နိုင်ငံကြီးတွေကို အလည် visa လျှောက်ဖို့ travel history လိုတယ်ဆိုရင် .. မြန်မာနဲ့ အနီးစပ်ဆုံး စျေးအသက်သာဆုံး နိုင်ငံတွေဖြစ်တဲ့ ..
Thailand – Cambodia – Vietnam
Thailand – Laos – Vietnam
Thailand – Cambodia – Laos – Vietnam
အဲဒီလို လမ်းကြောင်းလေးတွေအတိုင်း သွားရင် အဆင်ပြေပါတယ် ..
အဲဒီမှာ ကိုယ်က visa stamp လိုချင်ယုံသက်သက်လား .. တကယ် ရောက်ဖူးချင် လည်ပတ်ချင်လို့ သွားတာလားဆိုတဲ့အပေါ်မူတည်ပြီး ကြာတဲ့အချိန် .. ကုန်ကျစာရိတ် လည်စရာ နေရာတွေ ကွာသွားပါလိမ့်မယ် ..
ကြာချိန်က အနည်းဆုံး ၁၀ ရက်လောက် ကနေ စပြီးတော့ .. ကိုယ်နေချင်သလောက် နောက်ပြီးတော့ visa ရသလောက် ၂ လ ၃ လ ကြာအောင် နေလို့ရပါတယ်
နယ်စပ်ဖြတ်ကျော်တဲ့ Express ကားတွေဟာဆိုရင် ခရီးအကွာအဝေးပေါ်မူတညိပြီး အနည်းဆုံး ၁၂ နာရီကနေ ၂၄ လောက်ထိ ကြာတတ်ပါတယ် .. ဒါပေမဲ့ sleeping bus တွေဖြစ်လို့ သက်တောင့်သက်သာတော့ ရှိပါတယ် .. အိမ်သာလည်းပါတတ်ပါတယ် ..
Emma မနှစ်က ၂၀၂၃ ၊ ဂျူလိုင်မှာ သွားခဲ့တဲ့ trip လေးကို အတိုချုပ် ပြန်ပြောရရင် .. Bangkok ကိုရောက် ခဏလည် .. ပြီးတော့ လာအို Vientiane ကိုသွားဖို့ တိုက်ရိုက်ကားက လက်မှတ်မရတာကြောင့် .. နယ်စပ်မြို့ဖြစ်တဲ့ Nong Khai ကိုအရင်သွား .. အဲဒီကနေ Bus တစ်ဆင့်ပြန်စီးရပါတယ် ..
(ကားလက်မှတ်တွေကို 12go website ကနေ လည်း ဝယ်လို့ရပါတယ် .. စီးတာကတော့ Mochit Bus Terminal ကနေစီးရတာပါ)
Vientiane မှာ လည်စရာ သိပ်မရှိပါဘူး .. ဘုရားတွေ ဘုန်းကြီးကျောင်းတွေပဲရှိလို့ တစ်ညပဲ အိပ်ပြီး .. vang vieng ကို ဆက်ထွက်ခဲ့ပါတယ် .. အဲဒီနေရာ ရောက်မှ လည်စရာ .. တောင်တွေ Cave တွေ ရေတံခွန်တွေ ရေပြာအိုင်တွေနဲ့ ပျော်စရာ activities တွေ လုပ်လို့ရပါတယ် .. ( visa stamp ပဲလိုတဲ့သူကတော့ အဲဒီမြို့ မသွားလည်းရပါတယ် )
အဲဒီမှာ ၂ ရက် ၃ ရက်လောက် နေပြီးတော့ .. Hanoi ကိုသွားဖို့အတွက် Vientiane ကိုပြန်လာပြီး ကားစီးရပါတယ် .. vang vieng ကနေ တိုက်ရိုက်သွားလို့မရပါဘူး .. Hanoi သွားရင် မနက်စောစောမှာ နယ်စပ်က Namphao checkpoint မှာ ကားတွေ ရပ်ပြီး စောင့်ရပါတယ် .. Immigration ရုံးက မနက် ၇ နာရီမှ ဖွင့်လို့ပါ ..
Vietnam visa က ပုံမှန်ဆို 14 ရက်ပဲ ရတာဆိုပေမဲ့ officer ပေါ်မူတည်ပြီး တစ်လ လောက်ထိလည်း ပေးတတ်ပါတယ် .. သူတို့ကို ဘတ် ၂၀ လောက်ပေးလိုက်ရင်ရတယ် ..
တကယ်လို့ .. တခြား ဘယ်မှ ဆက်မသွားချင်ဘူးဆိုရင် Hanoi မှာ လည်စရာ Chinese temple တွေနဲ့ Church ကျောင်းတွေရှိမယ် .. Hochimin Mausoleum ကိုတော့ Emma တို့သွားတုန်းက ပိတ်ထားပါတယ် .. အခုတော့ပြန်ဖွင့်ပြီလားမသိဘူး .. အထဲကိုဝင်ရင် အင်္ကျီဘောင်:ဘီ အရှည် လုံခြုံမှ ရပါတယ် … မဟုတ်ရင် ပေးမဝင်ပါဘူး .. နောက်တစ်ခုက Halong bay tour ကို day trip သွားလို့ရပါတယ် .. ပြီးရင် Hanoi ကနေ BKK ကိုပြန်ပေါ့နော် ..
Emma တို့ကတော့ Danang ဆိုတဲ့ မြို့ကိုပါ ဆက်သွားတဲ့ အတွက် တစ်ခါ ကားစီးပြီး ၁၂ နာရီလောက် ထပ်ကြာသွားပါတယ် .. Danang မှာ နာမည်ကြီးတဲ့ Bana Hill နဲ့ တခြား လည်စရာ နေရာတွေ အများကြီးရှိပါတယ် .. ဒါပေမဲ့ အချိန်မရလိုက်လို့ .. မြို့ထဲပဲလည်ပြီး Golden dragon bridge နဲ့ ကမ်းခြေလေးပဲ ရောက်ခဲ့တယ် .. နောက်ရက်မှာတော့ Danang ကနေ BKK ကို flight နဲ့ ပြန်လာတယ်ပေါ့ .. တစ်ခါတည်းနဲ့ ၄ နိုင်ငံ စလုံး သွားချင်ရင်လည်း အဆင်ပြေပေမဲ့ .. ခရီးဝေးတာရယ် .. ပင်ပမ်းတာရယ်ကြောင့် .. အချိန်ပေးနိုင်တဲ့သူဆိုရင်တော့ အဆင်ပြေပါတယ် .. တခြား details တွေပါ ထည့်ရေးရင် ပိုါစ် အရမ်း ရှည်သွားမှာစိုးလို့ ဒီလောက်ပဲရပ်လိုက်ပါပြီ .. သိချင်တာ ရှိရင် Facebook Page ကနေ လာမေးလို့ရပါတယ်