ထိုင်းနိုင်ငံရဲ့ ထင်ရှားပြီး ထူးခြားတဲ့အချက် (၁၀)ချက်

၁။ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ဥရောပတွေရဲ့ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်

၂။ ၉၅% သော လူဦးရေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီးတော့ နိုင်ငံအနှံ့မရေမတွက်နိုင်တဲ့ ဘုရား စေတီတွေ အများကြီးရှိတယ်

၃။ မြို့တော် ဘန်ကောက်ရဲ့ နာမည်အရှည်ဟာ စာလုံးပေါင်း ၁၆၉ လုံးရှိပြီးတော့ ကမ္ဘာပေါ်မှာ .. နာမည်အရှည်ဆုံးမြို့ဖြစ်တယ်

၄။ လူတိုင်းသိကြတဲ့ “Red bull” အားဖြည့်အချိုရည်ရဲ့ မူလအစ တည်ထောင်ခဲ့တဲ့ နေရာဖြစ်တယ်

၅။ နှစ်စဉ် နှစ်တိုင်းကျင်းပကြတဲ့ မျောက်တွေအတွက် အစားအစာကျွေးမွေးတဲ့ ပွဲတော်ရှိတယ်

၆။ ထိုင်းနိုင်ငံမှာ ဆင်တွေရဲ့ အရေးပါမှုက ထိုင်းရိုးရာယဉ်ကျေးမှုအတွက်သာမက စီးပွါးရေးအတွက်လည်း တော်တော်လေးအရေးပါတယ်

ထိုင်းနိုင်ငံရဲ့ ထင်ရှားပြီး ထူးခြားတဲ့အချက် (၁၀)ချက်

၇။ နိုင်ငံအနှံ့ ပါဝင်ဆင်နွှဲကြတဲ့ ရိုးရာ ရေကစားပွဲတော်ဟာလည်း လူသိများပြီး ကျော်ကြားတယ်

၈။ လူတွေရဲ့ ဦးခေါင်းပိုင်းဟာ အရေးပါပြီး အလေးအနက်ထားတဲ့ နေရာတစ်ခုဖြစ်တာကြောင့် .. သွားထိမယ်ဆိုရင် ရိုင်းပြရာရောက်တယ်

၉။ မွေထိုင်း ရိုးရာ လက်ဝှေ့ပညာကလည်း ထိိန်းသိမ်းထားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်တယ်

၁၀။ သစ်ခွပန်း အများဆုံးထုတ်လုပ် ရောင်းချတဲ့ နိုင်ငံတွေထဲက တစ်ခုလည်းဖြစ်ပါတယ်

ဒီထဲမှာ မပါသေးတဲ့ အချက်အလက်လေးတွေလည်း ကိုယ်သိထားတာရှိရင် .. comment ရေးပြီး ပြောပြသွားဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top