Emma ဒီတစ်ခေါက်ကတော့ 2019 တုန်းက သွားထားတဲ့ Thai-Cambodia-Vietnam သုံးနိုင်ငံကို Bus နဲ့သွားတဲ့အကြောင်းလေး sharing လုပ်ပေးချင်ပါတယ် ..
Backpacking experiences လေးတွေကို အဓိကထားပြီး ပြောပြသွားမှာမို့လို့ .. အလည်အပတ်သွားခဲ့တဲ့ နေရာတွေရဲ့ အသေးစိတ်ကို ထည့်မဖော်ပြတော့ပါဘူးနော် .. ပို့စ်အရမ်းရှည်သွားမှာစိုးလို့ပါ .. သိချင်တာရှိရင်တော့ Emma ကို message ပို့ပြီးမေးလို့ရပါတယ်
အဲဒီလိုမျိုး တစ်နိုင်ငံပြီး တစ်နိုင်ငံ .. တစ်မြို့ပြီး တစ်မြို့ ဘာလို့ဆက်တိုက်သွားကြတာလဲ??
Emma လည်း အရင်တုန်းက မသိခဲ့ပါဘူး .. ကိုယ်တိုင်ကြုံဖူးတော့မှ backpacking culture အကြောင်း သေချာနားလည်ပြီးတော့ အရမ်းလည်းသဘောကျခဲ့တယ် ..
Backpacking ဆိုတာကတော့ အချိန်ကိုအများကြီးပေးပြီး .. စာရိတ်ခြွေတာစွာနဲ့ ခရီးတွေသွား နေရာစုံကိုလေ့လာတဲ့ ပုံစံတစ်ခုဖြစ်တယ် .. တစ်နိုင်ငံကို ရောက်နေရင် နောက်ထပ် နီးစပ်နဲ့ နိုင်ငံတွေကို ဆက်သွားခြင်းအားဖြင့် အိမ်ကနေ သွားရတာထက် ခရီးစာရိတ်ပိုသက်သာပါတယ် .. တချို့နေရာတွေကတော့ ကားနဲ့ တစ်ချို့ လေယာဉ်နဲ့ဆိုလည်း ခရီးလမ်းကြောင်းတိုတဲ့အတွက် စျေးသက်သာပါတယ်
Emma သွားတုန်းက ရန်ကုန်- ဘန်ကောက် -ရန်ကုန် round ticket ဖြတ်လိုက်ပါတယ် .. Thaï visa က 14 ရက်ပဲ ရတယ်ဆိုပေမဲ့ .. Emma က ရက် ၂၀ ခြားပြီး ဝယ်လိုက်တာ အဆင်ပြေပါတယ် .. အဓိကက အပြန် လက်မှတ် ပြနိုင်ရင်ရပြီ .. Thai Immigration မှာ မေးရင်လည်း Cambodia သွားပြီးမှ ပြန်လာမှာလို့ပြောရင် သူတို့သိပါတယ် .. Tourists တွေတော်တော်များများလည်း အဲဒီလိုလုပ်ကြလို့ အဆင်ပြေတယ် .. Emma တုန်းကတော့ ဘာမှ အမေးအမြန်းမရှိပါဘူး ..
အဲဒီတုန်းကတော့ ဘန်ကောက်ကို ပထမဆုံးအကြိမ်သွားတာဖြစ်လို့ လည်စရာနေရာတွေ တော်တော်များများလည်ခဲ့ပါတယ် ..
Safari
Under Water World
Pattaya
Temples and Pagoda အစုံ
Shopping Malls
Night Markets တွေကောပဲ
Emma .. Khaosan လမ်းကို ရောက်တဲ့ အခါမှာတော့ .. Tour company တွေမှာ ရောင်းတဲ့ .. Cambodia Siem-reap ကို သွားတဲ့ Bus ticket တွေတွေ့လို့ စပ်စုပြီး ဝယ်ဖြစ်သွားတာပါ ..
Border ဖြတ်တဲ့ Bus တွေက မျိုးစုံရှိပေမဲ့ .. Emma တုန်းကကျတော့ သေချာမသိလိုက်လို့ ပထမ ဝယ်လိုက်တဲ့ Bus က သိပ်အဆင်မပြေပါဘူး .. အကြံပေးရမယ်ဆိုရင်တော့ giant ibis ကို recommend ပေးပါတယ် .. service ကောင်းတယ် .. Bus ကလည်း သက်တောင့် သက်သာရှိပါတယ်
12 hrs လောက်စီးရပြီးတော့ Border ဖြတ်တဲ့အခါကျရင် .. ကားပေါ်ကဆင်းပြီး Thai checkpoint မှာ အထွက်တုံးထု .. Cambodia checkpoint မှာ အဝင် တံဆိပ်တုံးထုရပါတယ် ..
Cambodia Visa က ၁၄ ရက်ရပြီးတော့ visa free ဖြစ်လို့ .. Visa ကြေးပေးစရာမလိုပါဘူး .. ဒါပေမဲ့လည်း တစ်ခါတစ်လေ သူတို့လည်း လက်ဖက်ရည်ဖိုး တောင်းတတ်ပါတယ် .. တရားဝင်ကောက်တာ မဟုတ်ပေမဲ့ .. တောင်းရင်တော့ ပေးရမှာပါ မဟုတ်ရင် အဝင်ခံမှာမဟုတ်ဘူးလေ .. Emma သွားတုန်းကတော့ မပေးရပါဘူး .. ပေးရရင်လည်း ဘတ်၂၀ လောက်ပါပဲ ..
Cambodia ကို ရောက်ပြီဆိုရင် USD ပဲ အသုံးများပါတယ် .. သူတို့ ပိုက်ဆံက တန်ကြေးနည်းလို့ ဘယ်သူမှ သိပ်မသုံးကြဘူး ရှိတော့ ရှိတယ် .. ဒါပေမဲ့ ATM တွေကအစ ပိုက်ဆံထုတ်ရင် USD ပဲရတာပါ ..
နေ၊စား စာရိတ်က ထိုင်းနဲ့ယှဉ်ရင်တောင် ပိုသက်သာပါတယ် .. Emma သွားတုန်းက Hostel မှာတည်းတာ တစ်ရက် 10 USD အောက်ပါပဲ .. တကယ်လို့ ၂ ယောက်သွားရင်တော့ hotel room ယူမှ 20 လောက်ပဲရှိလို့ .. စျေးက အတူတူပါပဲ ..
Angkor Wat ကို သွားလည်မယ်ဆိုရင် လက်မှတ်တွေက .. ၁ ရက် ၂ရက် ၃ရက် ဝယ်လို့ရပါတယ် ..
၁ ရက်ကို 50 USD around ရှိပြီးတော့ .. Emma အတွက်ကတော့ ၁ ရက်နဲ့တင် လုံလောက်ပါတယ် .. ဘာလို့လည်း ဆိုတော့ ပုဂံလိုပဲ Temple တွေ အများကြီးရှိပေမဲ့ ပုံစံတွေက အတူတူမို့ပါ .. ထူးထူးခြားခြား နေရာလေးတွေ သွားလည်ရင် လုံလောက်ပါပြီ .. နေရာစုံအောင် သွားရင်လည်း ပျင်းဖို့ကောင်းပါတယ်
ကျန်တဲ့ ရက်တွေကတော့ Temple ကို မသွားတော့ဘဲ မြို့ထဲနဲ့ မြို့ပြင်က တခြား လည်စရာ ရေတံခွန်တို့ တောင်ပေါ်တို့ သွားလို့ရပါတယ်
Tuk Tuk တွေလည်း နေ့ပြတ်နဲ့ ငှါးလို့ရပြီးတော့ .. motorcycle တို့ ebike တို့လည်း ငှါးလို့ရပါတယ် ..
Nightlife ကြိုက်တဲ့ သူတွေကတော့ Pubstreet နားမှာ တည်းပြီး အမုန်းကဲလို့ရပါတယ် .. ထူးခြားတာက သူ့ဆီမှာ လမ်းဘေး လှည်းလေးတွေနဲ့ ရောင်းတဲ့ bar သေးသေးလေးတွေရှိတယ် .. alcohol .. cocktails အစုံပါပဲ .. ပြောရင်းတောင် ပြန်သွားချင်လာပြီ
နောက်တော့ .. Emma ကားနဲ့ပဲ Phnom Penh ကို သွားခဲ့တယ်ပေါ့နော် .. ဒီတစ်ခါတော့ giant ibis စီးပြီး အရမ်းအဆင်ပြေပါတယ်
ဖနွမ်းပင်မှာ .. downtown riverside နေရာမှာ နေခဲ့ပြီးတော့ killing field နဲ့ prison တွေကို သွားလေ့လာခဲ့ပါတယ် .. စိတ်မခိုင်တဲ့သူတွေကိုတော့ မသွားစေချင်ဘူး .. Emma တောင် audio guide နားထောင် prison က victim တွေရဲ့ဓါတ်ပုံကြည့်ပြီး ညအိပ်မရတော့လို့ပါ .. ဒါတောင် ကိုယ်က သတ္တိခဲထဲမှာပါတယ်
ပြီးတော့ သွားရင်ကောင်းမလား မကောင်းဘူးလား စဉ်းစားရင်း နီးနေတော့ မထူးဘူးဆိုပြီး Vietnam ရဲ့ Saigon လို့ ခေါ်တဲ့ Hochimin City ကို ရောက်သွားတယ် ..
Bus နဲ့ပါပဲ .. Border ဖြတ်ရတဲ့ process ကလည်း အတူတူပဲ .. Hochimin City ဆိုတာကတော့ Capital မဟုတ်ပေမဲ့ Vietnam မှာ အကြီးဆုံး လူဦးရေအထူထပ်ဆုံးမြို့လို့ ပြောရမှာပါ
စီးပွါးရေးအချက်အချာကျပြီး စက်မှုလုပ်ငန်းတွေလည်း ပေါများလို့ပါ
Vietnam ကလူတွေက ဆိုင်ကယ် ၊ဘောလုံးပွဲနဲ့ ကော်ဖီကို ကြိုက်ကြတယ်
တမြို့လုံးဆိုင်ကယ်တွေနဲ့ပြည့်နေပြီးတော့ .. လမ်းတိုင်း လမ်းတိုင်း ခြေလှမ်း ၁၀ လှမ်းလောက်အကွာမှာ ကော်ဖီဆိုင်ရှိတာပါ .. ဘောလုံးပွဲရှိတဲ့နေ့ဆိုရင်တော့ ယောက်ျား၊မိန်းမ၊အဘိုးကြီးနဲ့ ကလေးလေးပါမကျန် .. ကော်ဖီဆိုင်တွေမှာ လာပြီး ဘောလုံးပွဲအားပေးကြပါတယ် .. အိမ်မှာ ကြည့်လို့ရပေမဲ့ အပြင်မှာ လူစုပြီးကြည့်ကြတာ သူတို့ရဲ့ ယဉ်ကျေးမှုတစ်ခုပေါ့
အစားအသောက်ဆိုရင်လည်း ဆန်(ထမင်း)ထက် ခေါက်ဆွဲကို ပိုစားကြပါတယ် .. Pho ဆိုတာကတော့ သူတို့ရဲ့ national dish ပေါ့ .. အမဲသားနဲ့ ချက်ကြတာများပြီးတော့ Emma လည်းအရမ်းကြိုက်ပါတယ် ..
နောက်ဆုံး ပြောဖို့ကျန်တာ တစ်ခုက .. Emma ဘယ်နေရာရောက်ရောက် local beer ကို try ကြည့်တာပါ .. Thai မှာဆို Chan ၊ Cambodia မှာဆို Angkor ၊ Vietnam Hochimin city မှာဆိုရင်တော့ Saigon beer ပေါ့ ( Saigon ဆိုတာ အရင်တုန်းကနာမည်ပါ နောက်ပိုင်းကျမှ Hochimin City လိုပြောင်းလိုက်တာ)
Hanoi မှာလည်း Hanoi Beer ရှိပါတယ် .. အဲဒါကတော့ Emma နောက်တစ်ခေါက် 2023 မှာသွားတုန်းက try ခဲ့တာလေးပေါ့ ..
စမ်းကြည့်ချင်ရင် မဆိုးဘူးလို့အကြံပေးတာပါ
Hochimin မှာကတော့ အချိန်သိပ်မရတော့လို့ Cu Chi tunnel ကိုပဲ သွားလည်ခဲ့ပါတယ် .. ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်တွေနဲ့ တိုက်ကြတော့ Vietnam လူမျိုးတွေက မြေအောက်မှာ ဥမင်တူးပြီး နေခဲ့ကြတာပါ..
အရှည်က 121 km ရှိပြီးတော့ အဲဒီထဲက တချို့နေရာလေးတွေကိုပဲ ဝင်ရောက် လေ့လာခွင့်ပေးထားတာပါ .. အရမ်းကို ကျဉ်းကျပ်ပြီးတော့ အထဲမှာ တော်တော် အသက်ရှုကျပ်ပါတယ် .. ဒါပေမဲ့လည်း guide ရှင်းပြတာကို နားထောင်ရတာ စိတ်ဝင်စားစရာပါ
ကဲ .. တော်တော်လေးများနေပြီမို့ .. ဒီနေရာမှာပဲ ရပ်လိုက်ပါတော့မယ် .. hochimin ကနေ Bangkok ကိုတော့ လေယဉ်နဲ့ပဲ ပြန်တာပါ .. VietJet airline က သက်သာပါတယ် 50USD လောက်ပါပဲ
Season ပေါ်လည်း မူတည်တာမို့ စျေး အပြောင်းအလဲတော့ ရှိမှာပါ
အခုလောက်ဆိုရင်တော့ .. backpacking လုပ်ချင်လို့ပဲဖြစ်ဖြစ် Visa stemp လိုလို့ပဲဖြစ်ဖြစ် .. ၃ နိုင်ငံ သွားချင်တဲ့ သူတွေအတွက် အထောက်အကူရလိမ့်မယ်လို့ မျော်လင့်ပါတယ် တခြား သိချင်တာရှိရင်လည်း Emma ကို direct message ပို့ပြီး မေးလို့ရတယ်နော်
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ ..