Iconsiam: Where Shopping Meets Riverside Elegance

ဒီတစ်ခါမှာတော့ နှစ်သစ်ကူးပိတ်ရက်လေးမှာ ဘန်ကောက်ကို အလည်သွားမဲ့သူတွေအတွက် .. လည်ပတ်စရာ နေရာလေးတစ်ခုအကြောင်းပြောပြပေးပါမယ်

အခုလို December နှစ်သစ်ကူးကာလလေးမှာ ဘန်ကောက်ရဲ့ နေရာတော်တော်များများကတော့ Christmas Decorations တွေ New Year အတွက်အလှဆင်ထားတဲ့ မီးရောင်စုံလှလှလေးတွေနဲ့ လာရောက်လည်ပတ်သူများပြီး အရမ်းကိုစည်ကားပါတယ် .. အဲဒီထဲကမှ Emma ပြောပြပေးချင်တဲ့နေရာလေးကတော့ Iconsiam ပဲဖြစ်ပါတယ်

Iconsiam ဟာ ကျောက်ဖရားမြစ်ဘေးမှာတည်ရှိပြီး Shopping Area, Residential Area, Hotel Area တွေပါတဲ့ အရမ်းကိုလှပတဲ့နေရာလေးတစ်ခုပါ …

မုန့်ဆိုင်တွေ ၊ စားသောက်ဆိုင်တွေ နဲ့ Public နေရာကလည်းကျယ်ဝန်းပြီး သွားလာရအဆင်ပြေတာကြောင့် မိသားစု သူငယ်ချင်းတွေ သွားရောက် အပမ်းဖြေသင့်တဲ့ နေရာလေးတစ်ခုပါ

အခုအချိန်ကတော့ Event Season ဖြစ်လို့ အထူးအစီအစဉ်အနေနဲ့ Water Fountain Show ကို နေ့စဉ် ညနေ 6:30 PM, 8 PM နဲ့ 9 PM တွေမှာပြသပေးနေပါတယ်

Iconsiam ကို BTS Gold Line နဲ့ ဘယ်လိုသွားရမလဲဆိုတာပါ လမ်းညွှန်ပေးမယ်နော်

BTS SkyTrain Gold Line ကိုရောက်ဖို့ BTS Silom လိုင်းကိုစီးပီး Krung Thon Buri မှာဆင်းရမှာပါ …

Krung Thon Buri, Exit 3 ကနေထွက်ပီးရင် Skywalk အတိုင်းလျောက်လိုက်တာနဲ့ Gold Line ကိုရောက်ပါပီ

Iconsiam ကို Gold Line စီးဖို့က 1 Stop ပဲစီးရမှာဖြစ်လို့ Charoen Nakhon မှာဆင်းရင် ရောက်ပါပီနော်

အားလုံးပဲ ဒီရက်ပိုင်း ဘန်ကောက်ကို အလည်ရောက်ဖြစ်ရင်တော့ Iconsiam ကိုသွားပြီး Fountain Show လေးကြည့်ဖို့ အကြံပေးလိုက်ပါတယ် ..

Leave a Reply

Your email address will not be published. Required fields are marked *

Back to top