Chiang Mai – Pai – Ban Rak Thai – Mae Hong Son – Doi Inthanon – Chiang Mai (Bike Tour)

Chiang Mai – Pai – Ban Rak Thai – Mae Hong Son – Doi Inthanon – Chiang Mai (Bike Tour) လေးသွားခဲ့တာ ပြန်ပြောပြမယ်နော် .. (၃ ညအိပ် ၄ ရက်)

*** ပထမဆုံးသတိထားရမှာက ခရီးရှည်ဖြစ်တာကြောင့် ဆိုင်ကယ်ကို သက်တောင့်သက်သာဖြစ်ပြီး အင်ဂျင်ပါဝါ မြင့်တာ ခရီးဝေးအတွက် သင့်တော်မဲ့အနေအထားရှိတာကို ရွေးပါနော် .. လမ်းခရီးမှာ ပျက်တာတို့ ဘာတို့ဆိုရင်မလွယ်ဘူး ***

*** နောက်တစ်ခုကတော့ တောင်ပေါ်လမ်းတွေဖြစ်လို့ တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင်စီးတတ်မှပဲ သွားစေချင်တယ် အထူးသဖြင့် မိုးတွင်းဖြစ်လို့ လမ်းတွေအရမ်းသတိထားရပါတယ် ***

***** နောက်ဆုံး အရမ်းအရေးကြီးတာကတော့ Phin ကောင်းမှ Phin မာမှသွားကြပါလို့ 😂 တစ်ရက်ကို ၅-၆ နာရီလောက် ဆက်တိုက်စီးရတာ အီစိမ့်နေတာပဲ 🥲 *****

Day 1 (Chiang Mai – Pai )

“Pai” ဆိုတဲ့ မြို့လေးက tourist တွေကြားမှာ တော်တော် နာမည်ကြီးတဲ့မြို့လေးပါ .. တောင်ပေါ်မြို့ သေးသေးလေးဖြစ်ပြီး အေးအေးချမ်းချမ်းရှိလှတာကြောင့် .. တော်တော်များများက ရက်ကြာကြာနေပြီး အနားယူအပမ်းဖြေကြပါတယ် .. Pai က Chiang Mai နဲ့ အရမ်းမဝေးပေမဲ့ .. လမ်းမှာမိုးရွာလိုက် မိုးခိုလိုက် .. ကောက်ဖီသောက်နားလိုက် .. ထမင်းစားနားလိုက် .. ရှုခင်းလှတဲ့နေရာလေးတွေဆိုရင် ဓါတ်ပုံဆင်းရိုက်လိုက်နဲ့မို့ ခရီးက ၄-၅ နာရီလောက်ကြာသွားပါတယ် .. စစချင်းရက်ဆိုတော့ အရမ်းပင်ပမ်းတယ်လို့လည်းမထင်ဘူး ..

Pai ရောက်တော့ walking street နားမှာပဲ အခန်းယူ ခဏနားပြီး .. ညဖက်ရောက်တော့ walking street မှာ လျှောက်ပတ်ကြည့် ပြီးညစာစားခဲ့တယ် .. မနက်ပိုင်းဆိုရင်တော့ မြို့ထဲမှာ လူရှင်းသလောက် .. ညဖက်ရောက်ရင်တော့ စားသောက်ဆိုင်တွေ live music ရှိတဲ့ bar တွေနဲ့ တော်တော်လေး စည်ကားပြီး chill လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့ .. အမ်မာတို့ကတော့ ခရီးဆက်သွားရဦးမှာဖြစ်လို့ တစ်ညပဲ နားပြီးနောက်ရက်ကို Mae hong son ကိုထွက်ခဲ့တယ် .. တခြားနေရာတွေ ဆက်မသွားဘူးဆိုရင်တော့ ၃၊၄ ရက်လောက် နေရင်အတော်ပါပဲ

Day 2 (Pai – Ban Rak Thai – Mae hong son)

ဒုတိယရက်မှာတော့ နေရာ ၂ခုသွားတာဖြစ်လို့ ခရီးကတော်တော်လေး ကြာပါတယ် .. Ban Rak Thai ဆိုတာကတော့ social media မှာ တော်တော်လေး popular ဖြစ်တဲ့ မြန်မာနယ်စပ်က တရုတ်ရွာလေးပါ .. တရုတ်ပြည်မှာ အရေးအခင်းတွေဖြစ်တော့ ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေ နေထိုင်ပြီးအခြေချခဲ့လို့ .. တရုတ်ရိုးရာ အိမ်လေးတွေ ဘုရားကျောင်းတွေ တရုတ်စားသောက်ဆိုင်တွေနဲ့ တရုတ်ရိုးရာ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေရှိပါတယ် ..

ဒါပေမဲ့ အခုအချိန်ကတော့ မိုးရာသီဖြစ်လို့ ဧည့်သည်အလာသိပ်မတွေ့ရပါဘူး .. season ချိန်ဆိုရင်တော့ tourist တွေတော်တော် လည်ပတ်ကြတဲ့နေရာလေးပါ .. အမ်မာတို့ကတော့ ရွာထဲခဏ ပတ်ကြည့် ဓါတ်ပုံရိုက် .. နေ့လည်စာစားပြီး အဲဒီနားလေးကပဲ Pang Ung ဆိုတဲ့ ရေကန်လေးကို သွားကြပါတယ် .. စိမ်းစိမ်းစိုစို သစ်တောလေးထဲက တော်တော်လေးလှပတဲ့ ရေကန်လေးပါ .. မိုးမရွာရင်တော့ camping လုပ်လို့လည်းကောင်းပါတယ် .. ငါးလည်းမျှားလို့ရပြီးတော့ ငါးရရင်လည်း တစ်ခါတည်း ကင်၊ချက်စားလို့ရသေးတယ် 😀 ..

ban Rak Thai က Mae hong son သွားတဲ့ လမ်းကနေ လမ်းခွဲပြီးသွားရတာမို့ တစ်ခါ နောက်ကြောင်းပြန် သွားရပါသေးတယ် အဲဒါမို့ ခရီးအချိန်က ပိုကြာသွားတာပါ .. အဲဒီနောက်မှာတော့ Mae hong son ကို ခရီးဆက်ပါတယ် .. တစ်နေလုံးနီးပါး ဆိုင်ကယ်ပေါ်မှာပဲထိုင်နေရတာဖြစ်လို့ .. စီးနေကျမဟုတ်တဲ့သူတွေအတွက်ကတော့ တော်တော်လေး ပင်ပမ်းပြီး ခါးတွေလည်းနာပါတယ် 😅 .. ဒါတောင် တည်းမဲ့နေရာ မရောက်ခင် မိုးမိလိုက်သေးတယ် .. Bike tour ရဲ့အဓိက ရည်ရွယ်ချက်က လမ်းမှာရှိတဲ့ ရှုခင်းတွေကိုပဲ ကြည့်ဖို့ဖြစ်လို့ တခြားနေရာတွေများများစားစားတော့မသွားဖြစ်ပါဘူး .. ဟိုတယ်ရောက်တော့ ပင်ပမ်းပြီး အနားယူ ညစာစား တစ်နေ့တာခရီးပြီးဆုံးသွားပြန်ပါတယ် ..

Day 3 (Mae hong son – Doi Inthanan)

Mae hong son ကနေ Chiang Mai ကိုတိုက်ရိုက်ပြန်ရင် ခရီးကအရမ်းဝေးတာကြောင့် Doi Inthanan မှာ တစ်ညထပ်နေဖို့ ဆုံးဖြတ်လိုက်တာပါ .. အဲဒီဆုံးဖြတ်ချက်အရမ်းမှန်သွားတာ ရောက်မှပဲသိတော့တယ် .. အရမ်းကိုလှတဲ့နေရာလေးပါ .. လမ်းတစ်လျှောက်က တောင်တန်းတွေရယ် .. စိုက်ခင်းတွေနဲ့ ရွာသေးသေးလေးတွေ .. လှေခါးထစ်ပုံစံ စပါးခင်းတွေနဲ့ .. အနီးတစ်ဝိုက်မှာ ရေတံခွန်တွေလည်း အများကြီးရှိပါတယ် ..

ချင်းမိုင်ကနေ သွားမဲ့သူဆိုရင်တော့ ၁ နာရီကျော်ကျော်ပဲ ဝေးတာမို့ ညမအိပ်လည်း နေ့ချင်းပြန်သွားလို့ရပါတယ် .. Doi Inthanan က ထိုင်းနိုင်ငံမှာရှိတဲ့ အမြင့်ဆုံးတောင်ပေါ်ဒေသဆိုလည်းမမှားပါဘူး .. တောင်ထိပ်ထိသွားရင်တော့ စေတီလေးနဲ့ ပန်းခြံလှလှလေးတွေ ရှိပေမဲ့ .. အမ်မာတို့ကတော့ မိုးချုပ်သွားလို့ မရောက်ခဲ့ပါဘူး .. မိုးလည်းရွာနေတာကြောင့် တောင်ပေါ်သွားဖို့ အန္တရယ်လည်းများလို့ပါ .. တောင်ခြေနားက home stay တစ်ခုမှာပဲ အနားယူတည်းခိုခဲ့ပါတယ် .. တောင်ခြေဆိုပေမဲ့လည်း ပတ်ပတ်လည် မြင်ရတဲ့ ရှုခင်းတွေက လှပြီး အေးအေးချမ်းချမ်းရှိလှလို့ .. ညအိပ်သွားချင်သူတွေလည်း အဆင်ပြေပါတယ် ..

Day 4 (Doi Inthanan – Chiang Mai)

လေးရက်မြောက်နေ့မှာတော့ ချင်းမိုင်ကိုအပြန် လမ်းပေါ်မှာတင်ရှိတဲ့ ရေတံခွန် Wachirathan Waterfall ကိုခဏ ဝင်ခဲ့တယ် .. မိုးတွင်းဖြစ်လို့ ရေစီးကလည်းအရမ်းသန် တော်တော်လေးလည်းလှပါတယ် .. သူက တောလမ်းတွေဘာတွေ မလျှောက်ရဘဲ ဆိုင်ကယ်၊ကားနဲ့တိုက်ရိုက်ရောက်လို့ လာလည်ကြတဲ့သူတွေလည်းများတယ် .. ကော်ဖီဆိုင် မုန့်ဆိုင်တွေနဲ့မို့ တော်တော်လေးစည်ကားပြီး မိသားစု ပျော်ပွဲစားထွက်လို့ကောင်းတဲ့နေရာလေးပေါ့ .. အဲဒီမှာပဲ မနက်စာစား ကော်ဖီသောက်ပြီး ချင်းမိုင်ကို ပြန်ခဲ့တာ နေ့လည်လောက်ပြန်ရောက်တယ် ..

၄ ရက်ဆက်တိုက် သွားရပြီးတော့ .. တစ်ရက်ကို အနည်းဆုံး ၄ နာရီကနေ အများဆုံး ၆ နာရီလောက်ထိစီးရလို့ တော်တော်လေးတော့ပင်ပမ်းပါတယ် .. ကျန်းမာရေးကောင်းမှလည်း သွားဖို့အကြံပေးချင်တယ် .. နောက်တစ်ခုက တချို့ဆို လမ်းမှာ ဆိုင်ကယ်ပျက် စက်ရပ်သွားလို့ တိုင်ပတ်နေတာတွေတွေ့ရလို့ .. မသွားခင်သေချာစစ်ဆေးသွားပါ ..

ပြီးတော့ safety အတွက်လည်း ဆိုင်ကယ်ဦးထုတ်တို့ jackets တို့ဝတ်သွားပါ .. အရေးမကြီးဘူးထင်ရပေမဲ့ .. accidents တစ်ခုခုဖြစ်ရင် အများကြီး cover ဖြစ်ပါတယ် .. နောက်ဆုံး ပြောပြချင်တာကတော့ ရဲတွေနဲ့တွေ့ရင် လိုင်စင်စစ်တတ်ပါတယ် .. ထိုင်းလိုင်စင်မဟုတ်ရင် တခြားနိုင်ငံက international driving licence ဖြစ်ရပါမယ် .. အမ်မာတို့လည်း လိုင်စင်မရှိပေမဲ့ ကံကောင်းလို့ အစစ်မခံရပါဘူး 😅 ..

အဲလိုဆိုတော့ adventure လုပ်ချင်တဲ့ biker တွေ .. သွားကြည့်ကြနော် ..

Leave a Reply

Back to top