ခရီးသွားဖို့အိမ်ကမလွှတ်လို့” ဆိုတဲ့ညီမလေးတွေ အတွက် .. အမ တုန်းကလည်း အိမ်ကလွှတ်လို့သွားတဲ့ ခရီးဆိုတာ တစ်ခါမှမရှိခဲ့ဖူးဘူး .. ငယ်ငယ်လေးတုန်းက အိမ်ရှေ့မှာပဲဆော့ ဆိုရင် ၂ လမ်းကျော်ကိုရောက်သွားပြီ .. နည်းနည်းကြီးလာတော့ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲပတ်တာ အိမ်က အဝေးကြီးမသွားနဲ့ဆိုတာကို .. တခြား မြို့နယ်တွေပါရောက်တယ် အထက်တန်းအရွယ်လောက်လည်း ရောက်ကော .. bus ကားလေး စီးတတ်ပြီဆိုတော့ ရန်ကုန် တစ်မြို့လုံးနှံ့ကော .. ကိုယ်တင်မကဘူး တခြား ကလေးတွေကိုပါ သူတို့အိမ်တွေက မသိအောင် ခေါ်သွားသေးတာ…

Back to top